Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Live လွှင့်တုန်း ဖုန်းဆက်တိုက် ခေါ်ဆိုသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun

$
0
0

အရှေ့တောင်အာရှမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ သဲသဲလှုပ်အားပေးကြတဲ့ တောင်ကိုရီးယားနိုင်ငံ အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့မှ အဖွဲ့ဝင် Baekhyun တယောက် Live လွှင့်နေတုန်းမှာ အနှောင့်အယှက်ပေးတဲ့ ပရိသတ်တဦး (ကိုရီးအခေါ်အဝေါ်) “Sasaeng” (Idol နောက် တကောက်ကောက်လိုက်ကာ တမ်းတမ်းစွဲ အားပေးသူ) ကြောင့် ဒေါသထွက်ပြီး Live လွှင့်နေရင်း အဲဒီ ပရိသတ်ကို ခွန်းတုန့်ပြန်ခဲ့ပါတယ်။

အဆိုတော် Baekhyun ဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညပိုင်းက သူ့ရဲ့ Instagram အကောင့်မှာ အဖွဲ့ဝင်များ ဖြစ်ကြတဲ့ Chen, Xiumin တို့နဲ့အတူ Live လွှင့်နေချိန်မှာ အခုလို ဒေါသထွက်စရာ ကိစ္စနဲ့ ကြုံတွေ့ခဲ့ရတာပါ။ Live လွှင့်နေတုန်း “Sasaeng” တယောက်ရဲ့ ဖုန်းခေါ်မှုတွေ အဆက်မပျက် ဝင်လာတာကြောင့် Live လွှင့်တာရပ်သွားလို့ Baekhyun က “ဖုန်းမခေါ်ပါနဲ့….. ဖုန်းမခေါ်ပါနဲ့” လို့ ခဏခဏ ပြောခဲ့ရပါတယ်။

သူဒီလောက် မေတ္တာရပ်ခံ ထားနေချိန်မှာတောင် အရေးမထားဘဲ အဆိုပါ ပရိသတ်ထံမှ ဖုန်းတွေ ဆက်တိုက် ဝင်လာလို့ “ဖုန်း Call တွေ အဆက်မပြတ် ဝင်နေတယ်။ ဖုန်းထပ်မခေါ်ပါနဲ့တော့” လို့ ထပ်ပြီး မေတ္တာ ရပ်ခံခဲ့ရပါတယ်။ အဲဒီလို ပြောလိုက်လို့ ခဏ ရပ်သွားပေမယ့် ခဏအကြာ နောက်ထပ် ဖုန်းထပ်ခေါ်လာပြန်လို့ “ခုနလည်း ဖုန်းမခေါ်ပါနဲ့လို့ ကျနော် ပြောခဲ့တယ်နော်။ အဲဒါလည်း ဆက်တိုက်ခေါ်နေတော့ Live က လွှင့်လို့မရတော့ဘူး။ ရပ်လိုက်တော့မယ်။ အားလုံးပဲ ကောင်းသောညလေး ဖြစ်ပါစေ”လို့ ဆိုပြီး ရပ်ပစ်ခဲ့ရပါတယ်။

EXO အဖွဲ့ဝင် အဆိုတော် Baekhyun / Soompi

နောက်တရက် ညသန်းခေါင် ၁၂ နာရီ မိနစ် ၄၀ အချိန်မှာ Baekhyun ကသူ့ Instagram အကောင့်ကနေ တခြား ပရိသတ်တွေ အနှောင့်အယှက်ဖြစ်အောင် မလုပ်ဖို့နဲ့ Live လွှင့်တုန်း သူပြောခဲ့တဲ့ ဖုန်းမှာ နံပါတ် ၂ လုံး လွဲနေတဲ့ အကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။

Baekhyun က သူပထမတင်ထားတဲ့ ပို့စ်ကို ပြန်ထပ်ဖြည့်ပြီး “၀၁၀-၅၁၈၃-xxxx ဖုန်းနံပါတ်ကို မဆက်ကြည့်ကြပါနဲ့။ ဒီနံပါတ်က ခုန Live လွှင့်တုန်းက ခေါ်ခဲ့တဲ့ နံပါတ ်မဟုတ်ပါဘူး။ နံပါတ်အမှားကြီးပါ။ ခုနခေါ်တဲ့ Sasaeng ရဲ့ ဖုန်းနံပါတ် မဟုတ်လို့ ခေါ်မကြည့်ကြပါနဲ့။ ကျနော်ပြောမိခဲ့တဲ့ နံပါတ်က ဒီပြဿနာနဲ့ဘာမှ မသက်ဆိုင်ပါဘူး။ သေချာလည်း စုံစမ်းကြည့်ပြီးပါပြီ။ Sasaeng ဖုန်းနံပါတ် မဟုတ်လို့ ခေါ်မကြည့်ဖို့ မေတ္တာရပ်ခံပါတယ်”

“ကျနော့်အမှားကြောင့် မသက်ဆိုင်တဲ့ သူတယောက် စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ပါတယ်။ နောက်ပြီး ကျနော့် ဖုန်းကိုလည်း ကျေးဇူးပြုပြီး မခေါ်ကြပါနဲ့” လို့ စာရေးပြီး Instagram မှာ ပြန်တင်ထားပါတယ်။

Baekhyun မှားပြောခဲ့မိတဲ့ ဖုန်းနံပါတ် ပိုင်ရှင်ကလည်း “Live လွှင့်တုန်း Baekhyun မှားပြောလိုက်ကတည်းက ဒီနံပါတ်ကို ဆက်တိုက ်ဖုန်းခေါ်နေကြတာ စိတ်အနှောင့်အယှက်ဖြစ်တယ်” လို့ ပို့စ်တင်ထားပါသေးတယ်။

ဒီလို Sasaeng (K-pop အနုပညာရှင် Idol များကို အရူးအမူး စွဲစွဲလန်းလန်း အားပေးသူ) ပရိသတ်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ EXO အဖွဲ့ဝင်တွေထဲမှာ Baekhyun က ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ တခြား အဖွဲ့ဝင်တွေဖြစ်တဲ့ Chanyeol, Sehun နဲ့ Lay တို့လည်း အလားတူ ဖြစ်ရပ်မျိုးတွေ ကြုံခဲ့ဖူးပါတယ်။

Ref : Soompi

The post Live လွှင့်တုန်း ဖုန်းဆက်တိုက် ခေါ်ဆိုသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)