Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်းနဲ့ အဖွင့်လှခဲ့တဲ့ လူမည်းအသားပေး စူပါးဟီးရိုးရုပ်ရှင် “Black Panther”

$
0
0

“Black Panther” ရုပ်ရှင်ဟာ စတင်ပြသခဲ့တဲ့ ရက်သတ္တပတ် အကုန်ပိုင်းမှာပဲ ရုံဝင်ငွေ စံချိန်တင်ခဲ့ပါတယ်။ Marvel ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ လူမည်းအသားပေး စူပါဟီးရိုး ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်း ရရှိခဲ့ပြီး ခန့်မှန်းထားတာထက်ကို ကျော်လွန်ခဲ့တာ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်၊ “သမ္မတနေ့ အားလပ်ရက်”အထိ ၄ ရက် ကြာမြင့်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရုံဝင်ငွေ ဒေါ်လာ ၂၁၈ သန်းနဲ့ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၆၁ သန်းရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

comScore ရဲ့ အဆိုအရ မင်းသား Chadwick Boseman ဦးဆောင်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ဟာ အဖွင့် သီတင်းပတ် ကုန်ပိုင်းမှာ ရုံဝင်ငွေ အများဆုံးရတဲ့ ရုပ်ရှင် ၅ ကားစာရင်းထဲ ပါဝင်ခဲ့တဲ့အပြင် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Avengers” ရုပ်ရှင်နောက်ပိုင်း မြောက်အမေရိကမှာ ရုံတင်ပြသတဲ့ သီတင်းပတ်ကုန်ပိုင်း အတွင်း Marvel ရဲ့ ဒုတိယမြောက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

“Black Panther” ရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်မှာတင် ရုံဝင်ငွေ ဒေါ်လာ ၁၃၂ ဒဿမ ၄ သန်းရရှိခဲ့တဲ့ “Deadpool” ရုပ်ရှင်ကို ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“Black Panther” ရုပ်ရှင်ကားထဲမှ မင်းသား Chadwick Boseman (ဓာတ်ပုံ – imdb)

ဒါရိုက်တာ Ryan Coogler ရိုက်ကူးခဲ့ပြီး ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ Rotten Tomatoes ဝက်ဘ်ဆိုက်မှာ Rating ၉၇ ရာခိုင်နှုန်းနဲ့ CinemaScore ရဲ့ ပရိသတ်တွေထံကနေ A-plus အဆင့် သတ်မှတ်တာကို ခံထားရပါတယ်။ comic စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာဆိုရင် အခြား လူမည်းသရုပ်ဆောင်တွေ အဖြစ် Michael B. Jordan နဲ့ Lupita Nyong’o တို့လည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိကပြည်တွင်း ရုံဝင်ငွေစာရင်းမှာ “Peter Rabbit” ရုပ်ရှင်က ဒုတိယနေရာမှာ ရပ်တည်နေပြီး ရုံဝင်ငွေ ဒေါ်လာ ၁၇ ဒဿမ ၃ သန်းရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုံဝင်ငွေ သရဖူဆောင်းခဲ့တဲ့ “Fifty Shades Freed” ရုပ်ရှင်ကတော့ ဒုုတိယမြောက် သီတင်းပတ်ကုန်ပိုင်းမှာပဲ တတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်း ရုံဝင်ငွေ ဒေါ်လာ ၁၆ ဒဿမ ၉ သန်း ထပ်ဆောင်း ရရှိခဲ့ပြီး မြောက်အမေရိက ပြည်တွင်းမှာပဲ ဒေါ်လာ ၇၆ ဒဿမ ၁ သန်း ရရှိခဲ့ပါတယ်။

စတုတ္ထနေရာမှာ “Jumanji: Welcome to the Jungle” ရုပ်ရှင်နဲ့ ပဉ္စမနေရာမှာ “The 15:17 to Paris” ရုပ်ရှင်တို့ အသီးသီး ရပ်တည်နေပါတယ်။ မင်းသား Dwayne Johnson ဦးဆောင်ပါဝင်ထားတဲ့ စတုတ္ထ ရုံဝင်ငွေအများဆုံး ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၇ ဒဿမ ၉ သန်းရရှိပြီး ရုံတင်ပြီး သီတင်း ၉ ပတ်အတွင်း ရုံဝင်ငွေ ဒေါ်လာ ၃၇၇ ဒဿမ ၆ သန်းရရှိခဲ့ပါတယ်။

ဒါရိုက်တာကြီး Clint Eastwood ရဲ့ အတ္ထုပ္ပတ္တိနောက်ခံ ရုပ်ရှင်ကတော့ ဒေါ်လာ ၇ ဒသမ ၇ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Ref ; aceshowbiz

The post ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်းနဲ့ အဖွင့်လှခဲ့တဲ့ လူမည်းအသားပေး စူပါးဟီးရိုးရုပ်ရှင် “Black Panther” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)