Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖျော်ဖြေရေးဗီဒီယိုများ အကန့်အသတ်မရှိ ကြည့်ရှုနိုင်မယ့် Vuclip ဝန်ဆောင်မှု MPT မိတ်ဆက်

$
0
0

မြန်မာနိုင်ငံတဝန်းရှိ MPT ဆင်းမ်ကတ် သုံးစွဲသူများအတွက် ရယ်မောပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗီဒီယိုများကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်ရန် Vuclip (မိုဘိုင်းဗီဒီယို ဝန်ဆောင်မှု) နဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စာနယ်ဇင်းများကို မိတ်ဆက် ကြေညာလိုက်ပါတယ်။

အဆိုပါ Vuclip ဝန်ဆောင်မှုကို MPT ဆင်းမ်ကတ် အသုံးပြုသူများအနေနဲ့ အသုံးပြုလိုပါက နေ့စဉ် ဝန်ဆောင်ခ မြန်မာငွေ ၉၉ ကျပ်သာ ကျသင့်မှာဖြစ်ပြီး အဆိုပါဝန်ဆောင်မှုမှာ Content Provider ၂၅၀ ကျော်က ပံ့ပိုး ပေးထားတဲ့ နာရီပေါင်း ၃ သိန်းကျော်စာ ဗီဒီယိုများကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Vuclip ဝန်ဆောင်မှုမှာ ပါဝင်တဲ့ ဗီဒီယို ဇာတ်ကားများကတော့  မြန်မာစာတန်းထိုး ကိုရီးယား ဒရာမာ ရုပ်သံ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊  အကောင်းဆုံး ဟောလိဝုဒ် ရုပ်ရှင်ပြကွက်များ ၊ဘောလုံးအားကစား အကြောင်းအရာများ၊ မြန်မာနဲ့ နိုင်ငံတကာမှ Music Video များစတဲ့ အခြား ဖျော်ဖြေရေး အစီအစဉ်များစွာကို Vuclip မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

MPT သုံးစွဲသူများအနေနဲ့ Vuclip ဝန်ဆောင်မှုကို ပထမဆုံး ၇ ရက် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ အင်တာနက် အချိန်တိုင်း ဖွင့်ထားရန် မလိုအပ်ဘဲ နောက်ပိုင်းမှာ Offline အနေနဲ့ ကြည့်ရှုနိုင်ဖို့ ဗီဒီယိုများကို Download ယူထားနိုင်မယ်လို့ သိရပါတယ်။

MPT မှမိတ်ဆက်လိုက်တဲ့ Vuclip ဝန်ဆောင်မှု

“ကျနော်တို့ အနေနဲ့ ဒီ Vuclip Video Store ဝန်ဆောင်မှုကို မိတ်ဆက်ပေးရတဲ့ အဓိက ရည်ရွယ်ချက်က နေရာတိုင်းမှာ ရှိတဲ့ MPT ဆင်းမ်ကတ် အသုံးပြုသူတွေကိုု အရည်အသွေးကောင်းတဲ့ ဖျော်ဖြေရေးအစီအစဉ် အတွေ့အကြုံတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer, Mr.Reizo Umeda က ပြောပါတယ်။

ဆက်လက်ပြီး သူက “ကျနော်တို့က အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အမြဲတမ်း နားစွင့်ထားတာကြောင့် သက်သာတဲ့ နေ့စဉ်နှုန်းထားတွေနဲ့ အရည်အသွေးမြင့်ဖျော်ဖြေရေး ဗီဒီယိုအသစ်တွေကို ကြည့်ရှုနိုင်မယ့် ဗီဒီယိုစတိုး တခုကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်” လို့ Mr.Reizo Umeda က ဆိုပါတယ်။

“မူပိုင်ခွင့် နည်းပညာတွေနဲ့ တီထွင်ထားတဲ့ ကျနော်တို့ရဲ့နည်းပညာက အသုံးပြုသူတွေအတွက် အထစ်အငေါ့ မရှိတဲ့ ကြည့်ရှုခံစားမှုမျိုး ရနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု အလျင်အမြန် ဖြစ်ပေါ်နေတာနဲ့အညီ ကျနော်တို့ အနေနဲလည်း အခုလိုအချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှား နေမိပါတယ်” လို့ Vuclip ရဲ့ Chief Revenue Officer, Mr.Salman Hussain က ပြောပါတယ်။

Vuclip ဝန်ဆောင်မှုကို ရယူလိုသူများအနေနဲ့ www.vzonempt.com မှာ ဝင်ရောက် ရယူနိုင်တယ်လို့ သိရပါတယ်။ Vuclip ဝန်ဆောင်မှုဟာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လမှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အီဂျစ်၊ အာရေဗျ၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ အာဖရိကနိုင်ငံများမှာ ဈေးကွက်ဖြန့်ချိ အသုံးပြုလျက် ရှိတယ်လို့ သိရပါတယ်။

The post ဖျော်ဖြေရေးဗီဒီယိုများ အကန့်အသတ်မရှိ ကြည့်ရှုနိုင်မယ့် Vuclip ဝန်ဆောင်မှု MPT မိတ်ဆက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)