Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိပ်မပျော်ဘူးလား … စာရေးကြည့့်ပါ

$
0
0

အရင်က ကျနော်တို့ သိထားပြီးသား အချက်တခုက စာရေးခြင်းဆိုတာ အရမ်းအလုပ်များတဲ့နေ့တွေ၊ အချိန်တွေ၊ အာရုံနောက်တဲ့ကာလတွေမှာ စိတ်ကိုတည်ငြိမ်မှု ဖြစ်စေမယ့်နည်းလမ်းတခုဆိုတာပါပဲ။

ဒါပေမယ့် လေ့လာချက်အသစ်တွေအရ စာရေးခြင်းက စိတ်တည်ငြိမ်မှုအပြင် နောက်ထပ် ကောင်းကျိုးတခု ရှိနိုင်ပါသေးတယ်။ အဲဒါကတော့ အိပ်မပျော်တတ်သူတွေ၊ အိပ်ဖို့ ခက်နေသူတွေအတွက် အကောင်းဆုံးနဲ့အမြန်ဆုံး အိပ်ချင်စိတ်ဖြစ်လာစေခြင်းပဲ ဖြစ်ပါတယ်။

အခု လေ့လာတွေ့ရှိချက်ကို Journal of Experimental Psychology: General မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ Baylor University က လေ့လာရေးအဖွဲ့ကို Michael Sucllin က ဦးဆောင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်စရာရှိတဲ့အလုပ်တွေကို မှတ်သားမှုစွမ်းရည်အကြောင်းကို လေ့လာခဲ့ကြပါတယ်။ ဒီ စမ်းသပ်ချက်မှာ စေတနာ့ ဝန်ထမ်းလုပ်အားပေး ၅၇ ယောက် ပါဝင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကူညီသူတွေကို ကျပန်းအနေနဲ့ ၂ ဖွဲ့ ခွဲတယ်၊ ညဘက် ၁ဝ နာရီခွဲ အိပ်ယာမဝင်ခင်မှာ စာရေးခြင်းကို အချိန် ၅ မိနစ်ပေးပြီး လုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။ တဖွဲ့ကိုတော့ မအိပ်ခင် နောက်ရက် လုပ်ဆောင် စရာ ရှိတာတွေကို ချရေးစေခဲ့ပြီး နောက်တဖွဲ့ကိုတော့ လုပ်ဆောင်စရာရှိတဲ့အထဲက ပြီးစီးပြီးသားအကြောင်း တွေကို ချရေးထားစေတယ်လို့ ဆိုပါတယ်။

ဒီလို အုပ်စုနှစ်ခု၊ ရေးနည်း ပုံစံနှစ်ခုမှာ နောက်ရက် လုပ်ဆောင်စရာရှိတဲ့ အလုပ်တွေကို ချရေးတဲ့အဖွဲ့က ပိုပြီး မြန်မြန် အိပ်ချင်စိတ်ဖြစ်တည်၊ အိပ်ပျော်မှုရှိတယ်လို့ ဆိုပြီး အိပ်ပျော်ဖို့အတွက် အချိန် ၁၅ မိနစ်လောက်ပဲ ပေးရတယ်လို့ ဖြေကြတာတွေ့ရပါတယ်။ လုပ်ဆောင်ပြီးသား အလုပ်တွေကို ချရေးတဲ့အဖွဲ့ကတော့ စာရေးခြင်း အတူတူ ပျမ်းမျှအချိန် ၂၅ မိနစ်လောက်မှ အိပ်လို့ ပျော်တယ်လို့ ဆိုပါတယ်။

ဒါဟာ မလုပ်ဆောင်ရသေးတဲ့ အလုပ်တွေအတွက် လူတွေမှာ စိတ်ဖိစီးမှုနဲ့ ပူပန်မှုနည်းနည်းပဲရှိတတ်ပြီး လုပ်ဆောင်ပြီး အလုပ်တွေအတွက်တော့ မကျေနပ်ချက်တွေ၊ လိုအပ်မှု ထင်မြင်ခြင်းတွေနဲ့အတူ စိတ်ပူပန်မှု ပိုသလို အိပ်ပျော်ဖို့လည်း ခက်ခဲတာ တွေ့လာရတယ်လို့ မိုက်ကယ်က ပြောပါတယ်။ ပြီးတော့ နောက်ရက် လုပ်ဆောင်စရာ ရှိတာတွေကို ချရေးပြီးဖြစ်လို့ စိတ်ထဲမှာ အာရုံထား မှတ်သားမှုနည်းသွားပြီး အိပ်ပျော်ဖို့ မြန်စေတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

လူအများစုက နောက်ရက် လုပ်ဆောင်စရာ ရှိတာတွေကို ဘယ်တော့၊ ဘာလုပ်ရမယ် ဆိုတာမျိုး အိပ်ချိန် အထိအောင် ပြန်ပြန် တွေးနေတတ်ပါတယ်၊ ချရေးထားလိုက်ရင်တော့ စိတ်လည်း ပေါ့ပါးသွားသလို စာရေးနေချိန် စိတ်ရောလူပါ တည်ငြိမ်ပြီး အိပ်ဖို့ လွယ်သွားစေတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါဆိုရင်တော့ အရင်ကလို စိတ်တည်ငြိမ်ဖို့ စာရေးခြင်းဆိုတာထက် အိပ်ယာဝင်ခါနီး နောက်ရက် လုပ်ဆောင်စရာ ရှိတာတွေကို ချရေး၊ စိတ်လည်း ပေါ့ပါး၊ လူလည်း တည်ငြိမ်၊ အိပ်ဖို့လည်း လွယ်စေတော့မှာ ဖြစ်ပြီး အရင်က အိပ်စက်ချိန်ကို ဦးစားပေး မစဉ်းစားဖြစ်တဲ့ ကျန်းမာရေး အသိုင်းအဝိုင်းမှာ အခု နောက်ပိုင်း ပြောင်းလဲသိရှိလာတဲ့ လေ့လာချက်တွေအရ အရွယ်ရောက် သူတိုင်း ပျမ်းမျှ ၇ နာရီတော့ အိပ်ရေးဝအောင် အိပ်စက်ပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ အိပ်ရေး မဝမှုမှာ အဝလွန်ခြင်းကနေ စိတ်ဖိစီးမှုများခြင်း၊ အာရုံ စူးစိုက်နိုင်မှု အားနည်းခြင်းတွေကနေ အစားထိုး ကဖင်းဓါတ်ပါရှိတဲ့ ကော်ဖီတွေ၊ ဆိုဒါပါရှိတဲ့ အားဖြည့် အချိုရည်တွေ သောက်သုံးခြင်းက အိပ်စက်ချိန် ပေးရမှုထက် ပိုပြီး ဦးနှောက်ကိုရော လူကိုပါ ပင်ပန်း အားနည်းစေတာတွေ တွေ့နေရတာပဲ ဖြစ်ပါတယ်။

တရက်ကို အိပ်ချိန် ၇ နာရီတော့ ပျမ်းမျှ အိပ်ပေးပါ။

အိပ်မပျော်ရင် အိပ်ယာမဝင်ခင် အချိန် ၅ မိနစ် ၁၀ မိနစ်ခန့်ပေးပြီး စာရေးပါ။

အကောင်းဆုံးကတော့ နောက်ရက် လုပ်ဆောင်စရာရှိတဲ့ အကြောင်းအရာတွေကို ချရေးနေပါ။

သင့်အနေနဲ့ အချိန် ၁၅ မိနစ်လောက်နဲ့ အိပ်ပျော်စေနိုင်ပြီး မနက် အိပ်ယာထ လန်းဆန်းစေသလို လူလည်း ကျန်းမာစေပါလိမ့်မယ်။

www.businessinsider.com တွင် ဖော်ပြထားတဲ့ This simple writhing exercise could help you fall asleep faster ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post အိပ်မပျော်ဘူးလား … စာရေးကြည့့်ပါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)