Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရုတ်အဆိုတော် Luhan နဲ့ မင်းသမီး Guan Xiaotong တို့ရဲ့ အချစ်ရေးနဲ့ ကောလာဟလများ

$
0
0

တရုတ်အဆိုတော် Luhan နဲ့ မင်းသမီး Guan Xiaotong တို့ဟာ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို အတည်ပြုပြီးခဲ့နောက် သူတို့ နှစ်ဦးရဲ့ ပထမဆုံး တွဲရိုက်ထားတဲ့ Selfie ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ “ချစ်သူများနေ့” ကို အတူဆင်နွှဲခဲ့ကြပြီး မင်းသမီး Xiaotong ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ဦး အတူတူ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံ ၂ ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Selfie ဓာတ်ပုံတွေထဲမှာ EXO အဖွဲ့ဝင်ဟောင်း Luhan ဟာ ချစ်သူရဲ့ ပုခုံးကို ဖက်ထားပြီး ကင်မရာကို ကြည်ရှုနေတဲ့ပုံရိပ်များ ပါဝင်ပါတယ်။

တရုတ်အဆိုတော် Luhan နဲ့ မင်းသမီး Guan Xiaotong

မင်းသမီး Xiaotong ဟာလည်း Luhan ပေးထားတယ်လို့ ယူဆရတဲ့ နှင်းဆီးပန်းစည်းကို ကိုင်ထားတာကို တွေ့ရပါတယ်။ Luhan ဟာ “Sweet Combat” ဆိုတဲ့ တရုတ် Drama ဇာတ်လမ်းမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြတဲ့ Xiaotong နဲ့ အချစ်ရေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလထဲမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ Weibo အကောင့်မှာ “အားလုံးပဲ မင်္ဂလာပါ၊ ကျနော့်ရဲ့ ချစ်သူမိန်းကလေးကို မိတ်ဆက်ပေးပါရစေလို့ ရေးသားခဲ့ပြီး ချစ်သူမိန်းကလေးဆိုသူရဲ့ အကောင့်ကို Tag တွဲပေးခဲ့တာဖြစ်ပါတယ်။ ပြီးတော့ တရုတ်မင်းသမီး Guan ရဲ့ ဓါတ်ပုံကို တင်ခဲ့ပြီး ၎င်းကလည်း Luhan ရဲ့ ပို့စ်မှာ အသည်းပုံ မှတ်ချက်ပေးခဲ့ပါတယ်။

အဲဒီလ နှောင်းပိုင်းမှာတော့ Luhan ဟာ လက်စွပ်ဝယ်ယူနေပြီး မကြာခင်မှာ ချစ်သူမိန်းကလေးကို ချစ်ခွင့်ပန်တော့မှာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီး Guan ရဲ့ မိခင်ဖြစ်သူက လက်ထပ်ပွဲကို ဆန့်ကျင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကောလာဟလ” နောက်တခုကတော့ “သားမက်တယောက်အနေနဲ့ လိုအပ်ချက် ၃ ခုမှာ Luhan ဟာ ၂ ခု ပြည့်မှီခဲ့ခြင်း မရှိခဲ့ဘူး” လို့လည်း ဆိုကြပါတယ်။ မင်းသမီး Guan ရဲ့ မိခင်က လက်ထပ်ပွဲကို ဆန့်ကျင်ရတဲ့ အခြားအကြောင်းပြချက် တခုကတော့ “သူ့သမီးက အရမ်းငယ်နေသေး” လို့ ဆိုပါတယ်။ သမီးဖြစ်သူရဲ့ အသက်အနည်းဆုံး ၂၈ နှစ်အရွယ်ရောက်မှ လက်ထပ်စေချင်တယ်လို့ ဆိုခဲ့တာပါ။ မင်းသမီးဟာ လက်ရှိမှာ အသက် ၂ဝ နှစ်အရွယ်သာ ရှိပါသေးတယ်။

မင်းသမီး Guan ဟာ လက်ထပ်ပွဲအပြင် ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပြန်ပါတယ်။ Luhan နဲ့ Xiaotong တို့ဟာ အဲဒီကောလာဟလတွေကို တုန့်ပြန်ပြောဆိုခဲ့တာ မရှိခဲ့ဘဲ မင်းသမီးရဲ့ အေဂျင်စီကတော့ အဆိုပါ သတင်းတွေကို ပယ်ချခဲ့ပုံရပါတယ်။

“Guan Xiaotong ကောလာဟလချေရေး ဝက်ဘ်ဆိုက်” လို့ခေါ်တဲ့ Weibo အကောင့်တခုကတော့ ကိုယ်ဝန်ရှိနေတာ မဟုတ်ကြောင်း၊ ပညာရှိဆိုရင် ဒီလိုကောလာဟလတွေကို မယုံကြောင်း၊ ကောလာဟလတွေအတွက် အချိန်ပေးရန် မလိုကြောင်း” ရေးသားထားတဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

Ref ; aceshowbiz

The post တရုတ်အဆိုတော် Luhan နဲ့ မင်းသမီး Guan Xiaotong တို့ရဲ့ အချစ်ရေးနဲ့ ကောလာဟလများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)