Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကလေးကို ဝေဖန်တာနဲ့ လူကြီးကို ဝေဖန်တာမတူဘူး” လို့ဆိုတဲ့ ယွန်းယွန်း

$
0
0

ကလေးဘဝထဲက သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ပရိသတ်များက ချစ်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းက သူအရွယ်ရောက်လာချိန်မှာ ကြားရမယ့် ဝေဖန်စကားသံများက ကလေး သရုပ်ဆောင် ဘဝတုန်းကလို ကလေးကို ဝေဖန်တာနဲ့ လူကြီးကိုဝေဖန်တာ မတူတဲ့အတွက် အလုပ်လုပ်ရင် တယောက်တည်း ဆုံးဖြတ်ချက်နဲ့ မလုပ်ဘူးလို့ ပြောပါတယ်။

“အခုညီမ အသက် ၁၈ နှစ် ပြည့်ပြီးသွားပြီပေါ့နော်။ တဖြည်းဖြည်းနဲ့ လူကြီးဖြစ်လာပြီ။ အဲဒီအခါ ကျတော့ ကလေးတုန်းက ထက်စာရင် နည်းနည်း ဂရုစိုက်ရမယ်။ ကာရိုက်တာ ရွေးချယ်တာ သရုပ်ဆောင်တာကအစ ဝေဖန်ရင်လည်း ကလေးကို ဝေဖန်တာနဲ့ လူကြီးကို ဝေဖန်တာ မတူဘူးဆိုတာ သိပါတယ်။ အဲဒီအတွက် ပြင်ဆင်ထားပါတယ်။ တယောက်တည်း ဆုံးဖြတ်ချက်နဲ့တော့ မလုပ်ပါဘူး။ မိဘတွေ၊ ဆရာသမားတွေနဲ့ တိုင်ပင်ပါတယ်” ယွန်းယွန်းက ပြောပါတယ်။

မကြာခင်ကမှ အသက် ၁၈ နှစ် ပြည့်ပြီးသွားခဲ့တဲ့ ယွန်းယွန်းကတော့ အသက် ၁၈ နှစ် ပြည့်ပြီးနောက်မှာ ပထမဆုံး ရိုက်ကူးသွားမယ့် “ရွှေမင်းသမီး နှင့် လူလိမ်” ဇာတ်လမ်းတွဲမှာ “ရူပါကို” ဆိုတဲ့ ဂီတကို ရူးသွပ်တဲ့ သူဌေးသမီး ဆယ်ကျော်သက် ကောင်မလေး တယောက်နေရာမှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုပါ “ရွှေမင်းသမီး နှင့် လူလိမ်” ဇာတ်လမ်းတွဲက ယွန်းယွန်းရဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး သူမက ဇာတ်လမ်းတွဲရိုက်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ ပရိသတ်နဲ့လည်း ထိတွေ့မှု ပိုမိုရရှိတဲ့ အတွက် ရှေ့လျှောက်လည်း ဇာတ်လမ်းတွဲတွေ ဆက်ရိုက်သွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်း (ဓာတ်ပုံ – ယွန်းယွန်း Facebook)

“ညီမက ဇာတ်လမ်းတွဲ ရိုက်ရတာကို ကြိုက်တယ်။ ကာရိုက်တာတခုကို အချိန်သေချာ ပေးပြီးတော့ တည်ဆောက်ခွင့်ရတယ်။ နောက်ပြီးတော့ ပရိသတ်တွေနဲ့လည်း ဇာတ်လမ်းတွဲက ထိတွေ့မှု ပိုရစေတယ်။ ရင်းနှီးမှုရတယ်လို့ ခံစားရတယ်။ ရှေ့ဆက်ပြီးတော့လည်း ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိပါတယ်” ယွန်းယွန်းက ပြောပါတယ်။

ဇာတ်လမ်းတွဲအနေနဲ့ ယွန်းယွန်း ပထမဆုံး သရုပ်ဆောင်ထားတဲ့ “မနေ့က ဖြစ်သည်” ဇာတ်လမ်းတွဲမှာ ယွန်းယွန်းက စိတ္တဇဆန်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားပြီး ယခုအခါမှာတော့ ပေါ့ပေါ့ပါးပါး Fancy ပုံစံမျိုး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အကယ်ဒမီ ယွန်းယွန်းက၂၀၁၂ ခုနှစ်မှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ရုပ်ရှင်ကလေးသရုပ်ဆောင်ဆု (အထူးဆု) နဲ့ အကယ်ဒမီရရှိခဲ့ပြီး ယခု အသက် ၁၈ နှစ် ပြည့်ပြီးချိန်မှာ ရုပ်ရှင် ဇာတ်ကားများကို ယခင်ထက် ပိုမိုရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းလင့်ခ် – ကလိထိုး ရယ်ရမယ့် ဟာသကားမျိုး မဟုတ်ဘူးဆိုတဲ့ “ရွှေမင်းသမီး နှင့် လူလိမ်”

The post “ကလေးကို ဝေဖန်တာနဲ့ လူကြီးကို ဝေဖန်တာမတူဘူး” လို့ဆိုတဲ့ ယွန်းယွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)