Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာကျော် The Voice သီချင်းဆိုပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်

$
0
0

နိုင်ငံတကာတွင် ကမ္ဘာကျော်အဆိုတော်များစွာ မွေးထုတ်ပေးလျက်ရှိပြီး ပရိသတ်အားပေးမှု နံပါတ်တစ်နေရာရရှိထားတဲ့ The Voice သီချင်းဆိုပြိုင်ပွဲကြီးကို လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စတင်ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို MRTV- 4 ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်တွင် အကဲဖြတ်လမ်းညွှန်ပေးမယ့် ဒိုင်တွေကတော့ တေးသံရှင် လင်းလင်း၊ ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချန်း ၊ နီနီခင်ဇော်တို့က ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The Voice ဟာ လာရောက်ယှဉ်ပြိုင်သူတွေရဲ့ ပြိုင်ပွဲသက်သက်တင်မဟုတ်ဘဲ အကဲဖြတ်ပေးမယ့် ဒိုင်တွေအချင်းချင်းကြားမှာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတာကြောင့် “Two Competitions in One” အဖြစ်ယှဉ်ပြိုင်မှု နှစ်မျိုးနှစ်စားကို ပြိုင်ပွဲတခုထဲမှာ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ဒိုင်တွေအနေနဲ့ကလည်း တော်ရုံတန်ရုံ အရည်အသွေးလောက်နဲ့ သူတို့ရဲ့အသင်းသားအဖြစ် ရွေးချယ်မှာမဟုတ်လို့ ထူးခြားတဲ့အသံပိုင်ရှင်တွေကိုသာ တွေ့မြင်ရမယ့် တကယ့် အရည်အသွေးရှိတဲ့ပြိုင်ပွဲစစ်စစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင် Season 1 အဖြစ်ပြုလုပ်မယ့် The Voice Myanmar 2018 မှာတော့ ပြိုင်ပွဲ level တွေကို Online Audition ၊ Blind Audition ၊Battle Round ၊ Live Broadcast အဖြစ် Level လေးခုသတ်မှတ်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တီဗီမှထုတ်လွှင့်ပြသခြင်းကိုတော့ Blind Audition မှ စတင်ကာပြသသွားမှာဖြစ်ပြီး Level အဆင့်ဆင့်တွင် ဒိုင်များက ရွေးချယ်ပေးလာရာမှ Live Broadcast Level မှာတော့ ဒိုင်တွေအနေနဲ့ အကြံဉာဏ်ပဲပေးရမှာဖြစ်ပြီး ပရိသတ်များရဲ့ မဲပေးဆုံးဖြတ်မှုများနဲ့အတူ အပတ်စဉ်မဲအနည်းဆုံး ပြိုင်ပွဲဝင်နှစ်ယောက်က အိမ်ပြန်ရမှာ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုများမှတဆင့် နောက်ဆုံးကျန်ရစ်ခဲ့မယ့် အနိုင်ရရှိသူကတော့ Grand Prize နဲ့အတူ အမေရိကန် ကမ္ဘာကျော်တေးထုတ်လုပ်ရေးဖြစ်တဲ့ Universal Music နဲ့ တေးသီချင်းအယ်လ်ဘမ် အခွေ ထုတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ယှဉ်ပြိုင်လိုသူများအနေဖြင့် မြန်မာစကားပြောတတ်ပြီး အသက် ၁၈ နှစ်နဲ့အထက် တေးစီးရီးအယ်လ်ဘမ် မထွက်ရှိထားသေးတဲ့ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

The Voice သီချင်းဆိုပြိုင်ပွဲကြီးကို တီဗီပရိုဂျူဆာ တဦးဖြစ်တဲ့ ဒက်ချ်လူမျိုး John de Mol က ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နယ်သာလန်နိုင်ငံမှာ စတင်ခဲ့ကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့ ပြုလုပ်လာနိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲများမှ ထူးချွန်ပြီး အရည်အသွေးရှိတဲ့ အဆိုရှင်ပေါင်းများစွာ မွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။

The post ကမ္ဘာကျော် The Voice သီချင်းဆိုပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ