Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်

$
0
0

တောင်ငူထောင်တွင် မူးယစ်ဆေးဝါးမှုနဲ့ လေးနှစ်ကျော် ပြစ်ဒဏ်ကျခံခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်ဟာ နိုဝင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

“ တောင်ငူထောင်မှာ ပထမ ၁ နှစ်၊ အင်းစိန်မှာ ၂ နှစ် ပြီးတော့ တောင်ငူမှာ နောက်ထပ် ၁ နှစ် နေခဲ့ပါတယ်။ ထောင်ထဲမှာ စာဖတ်တယ်၊ စာရေးတယ် ရုပ်ရှင်ကြည့်ခွင့်လည်း ပေးထားပါတယ်။ အနုပညာအလုပ်တွေကိုတော့ ကျနော်နားလို့ဝရင် ပြန်လုပ်ပါမယ်။ ထောင်ထဲမှာက နားနေရတယ် ဆိုပေမယ့် လုပ်ချင်တာတော့ လုပ်လို့မရဘူး။ ဆိုလိုတာက ခရီးထွက်တာမျိုးပေါ့။ ပရိသတ်ကို နောက်ထပ်ဒီလိုကိစ္စမျိုးနဲ့ စိတ်မပူစေချင်တော့ဘူး။” လို့ ယနေ့ လွတ်မြောက်လာတဲ့ သရုပ်ဆောင် ရဲတိုက်က မီဒီယာများကို ဖြေကြားထားပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ ထောင်မှထွက်လာပြီးနောက်ပိုင်း အနုပညာအလုပ်ကို မလုပ်တော့ပဲ ဘဝသစ်တခု စတင်ရန် စဉ်းစားခဲ့ပေမယ့်လည်း ပရိသတ်ရဲ့ စောင့်မျှော်အားပေးနေမှုတွေကို မြင်တွေ့ရတဲ့အတွက် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနစ် ဇူလိုင်လအတွင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အနီးတွင် ဆေးခြောက်တကျပ်သား လက်ဝယ်တွေ့ရှိမှု ၊ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် စိန်ပေါလ်ဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ပြသာနာကြောင့် သာသနာ ညိုးနွမ်းမှုများဖြင့် ထောင် ၆ နှစ်ချခံရပြီး ချုပ်ရက်၊ လျှော့ရက်တွေကြောင့် ထောင်ထဲမှာ ၄ နှစ်ကျော် ပြစ်ဒဏ်ကျခံရပြီးနောက် ယနေ့ နိုဝင်ဘာ ၁၇ ရက် မနက်က ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ရဲတိုက်ဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပင်တိုင် ရုပ်ရှင်မင်းသားဖြစ်ပြီး ၂၀၀၅ ခုနစ်မှ စတင်ကာ အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့ကာ ၂ဝဝ၆ ခုနှစ်မှာ “အမှောင်ငွေ့ရနံ့” ဆိုတဲ့ ဇာတ်ကား စတင်ရိုက်ကူးခဲ့ကာ ဆာတိုရီထုတ်လုပ်ရေးနဲ့ ဇာတ်ကားပေါင်း ၄၆ ကားကျော်ရိုက်ကူးခဲ့ပြီး ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိနေတဲ့ သရုပ်ဆောင် တဦးဖြစ်ပါတယ်။

The post မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ