Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျက်နှာချိုလို့ ပရိသတ်တွေ သတိထားမိတာပါလို့ဆိုတဲ့ ချမ်းမင်းရဲထွဋ်

$
0
0

“ည” ရုပ်ရှင်ဇာတ်ကားတွင် အဓိကဇာတ်ကောင်တယောက်အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က သူ့ကိုပရိသတ်တွေ သတိထားမိတာ မျက်နှာချိုလို့ဖြစ်မယ်လို့ ဧရာဝတီကို ပြောဆိုပါတယ်။

“ပရိသတ်တွေ ကျနော့်ကို သတိထားမိတာကတော့ ကျနော်က မျက်နှာချိုလို့ဖြစ်မယ်။ ပရိသတ်တွေနဲ့ အရမ်း ရင်းရင်းနှီးနှီးနေတတ်တယ်။ အရင်ထဲက ကျနော့်ရဲ့စိတ်ကြောင့်ပဲနေမှာပါ” လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားတွင် ဖွေးဖွေး၊ အလင်းရောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားနဲ့ပတ်သက်လို့ သရုပ်ဆောင်ခဲ့ရခြင်းအပေါ် ၁၀၀ ရာခိုင်နှုန်း စိတ်တိုင်းကျပါတယ်လို့ ပြောပါတယ်။

“စိတ်တိုင်းကျလားဆိုရင် ကျနော့်ဘက်ကတော့ ၁၀၀ ရာခိုင်နှုန်းစိတ်တိုင်းကျပါတယ်။ ဒါရိုက်တာ ဝိုင်းကတော့ သူ စိတ်တိုင်းကျသလောက်ကို မရမချင်း ရိုက်တာဆိုတော့လေ ဇာတ်ကားထွက်လာရင်လည်း ကြိုးစားထားတာတွေ တွေ့မှာပါ။ ဒါရိုက်တာ ဝိုင်းက ကျနော်ဘာလိုနေလဲဆိုတာကို တန်းပြောနိုင်တယ်။ သူကိုယ်တိုင်ကလည်း သရုပ်ဆောင် တယောက်ကနေလာတဲ့အတွက်ကြောင့် ကျနော်တခုခုလိုနေရင် တန်းပြောနိုင်တယ်။ သူပြောတာကိုလည်း ကျနော်နားလည်တယ်။ အဲဒါကြောင့် အလုပ်လုပ်ရတာအဆင်ပြေတယ်” လို့ ချမ်းမင်းရဲထွဋ္ဋ် ကပြောပါတယ်။

တက်သစ်စ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ချမ်းမင်းရဲထွဋ်က အနုပညာလောကထဲမှာ ကြုံတွေ့ရတဲ့အခက်အခဲများနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တဲ့အခါ “အခက်အခဲအနေနဲ့က အရမ်းကြုံရတယ်။ အနုပညာအသိုင်းအဝိုင်းက မဟုတ်တဲ့အခါကျတော့ အဆက်အသွယ်မရှိဘူး။ ထောက်ပံ့ပေးမယ့်သူမရှိဘူး။ ဖြစ်ချင်လို့သာ နယ်ကတက်လာတဲ့အခါကျတော့ အနုပညာလုပ်တာ ၃ နှစ်ရှိပြီ။ ၃ နှစ်အတွင်းမှာ ရုပ်ရှင် ၂ ကားရိုက်ရတယ်။ အဓိကကတော့ ကျနော် ရုပ်ရှင်ရိုက်ရဖို့အတွက်ကို ဦးစားပေးပြီး ကြိုးစားနေပါတယ်” လို့ပြောပါတယ်။

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ဟာ ၂၀၁၃ ခုနှစ်မှစတင်ပြီး အနုပညာအလုပ်များလုပ်ကိုင်ရန်အတွက် ရန်ကုန်သို့ ရောက်ရှိလာကာ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်။ အဲဒီကမှ Facebook တွင် “ည” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် သရုပ်ဆောင်ခေါ်ယူတဲ့ကြော်ငြာကိုတွေ့ခဲ့ပြီး သွားရောက်လျှောက်ထားခဲ့ရာမှ အရွေးခံခဲ့ရကာ အဲဒီနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာခဲ့ခြင်းလည်းဖြစ်ပါတယ်။

The post မျက်နှာချိုလို့ ပရိသတ်တွေ သတိထားမိတာပါလို့ဆိုတဲ့ ချမ်းမင်းရဲထွဋ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ