Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထောင်တွင်းအတွေ့အကြုံတွေကို တစုံတယောက်ကိုပဲ ပြောပြမယ်ဆိုတဲ့ သရုပ်ဆောင်ရဲတိုက်

$
0
0

တောင်ငူထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် လေးနှစ်ကျော် ပြစ်ဒဏ်ကျခံခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံများ၊ ရှေ့ဆက် လုပ်ဆောင်မယ့် အနုပညာရေးရာ တွေနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာန အပါအဝင် သတင်းမီဒီယာများက မေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ထောင်ထဲမှာ နေခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ဝေမျှပေးပါဦး။

ဖြေ။ ။ထောင်ထဲက အတွေ့အကြုံတွေက တယောက်ကိုပြောဖို့ချန်ထားတာဗျ။ ပရိသတ်အတွက်က ဘာမှမထူးဘူး။ ကျနော့်ပရိသတ်အတွက်ကို စိတ်မကောင်း မဖြစ်စေချင်ဘူး ကျနော့် ကိုယ်စား ဝမ်းမနည်းစေချင်ဘူး ပရိသတ်ကို အပျော်ပဲ ပေးချင်တာပါ။ ထောင်ထဲက ကိစ္စကို မိန်းမရမှ မိန်းမကိုပြောပြမယ်။

မေး။ ။လွန်ခဲ့တဲ့ ၄နှစ်ကျော်က စိတ်နဲ့ အခုစိတ်နဲ့ ဘာများပြောင်းလဲမှုရှိမလဲ။

ဖြေ။ ။မနေ့ကတောင် ကျနော်မပျော်ဘူး။ ဒီနေ့ကျနော်ပျော်တယ် လွန်ခဲ့တဲ့ ၄ နှစ်ကျော် အချိန်ဆိုရင်တော့ စဉ်းစားကြည့်ပေါ့။

မေး။ ။ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပြန်ပြုပြင်ဖို့ရော ရှိလား။

ဖြေ။ ။စိတ်ဓာတ်ကတော့ 100% Fine။ ပြန်ပြင်စရာမလိုပါဘူး။

မေး။ ။အခုဖြစ်ရပ်တွေမှာ နောင်တရတဲ့အဖြစ်တွေရှိရင် ပြောပြပေးပါ။

ဖြေ။ ။နောင်တကတော့ တသက်လုံးရဖို့မရှိဘူး။

မေး။ ။ထောင်ထဲမှာ ဇာတ်ညွှန်းတပုဒ် ရေးထားတာရှိတယ်လို့ သိရတယ် အဲဒါကရော ဘယ်ထိပြီးသွားပြီလဲ။

ဖြေ။ ။Scene 16 ထိပဲ ပြီးသေးတယ်။ သဘောတရားအရပြောရရင် ၃ ပုံ ၁ ပုံတော့ ပြီးသွားပါပြီ သေချာပြန်လုပ်ရဦးမှာပါ။

မေး။ ။ လာမယ့်အနာဂတ်မှာ ဘယ်လိုမျိုး ဖြတ်သန်းသွားဖို့ရှိပါသလဲ။

ဖြေ။ ။ ပရိသတ်ကအခု ကျနော့်အတွက် ထပ်မှားမှာကို စိုးရိမ်နေကြတယ်မှတ်လား။ မစိုးရိမ်ရအောင် နေပေးပါမယ်လို့ ကျနော့်အတွက် မခက်ပါဘူးလို့။

မေး။ ။ ကိုယ့်အတွက် တခုခုဆုံးရှုံးသွားတယ်လို့ ခံစားရလား။

ဖြေ။ ။ကျနော်က တခုဆုံးရှုံးရင် တခုပြန်ယူလိုက်တာပဲ။ ထောင်ထဲက ပြန်ယူတာတွေ အများကြီးပဲ။

မေး။ ။ထပ်မှားမှာကို ကြောက်နေတဲ့ ပရိသတ်အတွက်ကိုရော ဘာများထပ်ပြောချင်သေးလဲ။

ဖြေ။ ။ မိုးရာသီမှာ မိုးကတခါတလေ ခြိမ်းတတ်တယ်ပဲ။ နေ့တိုင်းကြောက်နေရင်တော့ ဒုက္ခပဲ။ ကျနော် မပြောတတ်ဘူး။

The post ထောင်တွင်းအတွေ့အကြုံတွေကို တစုံတယောက်ကိုပဲ ပြောပြမယ်ဆိုတဲ့ သရုပ်ဆောင်ရဲတိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ