Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သတ်သေသွားတဲ့ ကိုရီးယား အဆိုတော် ကင်ဂျွန်ဟွန်း သေတမ်းစာ ထွက်ပေါ်

$
0
0

တောင်ကိုရီးယား ယောကျ်ားလေးအဆိုအဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ရဲ့ခေါင်းဆောင်အဆိုတော်ဖြစ်သူ ကင်ဂျွန်ဟွန်း သေကြောင်းကြံစည်ခြင်း မပြုမီမှာ သူရေးသားခဲ့တဲ့ အချက်အလက်တွေကို စုံစမ်းရာမှာတော့ စိတ်ကျရောဂါကြောင့် သတ်သေသွားခြင်းဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

အသက် ၂၇ နှစ်အရွယ် သေဆုံးသူ ကင်ဂျွန်ဟွန်းရဲ့ ညီမဖြစ်သူ အကြောင်းကြားချက်ကြောင့် ၎င်းကို ဆိုးလ်မြို့၊ ဂန်းနန်းခရိုင် ချောင်ဒန်ဒေါင်နယ်မြေရှိ တိုက်ခန်းတခန်းမှာ သတိလစ်မေ့မျောနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သတိလစ်မေ့မျောနေတဲ့ ကင် ကို ဆေးရုံသို့ ခေါ်ဆောင်သွားချိန်အတွင်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကင် သတ်သေသွားရတဲ့အကြောင်း ရေးသားထားတဲ့စာသားကို သူ့ရဲ့အရင်းနှီးဆုံး ဂီတသမားတဦးဖြစ်တဲ့ Nain9 က အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။ ကင်သေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီလိုဖော်ပြဖို့ရန် သူမကို ခိုင်းထားတယ်လို့လည်း Nain9 က ပြောပါတယ်။

ကင်ဂျောင်ဟွန်းရဲ့ ဈာပန ပြင်ဆင်ထားပုံ(ဓာတ်ပုံ- dailymail)

ကင် မကွယ်လွန်မီရေးသားထားတာကတော့ “ ကျနော် အတွင်းဒဏ်ရာနဲ့ ကြေကွဲနေရပါတယ်။ ဖြည်းဖြည်းချင်း စိတ်ကျရောဂါ ဖြစ်လာပြီး ကျနော့်ကို နောက်ဆုံးမှာ စိတ်ကျတာက ဖုံးလွှမ်းသွားခဲ့ပါပြီ” လို့ရေးသားထားပြီး “ ဒီထက်ပိုပြီး အရှုံးမပေးနိုင်တော့ပါဘူး” လို့လည်း သူ့ခံစားချက်ကို ဖော်ပြထားပါတယ်။

ဒါ့အပြင် “ကျနော် အင်မတန်မှ အထီးကျန်လှပါတယ်။ အဆုံးသတ်လုပ်ရပ်က ခက်ခဲပါတယ်။ အဲဒီခက်ခဲတာကြီးကြောင့် အခုအချိန်ထိ ကျနော်ရှင်သန်ခဲ့တာဖြစ်ပါတယ်။ ကျနော် ကောင်းတာတခုလုပ်ခဲ့တယ်လို့ ကျနော်ကို ကျေးဇူးပြုပြီး ပြောပေးကြပါ” လို့ သူ့စာထဲမှာ တောင်းပန်ထားပြီး “ ခင်ဗျားတို့တတွေလည်း ကြိုးစားပမ်းစားလုပ်ခဲ့ကြပါပြီ။ ခင်ဗျားတို့ တကယ်ပဲ အများကြီးဖြတ်သန်းခဲ့ကြပါပြီ။ ဂွဒ် ဘိုင့် နှုတ်ဆက်ခဲ့ပါတယ်” လို့ သူ့စာကို အဆုံးသတ်ထားပါတယ်။

ဝမ်းနည်းကြေကွဲနေကြတဲ့ ကင်ဂျွန်ဟွန်း ပရိသတ်များ(ဓာတ်ပုံ- dailymail)

အဲဒီနောက် ထောင်နဲ့ချီတဲ့ ဝမ်းနည်းကြောင်းသတင်းစကားများဟာ လူမှုကွန်ရက်စာမျက်နှာများပေါ် ပျံ့လွင့်ခဲ့ပြီး SHINee ရဲ့ အေးဂျင့်ဖြစ်တဲ့ SM ဖျော်ဖြေရေးလုပ်ငန်းအပါအဝင် တခြားအနုပညာရှင်များကပါ ဆိုးလ်မြို့မှာပြုလုပ်မယ့် သူ့အတွက် ခရစ်ယာန်ထုံးစံဝတ်ပြုဆုတောင်းပွဲကိုတက်ရောက်ဖို့ တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။

ကင်ရဲ့ဈာပနကို ကြာသပတေးနေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သူ့ဖျော်ဖြေရေးလုပ်ငန်းရဲ့ကြေညာချက်တစောင်မှာ တွေ့ရပါတယ်။ “ကျနော်တို့လုပ်ငန်းက SHINee အဖွဲ့ဝင်တွေနဲ့ တခြားအနုပညာရှင်တွေ သူ့ကွယ်လွန်ခြင်းအတွက် ရုတ်တရက် ရှော့ခ်ရပြီး ဆို့နင့်ကြေကွဲနေကြရပါတယ်” လို့ အဲဒီကြေညာချက်က ဆိုပါတယ်။

ဝမ်းနည်းကြေကွဲနေကြတဲ့ ကင်ဂျွန်ဟွန်း ပရိသတ်များ(ဓာတ်ပုံ- dailymail)

ယောက်ျားလေးအဆိုရှင် ၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ SHINee အဖွဲ့မှာ ကင်ဟာ အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းက အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိခဲ့တာပါ။

သူတို့အဖွဲ့ရဲ့The Shinee World လို့ အမည်ပေးထားတဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ နောက်ထပ်အယ်လ်ဘမ် ၄ ခု အောင်မြင်ခဲ့တဲ့နောက် US Billboard ကမ္ဘာ့အအောင်မြင်ဆုံးအယ်လ်ဘမ်စာရင်းမှာ နံပါတ်တစ်နေရာကို ချိတ်ခဲ့ပါတယ်။

ကင်ဂျွန်ဟွန်းရဲ့တကိုယ်တော်အယ်လ်ဘမ်ကို ၂၀၁၅ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ဘေလ်ဘုတ်စာရင်းမှာ ထိပ်တန်း ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ သူ့ရဲ့တကိုယ်တော်ဖျော်ဖြေပွဲကို ဆိုးလ်မှာ ပူပူနွေးနွေး ကျင်းပခဲ့တာပါ။

Ref: dailymail

The post သတ်သေသွားတဲ့ ကိုရီးယား အဆိုတော် ကင်ဂျွန်ဟွန်း သေတမ်းစာ ထွက်ပေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ