Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ကိုရီးယားမင်းသား Song Il Gook ရဲ့ အမြွှာသား ၃ ဦး

$
0
0

မြန်မာပရိသတ်တွေက ဂျူမုံလို့ လူသိများကြတဲ့ ကိုရီးယားမင်းသား Song Il Gook ရဲ့ နာမည်ကျော် အမြွှာသား ၃ ဦးဟာ အခုဆိုရင် တော်တော်လေး အရွယ်ရောက်လာတာကို မြင်တွေ့ရပါတယ်။ “တရုတ် နှစ်သစ်ကူး”ကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းသား Song ဟာ “Daehan, Minguk နဲ့ Manse” တို့ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို Instagram မှာ ဝေမျှခဲ့ပါတယ်။

မင်းသားရဲ့ လက်ရှိကုမ္ပဏီ C-Jes Entertainment ရဲ့ တရားဝင်အကောင့်ကနေ တင်ခဲ့တဲ့ပုံတွေထဲမှာ ဆိုရင်

“The Return of Superman” အစီအစဉ်မှာ ပါဝင်ရင်း နာမည်ကျော်ခဲ့တဲ့ အမြွှာသား ၃ ဦးကို ချစ်စဖွယ် ပန်းရောင် ကိုရီးယားရိုးရာ ဝတ်စုံ ဝတ်ဆင်ထားတာကို မြင်တွေ့ရမှာပါ။ သူတို့ ၃ ဦးဟာ လာမယ့် မတ်လအတွင်း အသက် ၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

Song Il Gook ရဲ့ ချစ်စရာကောင်းတဲ့ အမြွာသား ၃ ဦး

သူတို့ရဲ့ ဓာတ်ပုံနဲ့အတူ “သူတို့ရဲ့ မျက်နှာကို မြင်ရရုံနဲ့ ပြုံးမိလာတယ်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ Daehan, Minguk နဲ့ Manse တို့ဟာ နှုတ်ခွန်းဆက်ဖို့ ဝတ်စုံပြည့် ဝတ်ဆင်ထားပါတယ်။ အမြွှာကလေးတွေလိုပဲ အပျော်တွေ အပြည့်နဲ့ ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်ကို ပိုင်ဆိုင်ရပါစေလို့ မျှော်လင့်ပါတယ်” လို့ စာရေးသားပြီး တင်ထားတာ တွေ့ရပါတယ်။

မင်းသား Song ဟာ သူရဲ့ကိုယ်ပိုင်အကောင့်မှာ ဦးချဝတ်ပြုပြီး နှစ်သစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း ဆုတောင်းပေးနေတဲ့ အမြွှာကလေး ၃ ဦးရဲ့ ဗီဒီယိုဖိုင် တခုကိုလည်း တင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ဆိုရင်တော့ ဦးချဝတ်ပြု ပြီးတဲ့နောက် အဲဒီအမြွှာသား ၃ ဦးဟာ ကင်မရာရှေ့ကိုလာပြီး ချစ်စဖွယ် ကင်မရာကို နမ်းနေခဲ့ကြတာ မြင်တွေ့ရမှာပါ။

နှစ်သစ်ကူး ဆုတောင်းပေးနေတဲ့ အမြွှာကလေး ၃ ဦးရဲ့ ဗီဒီယိုဖိုင် –

새해 복 많이 받으세요~^^ Happy New Year!

A post shared by 1958 (@songilkook) on

ဖခင်ဖြစ်သူ မင်းသား Song နဲ့အတူ “Daehan, Minguk နဲ့ Manse” တို့ဟာ KBS 2TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ “The Return of Superman” အစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဖခင်ကို ခင်တွယ်လွန်းတဲ့ အမြွှာသား ၃ ဦးကို ပရိသတ်တွေက ချစ်ခဲ့ကြပြီး သူတို့ရဲ့ အဆော့မက်ပြီး သွက်လက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်နဲ့ နာမည်ကျော်ကြားမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Ref : aceshowbiz

The post နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ ကိုရီးယားမင်းသား Song Il Gook ရဲ့ အမြွှာသား ၃ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles