Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7258 articles
Browse latest View live

“The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ်

$
0
0

Disney ကတော့ ကမ္ဘာကျော်ရေသူမလေး ရုပ်ရှင်အတွက် အဓိကဇာတ်ဆောင်မင်းသမီးကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ပါတယ်။ မကြာခင်မှာပဲ လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ဖန်တီးတော့မယ့် “The Little Mermaid” ရုပ်ရှင်မှာတော့ ရေသူမလေးအဖြစ် R&B နှစ်ဦးတွဲအဆိုတော်အဖွဲ့ Chloe x Halle မှ Halle Bailey က ပါဝင်လာတော့မှာပါ။

ဒါရိုက်တာ Rob Marshall က “တော်တော်လေးကို ပိုက်စိပ်တိုက်ရှာခဲ့ပြီးတဲ့နောက်မှာ Halle ဟာ ဒီလိုထူးခြားတဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ ဖြစ်တဲ့ သာယာချိုမြတဲ့ သီချင်းဆိုသံ၊ ငယ်ရွယ်မှု၊ အပြစ်ကင်းစင်မှု၊ စိတ်နှလုံးဖြူစင်မှုတွေ ရှားရှားပါးပါးပေါင်းစပ်ထားတာကို ပိုင်ဆိုင်ထားတယ်ဆိုတာ ရှင်းလင်းပါတယ်” လို့ ထုတ်ပြန်ချက်တခုထဲမှာ ပြောဆိုထားပါတယ်။

မင်းသမီး Halle ဟာ “Cinderella” ရုပ်ရှင်ထဲက မင်းသမီး Lily James ၊ “Beauty And The Beast” ရုပ်ရှင်ထဲက မင်းသမီး Emma Watson၊ “Aladdin” ရုပ်ရှင်ထဲက မင်းသမီး Naomi Scott တို့လိုပဲ ကာတွန်းကနေ လူသားသရုပ်ဆောင် တွေနဲ့ ပြန်ဖန်တီးတဲ့ ဂန္တဝင်ရုပ်ရှင်တွေထဲက အများချစ်တဲ့ မင်းသမီးလေး တဦးဖြစ်လာဦးမှာဖြစ်ပါတယ်။

အခုလိုမျိုး မင်းသမီး Halle ရဲ့ သရုပ်ဆောင်ပါဝင်မှုသတင်းကို ဂုဏ်ပြုပေးခဲ့တဲ့ တခြား Halle ကတော့ မင်းသမီး Halle Berry ဖြစ်ပါတယ်။ Twitter မှာ သူက “Halle တွေက အဆင်ပြေမှာပါ” ဆိုပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ ရေစုန်းမကြီး Ursula အဖြစ် မင်းသမီး Melissa McCarthy ၊ ရေသူမလေး Ariel ရဲ့ သူငယ်ချင်း ငါးလေး Flounder အဖြစ် ကလေးသရုပ်ဆောင် Jacob Tremblay နဲ့ စင်ယော်ငှက် Scuttle အဖြစ် မင်းသမီး Awkwafina တို့ကို လျာထားထားတယ်လို့ သိရပါတယ်။

၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်းရုပ်ရှင်ရဲ့ ဂီတအပိုင်းကို တာဝန်ယူခဲ့သူ Alan Menken, ကတော့ အခုရုပ်ရှင်အတွက် သီချင်းအသစ် တွေကို Lin-Manuel Miranda နဲ့အတူ ဖန်တီးပေးသွားမယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုတော့ ၂၀၂၀ ခုနှစ် အစောပိုင်းလောက်မှာ စတင်မယ်လို့ သိရပါတယ်။

Ref: etcanada

You may also like these stories:

Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ

“Catwoman” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရတာ နောင်တမရဘူးလို့ မင်းသမီး Halle Berry ရင်ဖွင့်

The post “The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ် appeared first on ဧရာဝတီ.


တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြောင်း မြင်တွေ့ရမယ့် စီးရီးအသစ်များ

$
0
0

တောင်ကိုရီးယားနိုင်ငံမှာ လာမယ့်နှစ်ဆိုရင် အထွေထွေရွေးကောက်ပွဲတွေ ကျင်းပတော့မှာဖြစ်ပြီး လက်ရှိမှာတော့ ရုပ်သံလိုင်းတွေက ပရိသတ်တွေကို ဆွဲဆောင်ဖို့ နိုင်ငံရေးနဲ့ နွယ်တဲ့ဒရာမာစီးရီးတွေကို ပြသလာကြပြီ ဖြစ်ပါတယ်။

KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “My Fellow Citizens!” ဒရာမာဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲမတိုင်မီ တနှစ်လောက်အလိုဖြစ်တဲ့ အကြောင်းကို ရိုက်ကူထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက ပြသနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဟာသဇာတ်မြူးစီးရီးဟာဆိုရင် Super Junior အဖွဲ့ဝင် Choi Si-won သရုပ်ဆောင်ထားတဲ့ လူလိမ်တယောက်က မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေကို ကြုံခဲ့ရပြီးတဲ့ အမတ်ဖြစ်ဖို့ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့အကြောင်းကို ဇာတ်အိမ်တည် ထားပါတယ်။

ပရိသတ်ကြည့်နှုန်းမြင့်မြင့်မားမား မရရှိခဲ့ပေမယ့် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဒရာမာတွေထဲမှာတော့ ထူးထူးခြားခြား ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ထပ်ထုတ်လွှင့်ခဲ့တဲ့ ဒရာမာကတော့ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “Chief of Staff” ဒရာမာဖြစ်ပြီး မင်းသား Lee Jung-jae နဲ့ မင်းသမီး Shin Min-ah တို့က ဦးဆောင်ပါဝင်ထားကြတာပါ။ ဇွန်လ ၁၄ ရက်နေ့ကနေစလို့ ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီဒရာမာဟာဆိုရင် အမှန်နဲ့ နီးစပ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေကြောင့် တော်တော်လေးကို ထူးခြားကောင်းမွန်တဲ့ နိုင်ငံရေး နောက်ခံ ဒရာမာဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။

အဲ့ဒီဒရာမာထဲမှာ မင်းသား Lee က အမတ်တဦးရဲ့ ထက်မြက်တဲ့ လက်ထောက်တဦးအဖြစ် သရုပ်ဆောင်ထားပြီး သူဟာ လွှတ်တော်အမတ်တယောက်ဖြစ်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲက တင်းမာမှုတွေ၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ဦးစားပေးခဲ့တဲ့ အရင်တုန်းက ဒရာမာတွေနဲ့မတူတာကတော့ နိုင်ငံရေးဇာတ်ခုံနောက်ကွယ်က အမတ်တွေရဲ့ လက်ထောက်တွေနဲ့ အကူအညီပေးသူတွေရဲ့ ဘဝကို မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

တဖန် ကေဘယ်လ်ရုပ်သံလိုင်း tvN ကနေလည်း အမေရိကန်နာမည်ကျော် ရုပ်သံစီးရီး “Designated Survivor” ကို ပြန်လည်ရိုက်ကူးထားတဲ့ “Designated Survivor: 60 Days” ဒရာမာကို ယခုသီတင်းပတ်က စလို့ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။

မင်းသား Ji Jin-hee က ဦးဆောင်ပါဝင်ထားတဲ့ အဲ့ဒီဒရာမာဟာဆိုရင် အမျိုးသားလွှတ်တော်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတခုအတွင်းမှာ သမ္မတနဲ့အခြား ရာထူးမြင့် အစိုးရအရာရှိတွေ အသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် သမ္မတအဖြစ် တာဝန်ယူခဲ့ရတဲ့ ပညာရှင်ကနေ ဝန်ကြီးဖြစ်လာခဲ့သူတယောက်အကြောင်း အခြေတည်ရိုက်ကူးထားပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုလိုမျိုး တင်းမာမှုပြင်းထန်တဲ့ ပထဝီနိုင်ငံရေး ကိစ္စတွေကြားမှာ ဟန်ချက်ညီအောင် လုပ်ဆောင်ရတဲ့ သမ္မတတဦးရဲ့ ဘဝကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref:Yonhap

You may also like these stories:

ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ

ကိုရီးယားမင်းသားနဲ့ တွဲပြီး ရိုက်မယ့် ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည်

လက်ရှိလူကြည့်နှုန်း အများဆုံးဖြစ်နေတဲ့ ကိုရီးယားစီးရီးများ

The post တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြောင်း မြင်တွေ့ရမယ့် စီးရီးအသစ်များ appeared first on ဧရာဝတီ.

“အဆိုးနဲ့အကောင်း ၂ခုကြားမှာ သဟဇာတဖြစ်အောင် နေထိုင်ပါတယ်”လို့ ရဲတိုက်ပြော

$
0
0

အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဆုံး ပြန်လည်ရိုက်ကူးထားသော ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ဒဏ္ဍာရီမိုး” ကတော့ သရုပ်ဆောင် ရဲတိုက်အတွက် ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ဆုံးဖြတ်ပေးတဲ့ အရာတခု ဖြစ်သွား နိုင်တယ်လို့ ပြောပါတယ်။

“ကျနော့်အတွက် ကျင်းပပေးတဲ့မွေးနေ့ပွဲတခုလည်း ဖြစ်နိုင်သလို ကျနော်ရှေ့ဆက်ပြီး လျှောက်လှမ်းနိုင်တယ်၊ မလျှောက်လှမ်းနိုင်ဘူးဆိုတာကို ဆုံးဖြတ်ပေးတဲ့အရာတခုဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံးနဲ့အကောင်းဆုံး ၂ခုကြားမှာ သဟဇာတဖြစ်အောင်နေထိုင်ပါတယ်”လို့ ရဲတိုက်ကပြောပါတယ်။

ဇူလိုင်လ ၃ရက်နေ့မှာတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ကားကြီးရဲ့ အကြိုပြသမှုပြုလုပ်ခဲ့ပြီး ရဲတိုက်ရဲ့သရုပ်ဆောင်မှုကို နှစ်သက်သဘောကျခဲ့ကြပါတယ်။

“ဒဏ္ဍာရီမိုးက ကျနော့်အတွက် ဘယ်သူမှမထင်မှတ်ထားလောက်တဲ့ ခြောက်လှန့်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီကားနဲ့ပတ်သက်ရင် ကြောက်တာတခုရှိတယ်။ အဲ့ကားရိုက်တုန်းက ခံစားရတဲ့ခံစားချက်တွေကို ထပ်မခံစားချင် တော့ဘူး။ ပရိသတ်အနေနဲ့ပဲ ခံစားချင်တော့တယ်” လို့ ရဲတိုက်ကပြောပါတယ်။

ရဲတိုက်ရဲ့သရုပ်ဆောင်မှုကိုတော့ ဒွေးနဲ့တူတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်မှာတော့ ရဲတိုက်ကတော့ အခုလိုဆိုပါတယ်။

ရဲတိုက်ပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ဇာတ်ကားကြီး \ Wai Min Maung’s Facebook

“ပျော်ပါတယ် ခင်ဗျ။ ကိုသားကြီးဆိုတာ ကျနော်ငယ်ငယ်လေးကတည်းက ချစ်ခင်မြတ်နိုးရတဲ့ မင်းသားတယောက်ပါ” လို့ ပြောပါတယ်။

ဒီကားထဲမှာတော့ ရဲတိုက် ၊ ဒေါင်း ၊ ရွှေထူး ၊ ဝတ်မှုံရွှေရည်တို့ရဲ့ အားပြိုင်မှုကို တွေ့ရမှာဖြစ်ပြီး အချစ်ကားကြိုက်တဲ့ ပရိသတ်များအတွက်တော့ သဘောကျနှစ်သက်မယ့် ကားပဲဖြစ်ပါတယ်။

ရဲတိုက်ကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေက ကောင်းနေသော်လည်း မျက်လုံးအားသိပ်မကောင်းတဲ့ အတွက် မျက်လုံးစူးစေမယ့်အရာတွေကို ကြည့်ဖို့အတွက် အဆင်မပြေသေးဘူးလို့ သိရပါတယ်။

“ကျနော်အခု မျက်လုံးအားသိပ်မကောင်းဘူး။ မျက်စိအလင်းစူးတာတွေ မကြည့်နိုင်ဘူးဖြစ်နေတယ်။ ဒီကာလတွေကို မြန်မြန်ဖြတ်ကျော်ဖို့ ကြိုးစားနေပါတယ်လို့ ဆုတောင်ပေးပါဦးလို့” လို့ရဲတိုက်ကပြောပါတယ်။

သူ့ရဲ့မျက်လုံးအတွက် အားဆေးတခုကိုသောက်နေရပြီး အားဆေးက လတ်တလောမှာ ပြတ်နေတာကြောင့် ဒီထက်အခြေအနေဆိုးသွားမှာကိုပဲ စိတ်ပူမိတယ်လို့ ဆိုပါတယ်။

“မျက်လုံးက အားဆေးတခုသောက်ရပါတယ်။ အားဆေးပြတ်သွားရင် အဲ့လိုဖြစ်ပါတယ်။ အခုလောလောဆယ် ဆေးပြတ် နေလို့ပါ။ မတော်တဆများ ဒီထက်အခြေအနေဆိုးရွားသွားခဲ့ရင်ဆိုပြီး စိတ်ပူမိပါတယ်” လို့ ရဲတိုက်ကပြောပါတယ်။

ရဲတိုက်ကတော့ အနုပညာလောကထဲစတင်ဝင်ရောက်လာစဉ်ကပင် သဘာဝကျတဲ့သရုပ်ဆောင်မှုများကြောင့် ပရိသတ်များက သဘောကျနှစ်သက်ခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကားများအချိန်ကာလတခုအထိ ရိုက်ကူးခြင်းမပြုဘဲ ပြန်လည်ရိုက်ကူးသည့်တိုင် ပိုမိုကောင်းမွန်တဲ့သရုပ်ဆောင်မှုများကို မြင်ရမှာဖြစ်ပါတယ်။

You May Also Like These Stories:

ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းရေးနေတဲ့ ရဲတိုက်

ရုပ်ရှင် ပြန်ရိုက်တော့မယ့် သရုပ်ဆောင် ရဲတိုက်

The post “အဆိုးနဲ့အကောင်း ၂ခုကြားမှာ သဟဇာတဖြစ်အောင် နေထိုင်ပါတယ်”လို့ ရဲတိုက်ပြော appeared first on ဧရာဝတီ.

Angelababy နှင့် ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းများကို မင်းသား Huang Xiaoming ငြင်းဆို

$
0
0

တရုတ်မင်းသား Huang Xiaoming နဲ့ မင်းသမီး Angelababy တို့စုံတွဲဟာ လေးနှစ်ကြာခဲ့ပြီ ဖြစ်တဲ့ အိမ်ထောင်ရေးဟာ ခယောင်းလမ်းကိုလျှောက်နေရတဲ့အတိုင်း ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုသွားခဲ့ပါတယ်။

တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ဇူလိုင်လ ၂ ရက်နေ့ကနေ စလို့ လူပြောများလာခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး သတင်းဟာ အရှေ့တိုင်းမီဒီယာမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ ဆောင်း-ဆောင်း စုံတွဲကွာရှင်းမယ့်သတင်းနဲ့ ရှေ့ဆက်နောက်ဆင့် ဆိုသလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး Weibo အသုံးပြုသူတဦးက အသက် ၃၀ အရွယ် မင်းသမီး Angelababy နဲ့ အသက် ၄၁ နှစ်အရွယ် မင်းသား Huang တို့ဟာ ကွာရှင်းတော့မယ်ဆို တာကို မကြာခင်ကြေညာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Little Sponge (ရေမြှုပ်လေး) လို့ခေါ်တဲ့ ပထမဆုံး သားလေးကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်သတင်းမီဒီယာတွေရဲ့ အဆိုအရ မင်းသား Huang ဟာ ယွမ် ၈၉၇ သန်းကျော် ပါဝင်တဲ့ စတော့ရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့တဲ့ အချိန်နောက်ပိုင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လကစလို့ နှစ်ဦးသား အိမ်ထောင်ရေးက ဆိုးရွားနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မင်းသား Huang ကတော့ အဲ့ဒီကိစ္စမှာ သူပါဝင်ခဲ့တာမရှိတဲ့အကြောင်း ပြောဆိုထားပြီး အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေး ခံရတဲ့အထဲသူမပါဘူးလို့ အတည်ပြုထားပေမယ့် အငြင်းပွားဖွယ်ဖြစ်ရပ်ကြောင့် သူ့ပုံရိပ်ကိုတော့ ထိခိုက်ခဲ့ရပါတယ်။

တခြားသတင်းမီဒီယာတွေရဲ့ အဆိုအရ သူတို့စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ပွဲအခမ်းအနားတခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် သီးခြားကားတွေနဲ့ ပြန်လည်ထွက်ခွာခဲ့ကြတယ် လို့ သိရပါတယ်။

ကောလာဟလတွေထွက်တာကြောင့် မင်းသမီး Angelababy ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီက အဲ့ဒီအွန်လိုင်း သတင်း တွေကို ပယ်ချသွားခဲ့ပြီး သတင်းတွေက မဖြစ်နိုင်ကြောင်းနဲ့ သတင်းအမှားတွေသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာတော့ မင်းသား Huang ဟာ သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ကို ရပ်တန့်ဖို့ Weibo မှာ ပရိသတ်တယောက်ကို တိုက်ရိုက်စာပြန်ခဲ့ပါတယ်။ အဲ့ဒီအသုံးပြုသူက မင်းသား Huang ကို Tag တွဲပြီး “ငါမင်းနဲ့ ဘေဘီ့ကို သဘောကျတယ်” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒါကို မင်းသားက “ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ဘေဘီ့ကို သဘောကျပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

အခုလိုမျိုးသူတို့နှစ်ဦးရဲ့ ကွာရှင်းမယ်လို့ဆိုတဲ့ ကောလာဟလသတင်းတွေထွက်ပေါ်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မင်းသား Deng Lun နဲ့ Angelababy က ကဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦး ကွာရှင်းတော့မှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Ref:asiaone

You may also like these stories:

ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ

Song-Song စုံတွဲ ကွာရှင်းသတင်းကြောင့် DOTS ပန်းခြံ စုံတွဲပွဲတော် ဖျက်သိမ်း

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်

The post Angelababy နှင့် ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းများကို မင်းသား Huang Xiaoming ငြင်းဆို appeared first on ဧရာဝတီ.

“ကျနော် ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်”လို့ ဆိုလိုက်တဲ့ ဒေါင်း

$
0
0

မိန်းကလေးပရိသတ်များစွာရဲ့ အချစ်တော်သရုပ်ဆောင်ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားများ လက်ခံရိုက်ကူး တဲ့အခါမှာတော့ နောင်နှစ်ပေါင်းများစွာ ပြန်ကြည့်နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

“ကျနော်က ရုပ်ရှင်ကားတကားရိုက်ရင် အဲ့ဇာတ်ကားတကားကို နောက်နှစ်ပေါင်းများစွာကျရင်လည်း ပြန်ကြည့်နိုင် ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ အဲ့လိုပဲ ကျနော်လည်း ကျနော်ပြန်ကြည့်ရတဲ့ကားတွေအပေါ်မှာ လိပ်ပြာသန့်ချင်သလို ကျနော်ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်။ အဲဒီမျှော်လင့်ချက် တခုတည်းနဲ့ပဲ ဒီဇာတ်လမ်းတွေပေါ်မှာ သဘောထားပါတယ်” လို့ သရုပ်ဆောင် ဒေါင်းကပြောပါတယ်။

ရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းကိုတော့ ပန်းချီကားတကားဆွဲတယ်လို့ ခံယူထားပြီး ခံယူချက်မရှင်းလင်းဘဲ ဘယ်ဇာတ်ကားကိုမှ မရိုက်ချင်ဘူးလို့ဆိုပါတယ်။

“ကျနော်ရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းကို ပန်းချီကားတကားဆွဲတယ်လို့ ခံယူထားပါတယ်။ ကာလာတွေလည်းပါမယ်။ အရုပ်တွေလည်းပါမယ်။ ခံစားချက်တွေလည်းပါမယ်။ အထူးသဖြင့်ကတော့ ကိုယ်ဘယ်လိုခံယူချက်နဲ့ ဇာတ်ကား တကားကို ရိုက်တာလည်းဆိုတာ ရှင်းရှင်းလင်းလင်းမသိရရင် ဘယ်ဇာတ်ကားမှမရိုက်ချင်ဘူး။ ဒါကျနော့်ရဲ့ ခံယူချက်လေးပါ” လို့ ဒေါင်းက ပြောပါတယ်။

မကြာခင်မှာလည်း ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသတော့မှာဖြစ်ပြီး ဒီကားထဲမှာတော့ အချစ်နဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်တဲ့ သူဋ္ဌေးသားတယောက်နေရာက သရုပ်ဆောင်ထား တယ်လို့ သိရပါတယ်။

အဆိုပါ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရဲတိုက်နဲ့သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တွေ့ဆုံရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“သူနဲ့တွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ကိုယ့်အစ်ကိုလည်းခင်ရတဲ့ အစ်ကိုတယောက်လည်းဖြစ်တယ်။ ပြီးတော့ အရမ်းလည်းတော်တယ်။ သူ့ခံစားချက်တွေက ကိုယ်သရုပ်ဆောင်ရင် ကိုယ့်ဆီကို စီးမျောဝင်သွားတော့ ကိုယ်ပါအလိုလို Mood ကရတယ်”

“အဲ့လိုပဲသူလည်း ကိုယ်နဲ့အတူတူသရုပ်ဆောင်ရင် Mood ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့ဆီကရတာတွေက ပိုပြီး Chemistry ဖြစ်တယ်။ သူကတကယ်တော်တဲ့ သရုပ်ဆောင်တယောက်ပါ” လို့ဒေါင်းကပြောပါတယ်။

ရဲတိုက်ကတော့ ခံစားချက်ကို ဦးစားပေးပြီးသရုပ်ဆောင်တဲ့ အနုပညာသမားတယောက်ဖြစ်တဲ့အတွက် သူနဲ့ သရုပ်ဆောင်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး ရဲတိုက်ကိုလည်း ဆက်လက်ပြီးအများကြီး မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“ကိုရဲတိုက်ကားတွေက အခုမှကြည့်ဖူးတာ မဟုတ်ဘူးလေ။ အရင်ကတည်းက သရုပ်ဆောင်စလုပ်ကတည်းက သူ့ဇာတ်ကားတွေကို လေ့လာပြီးသား ၊ ကြည့်ပြီးသား သူကခံစားချက်ကိုဦးစားပေးပြီး သရုပ်ဆောင်တဲ့ အနုပညာသမားတယောက်။ လေးစားပြီးသားလေ”

“ အနုပညာသမားတယောက်ဖြစ်ဖြစ် လူသားတယောက်ဖြစ်ဖြစ် ခံစားချက်ကိုပေးဆပ်ရပြီဆိုရင် ဘဝမှာ ဆုံးရှုံးရတာ အများကြီးရှိလို့။ ကျနော်လည်းအဲ့လိုတွေရှိပါတယ်။ လူတိုင်းမှာလည်းရှိပါတယ်။ သူနဲ့ သရုပ်ဆောင်ရတာ စိတ်လှုပ်ရှား စရာကောင်းတယ်။ ဆက်ပြီးလည်းသရုပ်ဆောင်ချင်တယ်။ သူ့လိုသရုပ်ဆောင်တယောက်ကို အများကြီးလည်း မျှော်လင့်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

ရဲတိုက်နဲ့ ဒေါင်းတို့ ၂ဦးကတော့ ရုပ်ရှင်ထုတ်လုပ်ရေးတခုထဲက မွေးထုတ်ပေးခဲ့တဲ့ သရုပ်ဆောင်များဖြစ်ကြပြီး “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကတော့ သူတို့ ၂ဦးရဲ့ပထမဆုံးတွေ့ဆုံမှုပဲဖြစ်ပါတယ်။

You may also like these stories:

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

“ကျနော့် ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”

အသက်အရွယ်နဲ့ လိုက်မယ့် ဇာတ်ကောင်မျိုးကိုသာ စိတ်ဝင်စားတဲ့ ဒေါင်း

The post “ကျနော် ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်”လို့ ဆိုလိုက်တဲ့ ဒေါင်း appeared first on ဧရာဝတီ.

၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အဖြစ် မြင်တွေ့ရမယ့် “ဒဏ္ဍာရီမိုး”

$
0
0

အချစ်ဇာတ်ကားကောင်းတကားအဖြစ် မြင်တွေ့ရမယ့် “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းသား ၃ယောက် မင်းသမီး ၁ယောက်ရဲ့ ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းတပုဒ်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ စာဖတ်ရတာကို ဝါသနာပါတဲ့ ကော်ဖီဆိုင်ပိုင်ရှင် ကောင်မလေးတယောက်နဲ့ သူနဲ့ပတ်သက် ဆက်နွယ်နေတဲ့ ကောင်လေး ၃ယောက်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုများကို ကဗျာများ၊ ဝတ္ထုဆန်တဲ့ ဇာတ်လမ်း တပုဒ်အဖြစ် ဖော်ကျူးထားပါတယ်။

“ဒီကားကို ကျနော်တို့ Team Work ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ အားစိုက်ထုတ် ခဲ့ပါတယ်။ ဒီကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေအကုန်လုံး အကောင်းဆုံးအပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင် ပေးခဲ့ကြတယ်။ ဒီကားကို ကျနော်တို့တတ်နိုင်သလောက်ကြိုးစားထားခဲ့ပါတယ်။ ကျနော်တို့ကြိုးစားထားမှုကို ဝေဖန်အကြံပြုပေးကြပါ” လို့ ဒါရိုက်တာဝင်းလွင်ထက်က ပြောပါတယ်။

“ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မိုးနီလွင်က ဇာတ်လမ်းဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာဝင်းလွင်ထက် ကပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

“ဒဏ္ဍာရီမိုးဇာတ်လမ်းလေးကတော့ နှစ်တော်တော်ကြာပါပြီ သိမ်းထားတဲ့ဇာတ်လမ်းလေး။ ဒါရိုက်တာကိုဝင်းလွင်ထက် ဆိုရင်လည်း ဒီဇာတ်လမ်းကို ဖတ်ပြီး ရုံမတင်ခင် ၂ရက် ၃ရက်အလိုထိ ကာလာတွေအရုပ်တွေအသံတွေကအစ သေချာဖန်တီးပေးခဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

“ ပြီးတော့ ဒီကားမှာပါဝင်သရုပ်ဆောင်ပေးကြတဲ့ ကိုရဲတိုက်နဲ့မကစ်တို့ကတော့ တကယ့်ကိုဝါရင့်တွေဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့ ဇာတ်ကောင်တွေအပေါ်မှာ စီးမျောထားတာကို တွေ့ရမှာပါ။ ရွှေထူးနဲ့ဒေါင်းဆိုရင် ပီပီပြင်ပြင် သရုပ်ဆောင်ပေးထားတာကျေးဇူးတင်ပါတယ်” လို့ မိုးနီလွင်ကပြောပါတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားရဲ့ အကြိုပြသမှုကိုတော့ ဇူလိုင်လ ၃ရက်နေ့က Junction City ရှိ JCGV ရုပ်ရှင်ရုံမှာ ပြသခဲ့ပြီး ရဲတိုက် ၊ ဒေါင်း ၊ ရွှေထူး နှင့် ဝတ်မှုံရွှေရည်တို့က အတွဲအဖက်မိစွာ သရုပ်ဆောင်ထားကြတယ်လို့ မှတ်ချက်ပြထားကြပါတယ်။

ဒါ့အပြင် အချိန်ကာလအတော်ကြာ ရုပ်ရှင်ရိုက်ကူးမှုများ မပြုလုပ်နိုင်ခဲ့တဲ့ ရဲတိုက်ကိုလည်း ဒီကားထဲမှာ ယခင်ကထက် အဆများစွာ သာလွန်တဲ့သရုပ်ဆောင်မှုများနဲ့အတူ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဧက(ခေါ်) အညိုဆိုတဲ့ အဖြစ်အပျက်တခုကြောင့် အောက်ပိုင်းသေသွားတဲ့ သူတယောက်အဖြစ် ရဲတိုက် ၊ ဒေါင်းကတော့ အချစ်နဲ့ပတ်သက်ရင်ခံစားချက်ပြင်းထန်တဲ့ သူဋ္ဌေးသားတယောက်အဖြစ် ဒေါင်း ၊ စာရေးဆရာမိုးတိမ်ညိုအဖြစ် ရွှေထူး ၊ စာဖတ်တာကို ဝါသနာပါတဲ့ ကော်ဖီဆိုင်ပိုင်ရှင်အဖြစ် ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီကားကိုတော့ ဇူလိုင်လ ၁၁ရက်နေ့မှာ တနိုင်ငံလုံးရှိရုပ်ရှင်ရုံများမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

You may also like these stories:

“ရုပ်ရှင်ရိုက်နေပေမယ့် ဂီတဘက်မှာလည်း ကြိုတင်ပြင်ဆင်ထားတယ်” ဆိုတဲ့ အဆိုတော် ရွှေထူး

ရုပ်ရှင် ပြန်ရိုက်တော့မယ့် သရုပ်ဆောင် ရဲတိုက်

“အဆိုးနဲ့အကောင်း ၂ခုကြားမှာ သဟဇာတဖြစ်အောင် နေထိုင်ပါတယ်”လို့ ရဲတိုက်ပြော

“ကျနော် ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်”လို့ ဆိုလိုက်တဲ့ ဒေါင်း

The post ၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အဖြစ် မြင်တွေ့ရမယ့် “ဒဏ္ဍာရီမိုး” appeared first on ဧရာဝတီ.

အဆိုတော်ကြီး အဲဗစ်ပရက်စလေရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် သရုပ်ဆောင်ရွေးချယ်နေပြီဖြစ်

$
0
0

သြစတြေးလျ စာရေးဆရာ Baz Luhrmann ရိုက်ကူးမယ့် အဆိုတော်ကြီး အဲဗစ်ပရက်စလေ အတ္ထုပ္ပတ္တိရုပ်ရှင်ဟာ အခုဆိုရင် အဆိုတော်ကြီးနေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို ဟောလိဝုဒ်က နာမည်ကြီးမင်းသားတွေထဲက ရွေးချယ်နေပြီလို့ သိရပါတယ်။

“Baby Driver” မင်းသား Ansel Elgort၊ “Avengers: Age of Ultron” မှာ ပါဝင်ခဲ့တဲ့ မင်းသား Aaron Taylor-Johnson နဲ့ “Whiplash” မင်းသား Miles Teller တို့ဟာ ပြီးခဲ့တဲ့အပတ် မှာပဲဒါရိုက်တာကြီးတဲ့ လူရွေးစမ်းသပ်မှုကို ခံယူခဲ့ပြီးပြီလို့ Hollywood Reporter မီဒီယာမှာ ဖော်ပြပါတယ်။

Warner Bros. ကနေ ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်အတွက် ထုတ်လုပ်သူတွေကတော့ အဆိုတော်မင်းသား Harry Styles နဲ့ “Once Upon a Time in Hollywood” မှာပါဝင်ထားတဲ့ မင်းသား Austin Butler တို့ကို မျက်စိကျနေတယ်လို့လည်း ဆိုပါတယ်။

အဆိုတော်ကြီး အဲဗစ်ပရက်စလေ

သတင်းတွေအရကတော့ အဆိုတော် အဲဗစ်ရဲ့ဘဝနဲ့ အနုပညာလုပ်ငန်းကို ထိန်းချုပ်မောင်းနှင်ခဲ့တဲ့ ဂန္တဝင်မန်နေဂျာ Col. Tom Parker အဖြစ် မင်းသားကြီး Tom Hanks က သရုပ်ဆောင်မယ်လို့ သိရပါတယ်။

အဆိုတော်ကြီး အဲဗစ်နေရာမှာ ဘယ်သူသရုပ်ဆောင်မလဲဆိုတာကတော့ လာမယ့် သီတင်းပတ် အနည်းငယ်ဆိုရင် သိရတော့မှာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး  အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးမယ်လို့ မနှစ်က ကြေညာခဲ့တာဖြစ်ပြီး Queen တီးဝိုင်းခေါင်းဆောင် Freddie Mercury ရဲ့ “Bohemian Rhapsody” ရုပ်ရှင်နဲ့ အဆိုတော်ကြီး Elton John ရဲ့ “Rocketman” ရုပ်ရှင်တို့က ဆက်တိုက်ဆိုသလို ထွက်လာဖို့ရှိတာတာ ကြောင့် အနည်းငယ်နောက်ဆုတ်လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စာရေးဆရာ Luhrmann ဟာ အဲ့ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပေးထားပြီး အဆိုတော်ကြီး အဲဗစ်ရဲ့ ကနဦးအောင်မြင်မှုနဲ့ အသက် ၃၅ နှစ်နောင်ပိုင်း ဘဝအခြေအနေဆိုပြီး နှစ်ပိုင်းခွဲပြသသွားမှာ ဖြစ်ပါတယ်။ အဆိုတော်ကြီး ပရက်စလေဟာ အသက် ၄၂ နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Ref: cnn

You may also like these stories:

Call Me by Your Name နောက်ဆက်တွဲရုပ်ရှင်မှာ Dakota Johnson နဲ့ရိုက်ကူးဖို့ စီစဉ်နေ

အဆိုတော်ကြီး Tony Bennett နဲ့အတူ သီချင်း အသံသွင်းခဲ့တဲ့ လေဒီဂါဂါ

“Venom” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Tom Hardy

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော

The post အဆိုတော်ကြီး အဲဗစ်ပရက်စလေရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် သရုပ်ဆောင်ရွေးချယ်နေပြီဖြစ် appeared first on ဧရာဝတီ.

ငွေကြေးခဝါချမှုနဲ့ “Wolf of Wall Street” ရုပ်ရှင်ထုတ်လုပ်သူ မလေးရှားမှာ ဖမ်းဆီးခံရ

$
0
0

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ မယားပါသား ဟောလိဝုဒ်ထုတ်လုပ်သူ Riza Aziz ဟာ ငွေကြေး ခဝါချမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မင်းသား Leonardo DiCaprio ပါဝင်သရုပ်ဆောင်ထားတဲ့ “The Wolf of Wall Street” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ မစ္စတာ Aziz ကို မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာမခံပေးထားတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရရှေ့နေတွေကတော့ မစ္စတာ Aziz ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဟာ သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်မှာ ငွေထည့်ပြဖို့ ဘီလီယံနဲ့ ချီတဲ့ ဒေါ်လာတွေကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

မစ္စတာ Aziz ရဲ့ ပထွေးနဲ့ မိခင်ဟာလည်း အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူဟာ ဇူလိုင်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုကို လာရောက်ခဲ့တဲ့အကြောင်း မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲ Latheefa Koya က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ Aziz ကတော့ မဟုတ်မမှန်တာ ဘာမှမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ Red Granite ကလည်း အမေရိကန်အစိုးရနဲ့ တရားတဘောင် ရင်ဆိုင်နေရပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib ဟာ စွဲချက်ပေါင်း ၄၀ ကျော်ကို ရင်ဆိုင်နေရပြီး 1Malaysia Development Berhad ဘဏ်ကနေ ဒေါ်လာ ၆၈၁ သန်းကို ကိုယ်ပိုင်ငွေအဖြစ် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထား ရပါတယ်။ သူ့ရဲ့ ဇနီး Rosmah Mansor ဟာလည်း ငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်မှုတို့နဲ့ တရားရင်ဆိုင်နေ ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အပြစ်မရှိဘူးလို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။

အစိုးရရှေ့နေတွေရဲ့အစိုးရကတော့ အဲ့ဒီငွေတွေကို ခမ်းနားထည်ဝါတဲ့ ဘဝနေထိုင်မှုပုံစံအတွက် သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလမှာ အာဏာကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ဟောင်း Najib နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုနေရာတွေဆီ ဝင်ရောက်စီးနင်းမှုမှာတော့ ဒေါ်လာ သန်းနဲ့ချီတန်ဖိုးရှိတဲ့ ဇိမ်ခံပစ္စည်းတွေ ကို တွေ့ရှိခဲ့ရပါတယ်။

မစ္စတာ Aziz ဟာ ခိုးမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ စစ်ဆေးမေးမြန်းတာကိုခံခဲ့ရပါတယ်။ မင်းသား Leonardo တော့ “The Wolf of Wall Street” ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆု ကိုရရှိခဲ့ချိန်မှာတော့ မစ္စတာ Aziz ကို ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

အမေရိကန်တရားရေးဌာနကတော့ Red Granite Pictures ဟာ Dumb and Dumber To နဲ့ Daddy’s Home ရုပ်ရှင်တွေကို ထုတ်လုပ်ဖို့ 1MDB ရန်ပုံငွေတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ကုမ္ပဏီကလည်း မဟုတ်မမှန်တာ မလုပ်ခဲ့ကြောင်း ပြန်လည်ပြောဆိုထားပါတယ်။

Ref:BBC

You may also like these stories:

“Once Upon A Time In Hollywood” ရုပ်ရှင်မှာ အတူပါဝင်ထားတဲ့ Leonardo DiCaprio နဲ့ Brad Pitt

လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ ကြည့်သင့်တဲ့ ဇာတ်ကား ၃ ကား

The post ငွေကြေးခဝါချမှုနဲ့ “Wolf of Wall Street” ရုပ်ရှင်ထုတ်လုပ်သူ မလေးရှားမှာ ဖမ်းဆီးခံရ appeared first on ဧရာဝတီ.


“ရဲတိုက်ရဲ့ မျက်လုံးတွေကို မကြည့်ရဲအောင် သရုပ်ဆောင် ကောင်းတယ်”လို့ ရွှေထူး ပြော

$
0
0

သီချင်းဆိုတဲ့နေရာမှာ အောင်မြင်ရုံသာမက ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာတဲ့ ရွှေထူးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရဲတိုက်နဲ့အတူ တွဲဖက်ကာ သရုပ်ဆောင်ရတဲ့အခါ သူ့ရဲ့မျက်လုံးတွေကို မကြည့်ရဲအောင် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ကိုရဲတိုက်နဲ့ကတော့ ညီအစ်ကိုဆိုတော့ သူနဲ့အခန်းတွေက ပိုများတယ်။ ကိုရဲတိုက်နဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ပညာလည်းရသလို အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ရှိန်တာတွေလည်း အများကြီးရှိပါတယ်။ ကိုရဲတိုက်ဆီက ဘာတွေ လေ့လာခဲ့ရလဲဆိုရင် သူကရုပ်ရှင်ရိုက်နေရင်လည်း ရုပ်ရှင်ထဲက ကာရိုက်တာ၊ ကဒ် လုပ်လိုက်ရင်လည်း အပြင်မှာလည်း အဲ့အတိုင်းပဲ။ သရုပ်ဆောင်တာတော့ သူ့မျက်လုံးကို မကြည့်ရဲလောက်အောင် ကောင်းပါတယ်”လို့ ရွှေထူးက ပြောပါတယ်။

ဒီကားထဲမှာတော့ ရွှေထူးက ရဲတိုက်ရဲ့ညီ စာရေးဆရာတယောက်နေရာက သရုပ်ဆောင်ထားပြီး အပြင်ကာရိုက်တာအတိုင်း နေလို့ မရတဲ့အတွက် စာရေးဆရာတယောက် ပုံစံဝင်အောင် အဘက်ဘက်က လေ့လာခဲ့ရတယ်လို့ သိရပါတယ်။

“နည်းနည်း မဟုတ်ပါဘူး။ အများကြီး ခဲယဉ်းပါတယ်။ အဲ့အတွက်လည်း ကျနော်ခင်တဲ့ စာရေးဆရာတွေရဲ့ နေပုံထိုင်ပုံ ပြောဆိုတဲ့ ပုံစံလေးတွေကို ကျနော်နဲ့ အနီးစပ်ဆုံး အရာလေးတွေကို လေ့လာတယ်။ ပြီးတော့ စာရေးဆရာဆိုတဲ့အတိုင်း ကိုယ့်ရဲ့အပြင် ကာရိုက်တာအတိုင်း နေလို့မရဘူးဆိုတော့ ကျနော် စာရေးဆရာပုံစံဝင်အောင်တော့ အဘက်ဘက်က လေ့လာဖြစ်ပါတယ်” လို့ ရွှေထူးကပြောပါတယ်။

ရွှေထူးကတော့ သရုပ်ဆောင်တယောက်အနေနဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ဇာတ်ကားနဲ့စတင်ခဲ့ပြီး ဒုတိယကားအနေနဲ့ “ဧည့်သည်” ၊ အခုတခါမှာလည်း “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လည်း အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

“ဒဏ္ဍာရီမိုးက ကာရိုက်တာအတွက်တော့ အရမ်းကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာ အကုန်လုံးကတာဝန်ကို အပြည့်ယူရတဲ့အထဲမှာ ကျနော့်နေရာနဲ့ ပတ်သက်ပြီးတော့လည်း အားရပါတယ်။ အကုန်လုံးကလည်း သင်ပေးတယ်။ ကျန်တာကိုတော့ ပရိသတ်ကပဲ ဆုံးဖြတ်ပေးမယ်လို့ ထင်ပါတယ်” လို့ ရွှေထူးကပြောပါတယ်။

“ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရဲတိုက် ၊ ဒေါင်း ၊ ရွှေထူး ၊ ဝတ်မှုံရွှေရည်တို့ရဲ့ ၄ ပွင့်ဆိုင် အချစ်ဇာတ်လမ်းကို တွေ့ရမှာပဲဖြစ်ပြီး “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

You May Also Like These Stories:

၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အဖြစ် မြင်တွေ့ရမယ့် “ဒဏ္ဍာရီမိုး”

“အဆိုးနဲ့အကောင်း ၂ခုကြားမှာ သဟဇာတဖြစ်အောင် နေထိုင်ပါတယ်”လို့ ရဲတိုက်ပြော

The post “ရဲတိုက်ရဲ့ မျက်လုံးတွေကို မကြည့်ရဲအောင် သရုပ်ဆောင် ကောင်းတယ်”လို့ ရွှေထူး ပြော appeared first on ဧရာဝတီ.

“အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ”လို့ ပြောတဲ့ ဝတ်မှုံရွှေရည်

$
0
0

ကစ်ကစ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာ အချစ်ကြီးတဲ့ မိန်းကလေး တယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့ အပြင်ကာရိုက်တာဟာလည်း အရမ်းကို အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါလို့ ပြောပါတယ်။

“ဒဏ္ဍာရီမိုးကားမှာ သရုပ်ဆောင်တာထက်ကို တကယ်ကို မိုးနှောင်း ဖြစ်သွားတဲ့အထိ မိုးနှောင်းဆိုတဲ့ ခံစားမှုကြီးနဲ့ပဲ ၁ ကားလုံး နေခဲ့တာဆိုတော့လေ ရိုက်နေရင်းနဲ့လည်း အရမ်းကို ခံစားခဲ့ရတယ်။ အပြင်မှာလည်း သံယောဇဉ်ကြီးပါတယ်။ အရမ်းလည်း ချစ်တတ်ပါတယ်။ အရမ်း အစွဲအလမ်း ကြီးပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဒီကားထဲမှာတော့ စိတ်ခံစားချက်ကိုဦးစားပေးပြီး သရုပ်ဆောင်ရတဲ့အတွက် နှစ်နှစ်ကာကာ စိတ်ထည့်ပြီးတော့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ကြိုတင်ပြီးတော့ ပြင်ဆင်တာတွေလည်း အများကြီးပဲ။ ရိုက်နေတုန်းမှာလည်း သေသေချာချာ စိတ်ထည့်ပြီးတော့ အရမ်းကို နှစ်နှစ်ကာကာ ခံစားပြီးတော့ ကိုယ်က တကယ် စီးမျောပြီးတော့ သရုပ်ဆောင်ထားတာပေါ့” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

“ဒဏ္ဍာရီမိုး”ရုပ်ရှင်ဇာတ်ကားမှာတော့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးတို့နဲ့အတူ ၄ ပွင့်ဆိုင် အချစ်ဇာတ်လမ်း တခုအဖြစ် ဖန်တီးထားတာကို သရုပ်ဆောင်ရတာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ခံစားရတာ ထပ်တူကျခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကားကို ကိုမိုးနီ လာပြီး ပြောကတည်းက အရမ်းကို ရိုက်ချင်သွားတာ။ ကိုယ်တိုင်ကိုက ငါကြိုက်လိုက်တာဆိုပြီး ဖြစ်သွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုမိုးနီကိုလည်း ကျေးဇူးတင်ရမယ်။ တကယ့်ကို သူကိုယ်တိုင် စီးမျောပြီး ခံစားပြီး ရေးထားတာဖြစ်တဲ့အတွက် သူခံစားရတာနဲ့ ကိုယ်ခံစားရတာ တထပ်တည်း ကျတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မကြာသေးမီအချိန်က တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Asia Special Award ဆုကို ရရှိထားပြီး မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး တိုးတက်စေချင်တယ်လို့ ဆိုပါတယ်။

“ကစ်ဘက်က ကိုယ့်ရဲ့ရုပ်ရှင်လောကအတွက်ကို တထောင့်တနေရာကပေါ့။ အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာမှာ အာရှဘက်မှာရော အကုန်လုံးက မြန်မာနိုင်ငံနဲ့ ပေါင်းပြီးတော့ အလုပ်တွဲလုပ်လာတယ်ပေါ့။ ဒီအချိန်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ကို တိုးတက်လာစေချင်တယ်။ တိုးတက်လာဖို့လည်း အများကြီးမျှော်လင့်တယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်က မြန်မာ့ရုပ်ရှင် တိုးတက်ဖို့အတွက် တထောင့်တနေရာကနေ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်းပြောပါတယ်။

You may also like these stories:

“ရဲတိုက်ရဲ့ မျက်လုံးတွေကို မကြည့်ရဲအောင် သရုပ်ဆောင် ကောင်းတယ်”လို့ ရွှေထူး ပြော

၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အဖြစ် မြင်တွေ့ရမယ့် “ဒဏ္ဍာရီမိုး”

“ကျနော် ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်”လို့ ဆိုလိုက်တဲ့ ဒေါင်း

“အဆိုးနဲ့အကောင်း ၂ခုကြားမှာ သဟဇာတဖြစ်အောင် နေထိုင်ပါတယ်”လို့ ရဲတိုက်ပြော

The post “အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ”လို့ ပြောတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.

အလှမယ်တဦး နာမည်တပ်ပြီး ပြောဆိုခဲ့ခြင်းအပေါ် မို့မို့မြင့်အောင်ဘက်က တုန့်ပြန်မှု

$
0
0

အကယ်ဒမီများရှင်မို့မို့မြင့်အောင်ကို ကာမလိမ်လည်မှုနဲ့ အမှုဖြစ်နေတဲ့ အလှမယ်တဦးက မကြာသေးခင်က အင်တာဗျူးတွေမှာ နာမည်တပ်ကာ ပြောဆိုခဲ့ခြင်းအပေါ် မို့မို့မြင့်အောင်က ဘဘဦးသုခရဲ့ဆုံးမစကားဖြင့် မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“မမို့အနေနဲ့ ပြောစရာမရှိပါဘူး။ ဘဘဦးသုခ ဆုံးမထားတာရှိတယ်လေ။ ဘုန်းမြင့်မြတ်သောသူ ဂုဏ်မြင့်မြတ်သောသူ အမျိုးမြင့်မြတ်သောသူတို့သည် မာန်ယူဖက်ပြိုင်ခြင်းဟာမထိုက်တဲ့အတွက် မဖြစ်ပါဘူး” လို့ မို့မို့မြင့်အောင် ကပြောပါတယ်။

မို့မို့မြင့်အောင်နှင့် ချိုပြုံးတို့က မီဒီယာများရဲ့အင်တာဗျူးများတခုမှာ အဆိုပါအလှမယ်ကို ပုတ်ခတ်ပြောဆိုခဲ့ခြင်း အပေါ် မကျေနပ်တာကြောင့် တရားရုံးအပြန်အင်တာဗျူးတခုမှာ နာမည်ပါထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

မို့မို့မြင့်အောင်က မကြာခင်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မယ့် မိုးအောင်ရင်နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောခဲ့ပါတယ်။

“သူအောင်မြင်ပါစေပဲ ဆုတောင်းရမယ်။ ရုပ်ရှင်တွေဗီဒီယိုတွေခေတ်ကပျက်တဲ့အခါကျတော့ အဲ့ကြားထဲကနေ ထိုးဖောက်ပါစေလို့ဆုတောင်းပါတယ်။ သားသားကအရွယ်လည်းရှိတယ်။ သူ့မျက်နှာလေးကလည်း ချောနေတဲ့ အခါကျတောာ့ လုပ်သင့်တာပေါ့။ သူလည်းအနုပညာအလုပ်လုပ်ဖို့မွေးလာတဲ့ လူသားတယောက်ဖြစ်နေတာကို” လို့ မို့မို့မြင့်အောင်ကပြောပါတယ်။

မိုးအောင်ရင်ကတော့ အကျဉ်းထောင်ထဲရှိနေစဉ်အတွင်း အင်္ဂလိပ်စာပြန်လည်သင်ကြားပေးခဲ့တယ်လို့သိရပြီး လိမ်လိမ်မာမာနေခဲ့အတွက် အမှတ်များရခဲ့တာကြောင့် အခုလိုလွတ်မြောက်ခဲ့တာဖြစ်မယ်လို့ ပြောပါတယ်။

“မမို့ပြန်ကြားတာတော့ သူအထဲမှာ အင်္ဂလိပ်ပြန်သင်ပေးတယ်တဲ့။ သူကအင်္ဂလိပ်စာသိပ်တော်တာကို။ ကျောင်းကလည်း ILBC ကဆိုတော့။ သားသားကုသိုလ်လည်းရတာပေါ့။ လိမ်လိမ်မာမာနဲ့နေခဲ့တဲ့အတွက် အမှတ်တွေအများကြီးရသွားတာဖြစ်မှာပေါ့”လို့ မို့မို့မြင့်အောင်ကပြောပါတယ်။

မို့မို့မြင့်အောင်ကတော့ MRTV 4 မှာထုတ်လွှတ်ပြသလျက်ရှိတဲ့ Myanmar Got Talent အစီအစဉ်မှာ ဒိုင်လူကြီးတဦးအဖြစ် ပါဝင်လျက်ရှိပါတယ်။

You may also like these stories:

ဝါရင့် မင်းသမီးကြီး နှစ်ယောက်ကို ဝါးလုံးရှည်နဲ့ ပတ်မရမ်းဖို့ ပြောလိုက်တဲ့ အလှမယ် သင်းသင်း

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

ပရဟိတမင်းသား ဝေဠုကျော်အပေါ် အနုပညာရှင်များရဲ့ အမြင်

The post အလှမယ်တဦး နာမည်တပ်ပြီး ပြောဆိုခဲ့ခြင်းအပေါ် မို့မို့မြင့်အောင်ဘက်က တုန့်ပြန်မှု appeared first on ဧရာဝတီ.

ကားအကြောင်း စိတ်ဝင်စားသူတွေ စောင့်ကြည့်ရမယ့် Le Mans ’66 ရုပ်ရှင်

$
0
0

ဇွန်လ ၃ ရက်နေ့မှာ Le Mans ’66 Trailer ကို Twenty Century Fox အနေနဲ့ စတင်မိတ်ဆက်ပြသခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ ၂၀၁၉ ခုနှစ်မှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိပြသတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ James Mangold ရိုက်ကူးထားတဲ့ Action,Biography,Drama အမျိုးအစား Le Mans ’66 ရုပ်ရှင်မှာတော့ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Christian Bale, Matt Damon တို့အပြင် တခြားသောသရုပ်ဆောင်ကောင်း များစွာက ပါဝင်သရုပ်ဆောင်ထားကြပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော်ကားကုမ္ပဏီနှစ်ခုဖြစ်တဲ့ Ford နဲ့ Ferrari တို့ရဲ့ပြိုင်ဆိုင်မှုတွေအပြင် အမေရိကန်ကားဒီဇိုင်နာတဦးဖြစ်တဲ့ Carroll Shelby နဲ့ ပြိုင်ကားမောင်းသမား Ken Miles တို့ကြားက ပုဂ္ဂိုလ်ရေးရာပြိုင်ဆိုင်မှုတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ကားဒီဇိုင်နာ Carroll Shelby အဖြစ် Matt Damon က သရုပ်ဆောင်ထားပြီး ပြိုင်ကားမောင်းသမား Ken Miles အဖြစ် Batman မင်းသား Christian Bale က သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်နောက်ခံရုပ်ရှင်ဇာတ်ကားကို နာမည်ကျော်မင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ အပြည့်အဝခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Trailer မှာတော့ Ford ကုမ္ပဏီဟာ သူတို့ရဲ့စီးပွားရေးခြေလှမ်းသစ်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ပြိုင်ကား တစီးကို ဖန်တီးပေးဖို့ Shelby ကို ချဉ်းကပ်ခဲ့တာနဲ့ စတင်ထားပါတယ်။ Ford ကုမ္ပဏီရဲ့အရေးပါသူ Lee Iacocca က Shelby ကို ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကားတစီးရဖို့ သူတို့အနေနဲ့ ဘာပြန်ပေးရမလဲလို့ မေးတဲ့အခါ Shelby က “ ပိုက်ဆံနဲ့ ဝယ်လို့မရတာ တခုခုပေါ့ဗျာ” လို့ပြန်ဖြေခဲ့ပါတယ်။

Le Mans ’66 ရုပ်ရှင်ကို Ford V Ferrari အဖြစ်သိရှိထားကြပြီး ကားဘီးနဲ့ လက်ကိုင်ကို အသီးသီးထိန်းချုပ်ထားကြတဲ့ အမျိုးသားနှစ်ဦးရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေကို နာမည်ကျော်မင်းသားနှစ်လက်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ရင်သပ်ရှုမော ခံစားကြရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Ref. www.empireonline.com

You may also like these stories:

“The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ်

တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”

Marvel ရုပ်ရှင်ကားတွေမှာ Lady Gaga ကို မြင်တွေ့ရဖွယ်ရှိ

The post ကားအကြောင်း စိတ်ဝင်စားသူတွေ စောင့်ကြည့်ရမယ့် Le Mans ’66 ရုပ်ရှင် appeared first on ဧရာဝတီ.

“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော

$
0
0

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၇နှစ်ကျခံရန် အမိန့်ချမှတ်ခံရပြီးနောက် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင်မိုးအောင်ရင်ကတော့ သူ့အနေနဲ့ မိသားစုကိုလည်း ဒုက္ခပေးခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ခံစားချက်တွေအတွက် နောင်တရလို့ မဆုံးဘူးလို့ ဆိုပါတယ်။

“ကျနော် ဒီလောက်ထိဒုက္ခပေးပြီးသွားပြီ။ ကျနော်တော်တော်ကို အားနာတယ်။ ကျနော် အဲ့အတွက်ကို တော်တော် စိတ်မကောင်းပါဘူး။ ကျနော့်သားသာဆိုရင် စိတ်တွေးမိပါတယ်။ တော်တော်မလွယ်ပါဘူး။ ကျနော်နောင်တရလို့ မဆုံးပါဘူး။ နောင်တဆိုတဲ့စကားလည်း မသုံးချင်ဘူး။ နောင်တဆိုတာက ပါးစပ်ကနေသာ ပြောနေရတာ။ ကျနော်အလုပ်နဲ့ပဲသက်သေပြချင်တယ်။ ဆက်ကြိုးစားသွားမယ်” လို့မိုးအောင်ရင်ကပြောပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့ပြီး မကြာခင်မှာလည်း မြင့်မြတ်နဲ့ အတူရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရှိတယ်လို့သိရပါတယ်။

“မြင့်မြတ်အခုဆိုရင် အောင်မြင်နေတယ်လို့သိရတာ ဝမ်းသာတယ်။ အခုဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ရိုက်ရမယ်ဆိုတော့ ပိုတောင်ဝမ်းသာသေးတယ်” လို့ မိုးအောင်ရင်က ပြောပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကိုတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမှာဖြစ်ပြီး ရုပ်ရှင်ကားအတွက် လက်ရှိမှာ ခန္ဓာကိုယ်ကျစ်လျစ်အောင် လက်ဝှေ့ကစားနေတယ်လို့ သိရပါတယ်။

“အရင်တုန်းက ကျနော့်ပေါင်ချိန်က ၁၃၅ပေါင် ကနေ၁၆၂လားမသိဘူး။ တော်တော်ကြီးကို များလာတယ်။ အခုတော့လက်ဝှေ့ ကစားနေတာ ၁၅၈ပေါင်လားမသိဘူးရှိသွားပြီ။ အခုလက်ဝှေ့ထိုးနေတယ်။ ၁လလောက်ရှိသွားပြီ။ နောက်ထပ်လည်းဆက်လုပ်သွားမယ်။ ကျစ်လစ်သွားအောင်လို့။ အရမ်းဝသွားတော့ကြည့် မကောင်းဘူး” လို့ မိုးအောင်ရင်ကပြောပါတယ်။

မိုးအောင်ရင်ကတော့ အကျဉ်းကျနေစဉ်အတွင်း အတွေ့အကြုံတချို့ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ကျနော့်ထက်နှစ်တွေ အများကြီးကျထားတဲ့သူတွေ ရှိတယ်။ တသက်တကျွန်းတို့ သေဒဏ်တို့ရှိတယ်ပေါ့။ အဲ့လိုလူမျိုးတွေတောင် နေနိုင်သေးတာပဲ။ ဒီလူတွေ ဘယ်လိုကျော်ဖြတ်လာလဲပေါ့။ ကျနော် ၁၇နှစ်ကျတဲ့အချိန်မှာ သူတို့ကိုကြည့်တာ အေးဆေးပဲ။ စင်ကာပူကတယောက်ရှိတယ်။ သူဆိုရင်မြန်မာလိုကို တော်တော်တတ်နေပြီ။ ၁၃နှစ်လားမသိဘူးရှိနေပြီ”

“ သူကအကြံပေးတယ်။ အပြင်က အကြောင်းလုံးဝမတွေးနဲ့ ဒီမှာနေနေရင် ဒီကအကြောင်းပဲတွေး။ ဒီထဲမှာနေရင် ဒီကလူတွေနဲ့အဆင်ပြေအောင်နေရမှာ အပြင်လူတွေအကြောင်း မတွေးနဲ့။ ကျနော်လည်း အတတ်နိုင်ဆုံး မေ့ထားလိုက်တယ်။ အဲ့လိုမေ့ထားလိုက်လို့လည်း ထွက်လာတော့ အိပ်မက်လား၊ တကယ်လား ဆိုတာဖြစ်တာ” လို့မိုးအောင်ရင်ကပြောပါတယ်

မိုးအောင်ရင်ကတော့ အကျဉ်းထောင်အတွင်းမှာ သူတတ်မြောက်တဲ့အင်္ဂလိပ်စာကို လူအယောက် ၃၀အား သင်ကြားပေးခဲ့ပြီး ၁လအကြာမှာပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

The post “မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော appeared first on ဧရာဝတီ.

ကွာရှင်းပြီး ပထမဆုံးအကြိမ် ပွဲတက်ရောက်ခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

$
0
0

ကွာရှင်းသတင်းတွေ တရားဝင်ထုတ်ပြန်အပြီးမှာတော့ မင်းသမီး ဆောင်းဟေဂို ပထမဆုံးအကြိမ် ပွဲတက် ရောက်ခဲ့ပါတယ်။ ဇူလိုင် ၆ ရက်က တရုတ်နိုင်ငံမှာကျင်းပတဲ့ Sulwhasoo အလှကုန်ပစ္စည်းပွဲမှာ တက်ရောက် ခဲ့တဲ့ ဆောင်းဟေဂိုရဲ့ ပွဲတက်ပုံတွေကို Harper’s Bazaar Hong Kong က Instagram မှာ တင်ပေးခဲ့တာပါ။

Sulwhasoo အမှတ်တံဆိပ်ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်တဲ့ ဆောင်းဟေဂို ပွဲတက်ရောက်ဖြစ်တဲ့အကြောင်းကို လွန် ခဲ့တဲ့ ရက်ကပဲ စီစဉ်သူတွေက အတိပြုခဲ့ပါတယ်။ ကွာရှင်းတာကြောင့် ပွဲကိုပျက်ကွက်မှာမျိုး ဆောင်းဟေဂိုအေ ဂျင်စီဘက်က ဘာမှမထုတ်ပြန်ခဲ့တာကြောင့် ပုံမှန်အစီအစဉ်တိုင်း ကျင်းပခဲ့တာပါ။ စီစဉ်သူတွေဘက်ကတော့ အချိန်နဲ့ အသေးစိတ် အစီအစဉ်တွေကို ကြိုတင်မထုတ်ပြန်ခဲ့ပါဘူး။

ဇူလိုင် ၆ ရက်မှာကျင်းပတဲ့ပွဲမှာ အဖြူရောင်ဂါဝန်လေးနဲ့ လှနေတဲ့ ဆောင်းဟေဂိုရဲ့ ပွဲတက်ပုံရိပ်တွေကို မြင်တွေ့ ခဲ့ရလို့ ပရိသတ်တွေ ကျေနပ်ခဲ့ရသလို မီဒီယာတွေမှာလည်း ကွာရှင်းပြီးပထမဆုံးအကြိမ် မြင်တွေ့ရတဲ့ ဆောင်း ဟေဂို ဆိုပြီး ခေါင်းစဉ်တွေတပ်ကာ သတင်းတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ လတ်တလောမှာ ခင်ပွန်းသည် ဆောင်ဂျွန်ကီနဲ့ ကွာရှင်းခဲ့ တာကြောင့် ပွဲမှာ မီဒီယာတွေရဲ့ အထူးအလေးပေး စိတ်ဝင်စားခြင်းကိုပါ ခံခဲ့ရပါတယ်။

ဇွန်လ ၂၇ ရက်မှာ ဆောင်ဂျွန်ကီရဲ့ ရှေ့နေက ကွာရှင်းသတင်းကို တရားဝင်ထုတ်ပြန်ပေးခဲ့သလို ကွာရှင်းမှုကို လည်း တဖက်နဲ့တဖက် အဆင်ပြေပြေနဲ့ ပြီးဆုံးသွားချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆောင်းဟေဂိုရဲ့ အေဂျင် စီကလည်း တယောက်နဲ့တယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ကွာရှင်းခဲ့တာဖြစ်ပြီး မမှန်တဲ့ စွပ်စွဲချက်တွေ မပြောဖို့ ကြေညာခဲ့ပါတယ်။

ဆိုးလ်တရားရုံးမှာ တင်ထားတဲ့ ကွာရှင်းမှုကို တလအကြာ သြဂုတ်လကုန်ပိုင်းလောက်မှာ အပြီးသတ်နိုင်လိမ့် မယ်လို့ ခန့်မှန်းထားကြပါတယ်။ ကွာရှင်းမှုမှာ ကလေးအုပ်ထိန်းခွင့်နဲ့ တခြားအကြောင်းအရာတွေ မရှိတာ ကြောင့် နှစ်ယောက်ပေါင်း ပိုင်ဆိုင်မှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၆ ဒဿမ ၅ သန်းကျော်ကိုပဲ ခွဲဝေယူကြ ရမှာပါ။

Ref: Soompi

You May Also Like These Stories:

ဇာတ်လမ်းတွဲ မရိုက်ဖြစ်တာ ကွာရှင်းမှုနဲ့ မဆိုင်ဘူးလို့ ဆောင်းဟေဂိုရဲ့ အေဂျင်စီ ပြောကြား 

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

ဆောင်းဟေဂိုနဲ့ ပတ်ဘိုဂွန်းတို့ ပါဝင်တဲ့ “Boyfriend” ဇာတ်လမ်းတွဲ နိုဝင်ဘာလတွင် ပြသမည်

The post ကွာရှင်းပြီး ပထမဆုံးအကြိမ် ပွဲတက်ရောက်ခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို appeared first on ဧရာဝတီ.

ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber

$
0
0

အဆိုတော် Mariah Carey ဟာ ပုလင်းအဖုံးကို ခြေထောက်နဲ့ ကန်ဖွင့်ရတဲ့ စိန်ခေါ်မှု (The Bottle Cap Challenge) ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် အဲ့ဒီစိန်ခေါ်မှုဟာ အခြားအနုပညာရှင်တွေဆီ ပျံ့နှံ့သွားတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာ ပါဝင်လာတာကတော့ အဆိုတော် Justin Bieber ဖြစ်ပြီး အဲ့ဒီစိန်ခေါ်မှုကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

သူက အဲ့ဒီစိန်ခေါ်မှုကို လုပ်ဆောင်နေတဲ့ ဗီဒီယိုကို Instagram မှာ ပြန်တင်တဲ့အခါ “ကျနော်က Tom Cruise နဲ့ Hailey Bieber ကို အဆိုပြုပါတယ်” လို့ ရေးသားခဲ့ပါတယ်။

View this post on Instagram

I nominate Tom cruise and Hailey Bieber

A post shared by Justin Bieber (@justinbieber) on

Justin Bieber ဟာ သူ့ရဲ့ ခြေထောက်နဲ့ ပုလင်းအဖုံးကို ကန်ဖွင့်စဉ်မှာ သူက “ဒါဟာ Tom Cruise ရဲ့ခေါင်းဖြစ်မှာပါ” လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ စိန်ခေါ်မှုနဲ့ ပတ်သက်လို့ မင်းသား Tom ဘက်က တခုခု တုံ့ပြန်ပြောဆိုတာမျိုး ရှိသေးပါဘူး။ မကြာသေးခင်တုန်းကတော့ အဆိုတော် Bieber ဟာ UFC ကြိုးဝိုင်းအတွင်းမှာ တပွဲတလမ်း အကဲစမ်းမယ်ဆိုပြီး “Mission Impossible” ရုပ်ရှင်မင်းသား Cruise ကို စိန်ခေါ်ခဲ့ပါသေးတယ်။

အဲ့ဒီအချိန်တုန်းကလည်း မင်းသား Cruise ဘက်နေ တခုခုတုံ့ပြန်ပြောဆိုတာမျိုး မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆိုတော် Bieber က သူက နောက်ပြောင်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။

အခုလိုမျိုး နောက်ဆုံးပေါ် စိန်ခေါ်မှုကို နောက်ထပ် လိုက်လုပ်တဲ့သူက အဆိုတော် Bieber ရဲ့ ဇနီး Hailey Bieber ဖြစ်ပြီးတော့ ပုလင်းအဖုံးကို အမိုက်စားပုံစံနဲ့ ဖွင့်သွားတာကို တွေ့ရပါတယ်။

မော်ဒယ် Hailey ဟာ ပုလင်းအဖုံးကို ခရီးကြမ်းစီးဆိုင်ကယ်(ATV) ပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ ဖွင့်သွားတာဖြစ်ပါတယ်။ သူက အဲ့ဒီဗီဒီယိုကို Instagram အကောင့်မှာ ပြန်တင်ချိန်မှတော့ Kendall Jenner နဲ့ Justine Skye တို့ကို စိန်ခေါ်ခဲ့တာ တွေ့ရပါတယ်။

Ref. etcanada

You May Also Like These Stories:

ကမ္ဘာအနှံ့ကလူတွေ ရိုက်ကူးခဲ့တဲ့ ကမ္ဘာမြေရဲ့ 10 Years Challenge ပုံရိပ်များ

သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေတဲ့ အမှိုက်ကောက် Challenge ရဲ့ အကောင်းဆုံး ဓာတ်ပုံများ

မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ “ပိုးဟပ် Challenge” လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေ

The post ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber appeared first on ဧရာဝတီ.


တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan”ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ

$
0
0

Disney ဟာ တချိန်တုန်းက အောင်မြင်ခဲ့တဲ့ ဂန္တဝင်ကာတွန်းရုပ်ရှင်တွေကို လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ဖန်တီးထားတဲ့ (Live-action) ရုပ်ရှင်တွေအဖြစ် ပြန်လည်ဖန်တီးတဲ့နေရာမှာ အခုနောက်ဆုံး ပရိသတ်တွေ မြင်တွေ့လိုက်ရတာကတော့ ဒါရိုက်တာ Niki Caro ရိုက်ကူးထားတဲ့ “Mulan” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဂူးဂူးလို့ လူသိများတဲ့ မင်းသမီး Liu Yifei ကတော့ တရုတ်နိုင်ငံမှာ တအိမ်ထောင် အမျိုးသားတယောက် စစ်ပွဲထွက်တိုက်ရမယ်ဆိုတဲ့ အမိန့်ကြောင့် ကွယ်လွန်သူ ဖခင်ဖြစ်သူအစား စစ်ထွက်ရမယ့် အမျိုးသမီး သူရဲကောင်း မူလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်းအရာမှာဆိုရင် “တရုတ်ဧကရာဇ်ကြီးဟာ တအိမ်ထောင်အမျိုးသား တယောက်စီ တော်ဝင်စစ်တပ်မှာ တာဝန်ထမ်းပြီး နိုင်ငံမြောက်ပိုင်းက ကျူးကျော်သူတွေကို ကာကွယ်ဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဂုဏ်ထူးဆောင်စစ်သည်တော်ကြီးရဲ့ သမီးကြီး ဟွာမူလန်ဟာ ဖခင်ဖြစ်ရဲ့ ခြေရာကို နင်းရမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

မူလန်ဟာ ဟွာဂျွန်ဆိုတဲ့ အမျိုးသားတယောက်အနေနဲ့ ဝတ်စား ဆင်ယင်ပြီး အမျိုးသားတွေအတွက်တောင် ခက်ခဲကြမ်းတမ်းလွန်းတဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်တော့ “လှပ ကျော့ရှင်းရမယ်။ တည်ငြိမ် ရင့်ကျက်ရမယ်။ ဂုဏ်သိက္ခာ ရှိရမယ်” ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ဆန့်ကျင်ရာအရပ်မှာ ဂုဏ်ထူးဆောင် စစ်သည်တော်တဦးအနေနဲ့ နိုင်ငံ့ကျေးဇူးကို ဆပ်ပြီး ဖခင်ဖြစ်သူကို ဂုဏ်ယူစေခဲ့တဲ့ သမီးဖြစ်ပါတယ်။

အခုရုပ်ရှင်မှာတော့ မင်းသမီး Liu နဲ့အတူ တပ်မှူး Tung အဖြစ် မင်းသား Donnie Yen ၊ Böri Khan အဖြစ်မင်းသား Jason Scott Lee၊ Cheng Honghui အဖြစ် မင်းသား Yoson An၊ Xianniang အဖြစ် မင်းသမီး ဂေါင်းလီနဲ့ ဧကရာဇ်ကြီးအဖြစ် မင်းသား ဂျက်လီတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင် အမြည်းဗီဒီယိုနဲ့အတူ Disney ဟာ “Mulan” ရုပ်ရှင်အတွက် တရားဝင် ပိုစတာကို ဖြန့်ချိခဲ့ပါတယ်။ အခုရုပ်ရှင်ကိုတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။

Ref. etcanada

You May Also Like These Stories:

Disney က မူလန်အသစ်လေး Liu Yifei ရဲ့ စိတ်ဝင်စားဖွယ်အချက် ၅ ချက်

တရုတ်မင်းသမီး Liu Yifei (ဂူးဂူး) ကို “Mulan” ရုပ်ရှင်မှာ မြင်တွေ့ရမည်

The post တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ appeared first on ဧရာဝတီ.

တကမ္ဘာလုံး သန့်ရှင်းရေးအတွက် Iron Man မင်းသား ပြုလုပ်မယ့် ၁၀ နှစ်တာ စီမံကိန်း

$
0
0

သင်ဟာ Marvel ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူ တယောက်ဖြစ်တယ်ဆိုရင်တော့ Iron Man ဇာတ်ကောင် Tony Stark နေရာမှာ သရုပ်ဆောင်တဲ့ Robert Downey Jr. ကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။

Iron Man ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင် မင်းသားတဦးဖြစ်တဲ့ Robert Downey Jr. ဟာ ကမ္ဘာ့ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အစီအစဉ်တခုကို လုပ်ဆောင်နေပြီး အဲဒီအစီအစဉ်ဟာ သေချာပေါက် ထိရောက်နိုင်တယ်လို့ မျှော်လင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။

သူ့ရဲ့ အစီအစဉ်ကတော့ အဆင့်မြင့်နည်းပညာကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အဓိကထား ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အဲဒီ အစီအစဉ်ကို ဆောင်ရွက်ဖို့အတွက် The Footprint Coalition ကို ဖွဲ့စည်း တည်ထောင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပရောဂျက်ကတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ သန့်ရှင်းရေးပြုလုပ်မှာဖြစ်ပြီး AI (Artificial Intelligence) အသုံးပြုမယ့် ၁၀ နှစ်တာ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။ Amazon မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ အခုအစီအစဉ်ကို အတိအလင်းကြေညာခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးရဲ့ ဦးတည်ချက်ဟာလည်း အဆင့်မြင့်စက်ရုပ်နဲ့ စက်တွေရဲ့ အကျိုးကျေးဇူးတွေနဲ့ လုပ်ဆောင်နိုင်စွမ်းကို အဓိကထား ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။

Robert Downey Jr. ဟာ သူ့ရဲ့ ပရောဂျက်ကို အသေးစိတ် မမျှဝေခဲ့ပေမယ့် စာအုပ်နဲ့ ရုပ်ရှင်တွေအရ AI ဟာ အကောင်းအဆိုး အကျိုးဆက်တွေအတွက် အသုံးချသူအပေါ် မူတည်တဲ့ အရာတခု ဖြစ်တာကြောင့် သူအနေနဲ့ကတော့ လူသားအကျိုးအတွက် လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြသွားခဲ့တာပါ။

Robert Downey Jr. က “စက်ရုပ်နဲ့ နာနိုနည်းပညာကို သေချာအသုံးချပြီး ကမ္ဘာတခုလုံးကို သန့်ရှင်းရေးပြုလုပ် သွားနိုင်မှာပါ။ အခုချက်ချင်း မဟုတ်ရင်တောင် ၁၀ နှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်မှာပါ” လု့ိ အစည်းအဝေး တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ဧပြီလ မတိုင်ခင်အထိတော့ ပရောဂျက် အသေးစိတ်ကို ဘယ်သူမှ သိရှိရဦးမှာ မဟုတ်သေးဘဲ ပရောဂျက် စတင်ချိန်မှာတော့ The Footprint Coalition အဖွဲ့အစည်းရဲ့ Website မှာ ပရောဂျက်ရဲ့ လမ်းကြောင်းနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။

Ref. brightside.me

You May Also Like This Story:

“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.

The post တကမ္ဘာလုံး သန့်ရှင်းရေးအတွက် Iron Man မင်းသား ပြုလုပ်မယ့် ၁၀ နှစ်တာ စီမံကိန်း appeared first on ဧရာဝတီ.

Titanic ရုပ်ရှင်ထဲက ဆွဲကြိုးနဲ့ လူမြင်ကွင်းကို ထွက်လာတဲ့ Celine Dion

$
0
0

Titanic ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးသီချင်းကို သီဆိုခဲ့တဲ့ ကမ္ဘာကျော် အဆိုတော် Celine Dion ဟာ ရုပ်ရှင်ထဲက ဆွဲကြိုးပုံစံတူကို ဆွဲပြီး လူမြင်ကွင်းကို ထွက်လာခဲ့ပါတယ်။ Titanic ရုပ်ရှင်ဇာတ်ကားဟာ သူနဲ့ ကံစပ်တဲ့ ဇာတ်ကားလို့ ဆိုနိုင်ပြီး “My Heart Will Go On” ဆိုတဲ့ သီချင်းနဲ့ အော်စကာ ရခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Celine Dion ဟာ ပြင်သစ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး အပေါ်ထပ်ကုတ်၊ စကပ်အမည်းနဲ့  အင်္ကျီအဖြူတို့ကို ဝတ်ဆင်ပြီး ဆွဲကြိုး ဆွဲထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လိုက်ဖက်မှု မရှိတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ထားတယ်လို့ ဝေဖန်နေပေမယ့် သူကတော့ ဂရုစိုက်ပုံ မပေါ်ပါဘူး။

သူ ဝတ်ဆင်ထားတဲ့ I Love Paris ဆိုတဲ့ အင်္ကျီကို “I Love  Paris Hilton” လို့ အရွှန်းဖောက်တဲ့ သဘောနဲ့ ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ ပဲရစ်ဖက်ရှင်ရှိုးပွဲမှာတော့ ဆင်စွယ်ရောင် ခပ်ဖျော့ဖျော့ ဂါဝန်ကို ရွှေရောင် ဖိနပ်နဲ့ တွဲစီးပြီး ပွဲတက်လာတာကြောင့် လူအများမျက်စိကျခြင်းကို ခံခဲ့ရပါသေးတယ်။

Celine Dion ဟာ ဒီဆွဲကြိုးကို ၁၉၉၈ ခုနှစ် အော်စကာ ဆုပေးပွဲမှာ ပထမဆုံးအကြိမ် ဝတ်ဆင်ခဲ့ပါတယ်။ ၅၆ ကာရက်ရှိတဲ့ ဒီဆွဲကြိုးကို အခုလို သွားရင်းလာရင်း ဆွဲထားတာကတော့ အံ့သြစရာဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ် နေပါတယ်။

Ref. today.com

You may also like these stories:

အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်

Céline Dion ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်မည့် “ The Power Of Love” ရုပ်ရှင် ရိုက်ကူးမည်

Celine Dion ရဲ့ အလွန်ပိန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်များ စိုးရိမ်နေ

Las Vegas မှာ အခြေစိုက်ဖျော်ဖြေပွဲတွေကို အဆုံးသတ်တော့မယ့် အဆိုတော် Celine Dion

The post Titanic ရုပ်ရှင်ထဲက ဆွဲကြိုးနဲ့ လူမြင်ကွင်းကို ထွက်လာတဲ့ Celine Dion appeared first on ဧရာဝတီ.

“ခွဲစိတ်မှုခံယူပြီး အရင်ကထက် အသံပိုကျယ်လာမယ် ထင်တယ်”လို့ နေမင်း ပြော

$
0
0

မကြာသေးခင်က မျက်နှာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် နေမင်းဟာ အများထင်နေသလို သူ့ရဲ့ မေးရိုးကို လှီးလိုက်တာ မဟုတ်ဘဲ မေးရိုး မညီတာကို ညှိလိုက်တာလို့ ပြောပါတယ်။

“အရမ်းကြီး ပြောင်းလဲသွားတာတော့ မရှိပါဘူး။ ဟိုဘက်၊ ဒီဘက် ဘေးလေး ညှိလိုက်တဲ့ သဘောပါပဲ။ ခွဲစိတ်တာက ဂန်းနမ် Medical Center ကြော်ငြာဖို့အတွက် စပြီးတော့ ပြောကြဆိုကြရင်းနဲ့ လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ V Shape ပုံစံမျိုး မေးရိုးကြီး လှီးလိုက်တာတော့ မဟုတ်ဘူး။ မေးရိုး၂ ဖက် မညီတာကို ညှိလိုက်တဲ့သဘောပါ”လို့ သရုပ်ဆောင် နေမင်းက ပြောပါတယ်။

အဆိုပါ ခွဲစိတ်မှု ပြုလုပ်လိုက်တဲ့အတွက် အသံနဲ့ ပတ်သက်ပြီး စကားပြောရတာလည်း ကောင်းသွားတဲ့အပြင် အသံလည်း ပိုကျယ်လာတယ်လို့ ဆိုပါတယ်။

“အသံနဲ့ ပတ်သက်ပြီး တခုကောင်းသွားတယ်။ အရင်က ကျနော် စကားပြောရင် ပါးစပ် အရမ်းဟလို့ မရဘူး။ ဘေးနားက တခုခု ခုနေသလို ခံစားရတယ်။ အရမ်း အကျယ်ကြီး ဟလိုက်ရင် ဘေးကို ကိုက်မိသလိုဖြစ်တယ်။ အဲဒါ သက်သာသွားတယ်။ အသံကတော့ ပုံမှန် မဖြစ်သေးဘူးဆိုတာ ရောင်နေတုန်း။ ချုပ်ရိုးဖြေတာ ၁ လပဲ ရှိသေးတာဆိုတော့ ၂ လဆိုရင် အရောင် လျော့တော့မယ်။ ၆ လဆိုရင် ပုံမှန်ဖြစ်မယ်။ အဲ့ကျရင်တောာ့ အသံက ပိုကျယ်လာလိမ့်မယ် ထင်တယ်”လို့ နေမင်းက ပြောပါတယ်။

ယခင်က စကားပြောရင် အံကြိတ်ပြီး ထိန်းပြောနေပြီး ထမင်းစားရင်လည်း ပါးကို ကိုက်မိတာမျိုးတွေ ရှိခဲ့တဲ့ ကိစ္စများက သက်သာသွားတယ်လို့ သိရပါတယ်။

“အရင်တုန်းက ကျနော်စကားပြောရင် အံကြိတ်ပြီးပြောတယ်ဆိုတာက ထိန်းပြောရတာ။ ထမင်းစားလို့ မြန်မြန်စားရင်လည်း ပါးကို ကိုက်မိတယ်။ ဘေးက ပါးစုန့် ၂ ခုက သွားဖုံးထဲကို လာလာဝင်တာကိုး။ အကြော မလွတ်တာလား မသိဘူး။ ငယ်ငယ်ကတည်းက အဲ့လိုရှိတယ်။ အခုတော့ ပါးစပ်ပိတ်လို့ ဟလို့ ကောင်းတယ်။ ဘေးက ခုနေတဲ့ဟာကြီး မရှိတော့ဘူး။ အဲ့တခုတော့ သိသာတယ်။ ကျန်တာကတော့ ထွေထွေထူးထူးကြီးမသိသာသေးဘူး”လို့ နေမင်းက ပြောပါတယ်။

ပထမဆုံးအကြိမ် ခွဲစိတ်မှု ပြုလုပ်တာဖြစ်ပြီး နောက်ထပ် ခွဲစိတ်မှုအနေနဲ့တော့ မလုပ်ဖြစ်လောက်တော့ဘူးလို့ သိရပါတယ်။

“နောက်ထပ်ကတော့ မလုပ်ဖြစ်လောက်တော့ဘူး ထင်တယ်။ ဒီဟာ လုပ်ဖို့တောင် တော်တော်ကြီးကို စဉ်းစားတယ်။ တိုက်လည်း တိုက်ဆိုင်သွားလို့ပါ။ ဒီဟာက မင်းသား မလုပ်ခင် ယိုးဒယားမှာကတည်းက လုပ်ဖို့အတွက် တွေးဖြစ်ခဲ့ကြတယ်။ မလုပ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလည်း ကိုရီးယားမှာလုပ်ဖို့ စဉ်းစားခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး” လို့ နေမင်းကပြောပါတယ်။

နေမင်းကတော့ သူ့ကိုဝေဖန်ပြောဆိုကြတဲ့သူတွေလည်း သူ့ကို နေရာတခုပေးပြီး ပြောဆိုပေးကြတဲ့အတွက် ကျေးဇူးတင်မိပြီး သူ့ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူကတော့ ချစ်ပါတယ်လို့ ပြောပါတယ်။

“လူဆိုတာတော့ သူတို့ရဲ့အခွင့်အရေးအရ ကြိုက်သလိုပြောခွင့် ရှိကြပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အကုန်လုံးက သူတို့ရဲ့ စိတ်ခံစားမှုအရ ပြောခွင့် ရှိတယ်။ ကျနော်ကတော့ ကျေးဇူးတင်တယ်။ သူတို့ အဲ့လိုပြောတာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့စိတ်လေးထဲမှာ ကျနော့်အတွက် နေရာလေးတခု ခဏလေး ပေးလိုက်တဲ့အတွက်ကို ကျေးဇူးလည်းတင်ပါတယ်”

“ချစ်မြဲလည်း ချစ်ပါတယ်။ ကျနော့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ကျနော်ကတော့ ချစ်တယ်လို့ပြောပါရစေ”လို့ နေမင်းက ပြောပါတယ်။

You may also like these stories:

“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ 

သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲကို အားတက်သရောပါဝင်ကူညီခဲ့ကြတဲ့ နေမင်းနဲ့ အေးမြတ်သူ

The post “ခွဲစိတ်မှုခံယူပြီး အရင်ကထက် အသံပိုကျယ်လာမယ် ထင်တယ်”လို့ နေမင်း ပြော appeared first on ဧရာဝတီ.

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်”

$
0
0

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှု ကိစ္စများနဲ့ ပတ်သက်ပြီး အဆိုတော် အောင်ထက်က လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လူတွေ အသိဉာဏ်မဲ့လာကြတာပေါ့။ သက်ငယ်မုဒိမ်းက မဖြစ်သင့်တဲ့ ကိစ္စပါ။ ကလေးတွေကို အဲဒီလိုကြီး မဖြစ်စေချင်ဘူး။ စိတ်မကောင်းလည်း ဖြစ်တယ်။ လူတွေ အသိဉာဏ်မဲ့လာတာတွေကို ပိုပြီး ဝမ်းနည်းမိတယ်။ ကလေးတွေကို သက်သက် အနိုင်ကျင့်ပြီးတော့ မြင်ရတာလည်း မကောင်းဘူး။ လူ့ပတ်ဝန်းကျင်အတွက်လည်း မကောင်းတဲ့အတွက် တော်တော်လေး ရှုံ့ချပါတယ်။ တချို့အရာတွေက ဂရုစိုက်ရင်းက ဖြစ်သွားတာတွေလည်း ရှိတယ်။ အဲ့အတွက် ပိုပြီး ဂရုစိုက်ကြပါ”လို့ အောင်ထက်က ပြောပါတယ်။

အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ် အားပေးမှု ရရှိလာတဲ့ အောင်ထက်က အခုချိန်မှာတော့ တယောက်တည်း သီချင်းတွေလုပ်ရင်း အချိန်ကုန်နေတယ်လို့ ဆိုပါတယ်။

“ကျနော် အနုပညာအလုပ်တွေတော့ လုပ်နေပါတယ်။ သီချင်းတွေ သွင်းတယ်၊ ရှိုးတွေ ဆိုတယ်။ မိသားစုနဲ့လည်း ခရီးတွေ ထွက်ဖြစ်တယ်။ ပရိသတ်တွေအတွက် သီချင်းသစ်တွေလည်း လုပ်ဖြစ်တယ်။ စုံတွဲသီချင်းတွေလည်း လုပ်နေတယ်။ Album ထက် တပုဒ်ချင်းစီပဲ ချပြသွားဖို့ ရှိတယ်။ သြဂုတ်လလောက်မှာ သီချင်းတွေ ထွက်လာဖို့ ရှိတယ်”

“နီနီခင်ဇော်နဲ့ ၂၀၁၈ Musical Show မှာတုန်းက ဆိုခဲ့တဲ့ ကိုဓီရာမိုရ် ရေးတဲ့ သီချင်း တပုဒ်ကို Music Video ရိုက်ပြီး ထွက်ဖို့ လုပ်ထားပါတယ်။ အချစ် သီချင်းလေးပါ၊ ကျနော်တို့ နှစ်ယောက်ပဲ သရုပ်ဆောင်မှာပါ။ သူ့ကို အကူအညီ တောင်းပြီး ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ပါမယ်။ ပရိသတ်တွေလည်း ကျန်းမာရေး ဂရုစိုက်ကြပါ။ သီချင်းလေးတွေ ထွက်လာရင်လည်း အားပေးကြပါ”လို့ အောင်ထက်က ပြောပါတယ်။

သီချင်းဆိုပြိုင်ပွဲ ဝင်ကြမယ့် လူငယ်တွေကိုလည်း အောင်ထက်က ကိုယ်လုပ်ချင်တာကို ဖြစ်မြောက်အောင် လုပ်ကြဖို့နဲ့ တကယ် ဂီတလုပ်ငန်းကို လုပ်တော့မယ်ဆိုရင်လည်း ကိုယ်တိုင်အကောင်းဆုံး ရပ်တည်နိုင်ဖို့ အတွက် ပိုစဉ်းစားပြီး ကြိုးစားစေချင်တယ်လို့ အကြံပေးပါတယ်။

အဆိုတော် အောင်ထက်ဟာ “အိပ်မက်ဆုံရာ ရာသက်ပန်” သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် “ဟေး မိတ်ဆွေ”ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ပြီး ဒုတိယမြောက် အခွေအဖြစ် “နှစ်” ဆိုတဲ့ Audio Album လည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားပါတယ်။

You may also like these stories:

“သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ လုပ်ရပ်ဟာ လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူး”

The post “သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်” appeared first on ဧရာဝတီ.

Viewing all 7258 articles
Browse latest View live