Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူငယ်တွေကြား လူကြိုက်များနေတဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်ယှဉ်ပြိုင်ရတော့မည်

$
0
0

မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ပြီး သောင်းနဲ့ချီတဲ့ပြိုင်ပွဲဝင်အမြောက်အများထဲကမှ အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး ထူးခြားတဲ့ တင်ဆက်မှုတွေ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆုကြေးအများဆုံး Galaxy Star သီချင်းဆိုပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ စတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အထိတက်ရောက်လာနိုင်ခဲ့တဲ့ ဆန်ခါတင်ပြိုင်ပွဲဝင် ၉ ဦးနဲ့ ယောကျာ်းလေး ၅ ဦးပါဝင်တဲ့ အဖွဲ့တဖွဲ့တို့ ရွေးချယ်ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့ကို သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ Juction City မှာ ပရိသတ်များနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။

အဲဒီပွဲမှာတော့ ပြိုင်ပွဲဝင်များက သူတို့ရဲ့ ပရိသတ်များနဲ့အတူ ဂိမ်းကစားခြင်း၊ လက်မှတ်ထိုးပေးခြင်းနဲ့ လက်ဆောင် ပေးခြင်းစတဲ့အစီအစဉ်များ ပြုလုပ်ခဲ့ပါတယ်။

Galaxy Star သီချင်းဆိုပြိုင်ပွဲဟာ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ပြီး အဆင့်ဆင့်ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် တဦးချင်း ၁၀ ယောက်နဲ့အတူ ယောင်္ကျားလေးအဖွဲ့ဝင် ၅ ယောက်ပါဝင်တဲ့ အဖွဲ့နဲ့ မိန်းကလေး ၆ ယောက်ပါဝင်တဲ့ အဖွဲ့ ပြိုင်ပွဲဝင်စုစုပေါင်း ၂၁ ယောက်တို့ကိုရွေးချယ်ကာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ Korea Camp Training အဖြစ် ပို့ဆောင် ယှဉ်ပြိုင်မှုများပြုလုပ်စေခဲ့ပါတယ်။

အဆိုပါ Korea Camp Training မှာတော့ Main Mission အဖြစ် ကိုရီးယားသီချင်းများမှာ မြန်မာစာသားများထည့်ကာ သီဆိုယှဉ်ပြိုင်စေခဲ့ပြီး နောက်ဆုံး ဆန်ကာတင်အဖြစ် တဦးချင်းပြိုင်ပွဲဝင် ၉ ဦးနဲ့ ယောင်္ကျားလေး ၅ ယောက်ပါဝင်တဲ့ အဖွဲ့တဖွဲ့ဆိုပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ ယောက်တို့ကို ရွေးချယ်ခဲ့ပါတယ်။

“ဒီလို တမူထူးခြားတဲ့ World Star Searching တီဗွီအစီအစဉ် ကို Title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung Myanmar အနေနဲ့ အခုလို အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ နီးကပ်လာပြီဖြစ်တဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၁၀ ဦးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ Galaxy Star အစီအစဉ်က သီချင်းဆိုပြိုင်ပွဲ သပ်သပ်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက အရည်အချင်းပြည့်ဝတဲ့ လူငယ်အဆိုပညာရှင်တွေကို ရှာဖွေဖော်ထုတ်ပေးတဲ့ ပထမဆုံး အစီအစဉ်တခုဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇာနည်ဝင်းထက်မှ ပြောကြားပါတယ်။

Korea Camp Training မှ ရွေးချယ်ခဲ့တဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်များကို ကိုရီးယားနိုင်ငံရှိ Global K Center တွင် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များ၊ အတတ်ပညာရှင်များမှ သီဆိုမှုအရည်အသွေးများ၊ စင်မြင့်ထက် ဖျော်ဖြေရေးအရည်အသွေးများသာမကပဲ သီချင်းသီဆိုရာတွင် စိတ်ခံစားမှုများကို ပေါ်လွင်စေရန်နဲ့ ဖော်ထုုတ်ပြသ တတ်စေရန်အတွက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကိုပါ သုံးပတ်ကြာ စနစ်တကျ လေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Galaxy Star သီချင်းဆိုပြိုင်ပွဲပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံမှ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များသာမက ကိုရီးယားနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

ယခုရွေးချယ်ထားတဲ့ ဆန်ခါတင် ပြိုင်ပွဲဝင် ၉ ဦးနဲ့ ယောကျာ်းလေး ၅ ဦးပါ အဖွဲ့တို့ဟာ မကြာမီအချိန်တွင်းမှာတော့ မတူညီတဲ့ပုံစံများနဲ့ ဖွဲ့စည်းထားတဲ့ အပိုင်း ၄ ပိုင်းကို စတင်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ယှဉ်ပြိုင်မှုကိုတော့ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ည ၉ နာရီတွင် MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဒီ အပိုင်း ၄ ပိုင်းမှာတော့ အကဲဖြတ်ဒိုင်များရဲ့ ဆုံးဖြတ်ချက်များနဲ့အတူ ကြည့်ရှုသူပရိသတ်များရဲ့ မဲပေးဆုံးဖြတ်ချက်များကိုပါ ထည့်သွင်းရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးအဆင့်တွင် အနိုင်ရရှိသူ Grand Winner ဆုရှင်ဟာ ဆုကြေးငွေအဖြစ် မြန်မာငွေကျပ် သိန်းတထောင်ကို ရရှိပိုင်ဆိုင်နိုင်မယ့်အပြင် အနိုင်ရရှိပြီး တနှစ်အတွင်း ပထမဆုံး ကိုယ်ပိုင်တေးစီးရီးကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူး ထုတ်လုပ်နိုင်မယ့် အခွင့်အရေးများရရှိကာ ကမ္ဘာကျော် အနုပညာ ငွေကြယ်ပွင့်တဦးဖြစ်လာဖို့ရန် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Galaxy Star ပြိုင်ပွဲကို ကိုရီးယားနိုင်ငံရှိ Namin Entertainment နှင့် Samsung Myanmar တို့က ပူးပေါင်းတင်ဆက်ပြီး Ooredoo Myanmar မှလည်း ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

The post လူငယ်တွေကြား လူကြိုက်များနေတဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်ယှဉ်ပြိုင်ရတော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ