Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကမ်းလှမ်းလာတဲ့ အပေါ်မှာ ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး”ဆိုတဲ့ ညီထွဋ်ခေါင်

$
0
0

သရုပ်ဆောင် ညီထွဋ်ခေါင်က အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့ သရုပ်ဆောင် တယောက် အနေနဲ့ သူ့ကို ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်ပေါ်မှာ အလုပ်လုပ်ကိုင်နေရပြီး ရွေးချယ်ပိုင်ခွင့် မရှိသေးပါဘူး လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ကာရိုက်တာကို ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်ဖို့အတွက် ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး။ မရှိသေးတဲ့အခါမှာ ကိုယ်ကလည်း ဒီလမ်းကြောင်းပေါ်မှာ ရပ်တည်နေရတဲ့သူ ဖြစ်တဲ့အတွက် ကမ်းလှမ်းလာတဲ့ အပေါ်မှာ အလုပ်လုပ်ရတယ်။ အဲ့ဒီလိုမျိုးလေးတော့ရှိပါတယ်။ ရင်ထဲမှာ လုပ်ချင်တာတော့ အများကြီး ရှိတာပေါ့။ ဒါပေမယ့် လုပ်ဖို့ အခွင့်အရေးတော့ မရသေးဘူးပေါ့” လို့ ညီထွဋ်ခေါင်က ပြောပါတယ်။

လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုပဲ လာငှားကြတဲ့အတွက် ရိုက်နေကျ ကာရိုက်တာမျိုးတွေကို သရုပ်ဆောင်ခွင့်ရနေပြီး ညီထွဋ်ခေါင်ကတော့ အက်ရှင်ဇာတ်ကားတွေကို ရိုက်ချင်တယ်လို့ ပြောပါတယ်။

“ကျနော်က အက်ရှင်ဇာတ်ကြမ်းတွေ ရိုက်ချင်တာ၊ ဒါပေမယ့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင် စရိုက်တွေကိုပဲ လာဌားကြတဲ့အတွက် အဲ့ဒီလိုဇာတ်ကောင်တွေကိုပဲ ရိုက်ဖြစ်နေတာပါ။ ကျနော်က အက်ရှင်နဲ့ ပတ်သက်တဲ့ အားကစား တော်တော်များများကို တောက်လျှောက်ကို ကစားနေတာ။ အဲဒီလို ကစားနေလို့လည်း အက်ရှင် ကားတွေကို ပိုရိုက်ချင်စိတ်တွေ ဖြစ်နေတာပါ”လို့ ညီထွဋ်ခေါင်က ဆိုပါတယ်။

ရိုက်ကူးချင်တဲ့ ဇာတ်ကောင်ကို လာမကမ်းလှမ်းတဲ့အပေါ်မှာ ထူးထူးခြားခြား ခံစားရတာမျိုးတော့ မရှိဘဲ အခွင့်အရေး ကြုံလာရင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတော့ ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

သရုပ်ဆောင် ညီထွဋ်ခေါင်က မကြာခင် ရုံတင်ပြသတော့မယ့် “နယူးဗားရှင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ထားပြီး “ဇီးရိုး နဲ့ ဟီးရိုး” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

The post “ကမ်းလှမ်းလာတဲ့ အပေါ်မှာ ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး”ဆိုတဲ့ ညီထွဋ်ခေါင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link