Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အအေးမိနေပေမယ့် နိုင်ငံတော်သီချင်းကို ကြက်သီးထဖွယ် သီဆိုခဲ့တဲ့ အဆိုတော် Pink

$
0
0

Grammy ၃ ဆုရှင် အဆိုတော် Pink ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Super Bowl (အမေရိကန်ဘောလုံး ချန်ပီယံရှစ်ဗိုလ်လုပွဲ) မှာ သူက အအေးမိ တုပ်ကွေးရောဂါ ခံစားနေရပေမယ့် အမေရိကန် နိုင်ငံတော် သီချင်း (“America the Beautiful”) ကို ကြက်သီးထဖွယ် သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်မှ တပ်သားတွေ ခြံရံပြီး အဖြူရောင်နဲ့ မီးခိုးရောင် စစ်ဝတ်စုံကို ဆင်မြန်းထားတဲ့ အဆိုတော် Pink ဟာ သီချင်း မဆိုခင် ခံတွင်းမှာငုံထားတဲ့ ပူရှိန်းပြားကို ထုတ်ပစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

U.S. Bank Stadium ကွင်းထဲမှ လူထောင်ပေါင်းများစွာဟာလည်း Pink ရဲ့ နိုင်ငံတော်သီချင်းကို စိတ်လှုပ်ရှားဖွယ် ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုဖို့အတွက် မတ်တပ်ရပ်ခဲ့ကြပါတယ်။ Pink ဟာ အတိမ်းအစောင်းမရှိဘဲ သူ့ရဲ့ Notes တွေ အားလုံးကို ရောက်အောင် သီဆိုနိုင်ခဲ့ပါတယ်။

နိုင်ငံတော်သီချင်း သီဆိုနေတဲ့ အဆိုတော် Pink (ဓာတ်ပုံ – AFP)

နိုင်ငံတော်သီချင်းကို သီဆိုနေစဉ်မှာ အမျိုးသား နားမကြားအသင်းကိုယ်စား လက်ဟန်ပြဘာသာစကား နဲ့ အမျိုးသားနိုင်ငံတော်သီချင်းကို Alexandria Wailes က တင်ဆက် ပြသပေးခဲ့ပါတယ်။ Pink ရဲ့ ခင်ပွန်း Carey Hart က ဇနီးသည်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုပြီး ဇနီးအတွက် ဂုဏ်ယူကြောင်း လူမှုကွန်ရက်မီဒီယာပေါ်မှာ စိတ်လှုပ်ရှားမှုကို ချက်ချင်းဆိုသလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်မှာ သူစီးခဲ့တဲ့ ရိုလာကိုစတာကြောင့် နေမကောင်းဖြစ်ခဲ့ပြီး သာမန်လူတွေလိုပဲ သူ့အသံ ပျက်ခဲ့ ရပါတယ်။ အခုလို တိုက်ရိုက် Live သီဆိုခဲ့တာကို မြင်ရတော့လည်း သူဟာ သီချင်းဆိုတဲ့နေရာမှာ ခက်ခက်ခဲခဲ ကြိုးစား သီဆိုတာကို တွေ့ရပါတယ်။ သူ့အတွက် ဂုဏ်မယူဘဲ မနေနိုင်တော့ပါဘူး” လို့ အဆိုတော် Pink ရဲ့ ခင်ပွန်းဖြစ်သူ Carey က ပြောပါတယ်။

နိုင်ငံတော်သီချင်း သီဆိုနေတဲ့ အဆိုတော် Pink (ဓာတ်ပုံ – AFP)

အခုလို ဖျော်ဖြေမှုမတိုင်ခင် တရက်အလိုမှာ Pink က အအေးမိနေခဲ့ပေမယ့် နိုင်ငံတော်သီချင်း သီဆိုဖျော်ဖြေဖို့ဆိုတဲ့ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးမခံချင်ကြောင်း သူ့ Instagram Account မှာ ရေးသားခဲ့ပါတယ်။

အဆိုတော် Pink က “နိုင်ငံတော် သီချင်းအတွက် လေ့ကျင့်ဖို့ ကြိုးစားလိုက်တော့လည်း တုပ်ကွေးက ပျောက်သွား တော့တာပဲ။ ကျမရဲ့ Idol ဖြစ်တဲ့ Whitney Houston က ဒီသီချင်းကို ၁၉၉၁ ခုနှစ်မှာ သီဆိုခဲ့တာကို မြင်လိုက်ရ ကတည်းက ဒီသီချင်းကို ဆိုဖို့ စောင့်ဆိုင်းနေခဲ့ရတာပါ။ အခုတော့ နောက်ဆုံးမှာ ကျမအတွက်အခွင့်အရေး ရောက်ရှိ လာခဲ့ပါပြီ” လို့ ရေးသားပြီး သီချင်းဆို လေ့ကျင့်နေတဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

Ref; aceshowbiz.com

The post အအေးမိနေပေမယ့် နိုင်ငံတော်သီချင်းကို ကြက်သီးထဖွယ် သီဆိုခဲ့တဲ့ အဆိုတော် Pink appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ