Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် လွှမ်းပိုင် ဒုတိယမြောက်တေးစီးရီး ထွက်မည်

$
0
0

အဆိုတော် လွှမ်းပိုင်ရဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်ဖြစ်တဲ့ “ဂီတဗေဒ”ကို အခုလ ၂၄ ရက်နေ့မှာ BoBo Entertainment မှ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

ဒီအခွေမှာ သီချင်းစုစုပေါင်း ၁၈ ပုဒ် ပါဝင်ပြီး လက်ထဲမှာ လက်ကျန်မထားတော့ဘဲ ရေးပြီးထားသမျှ သီချင်းအားလုံး ထည့်ထားတယ်လို့ လွှမ်းပိုင်က ရှင်းပြပါတယ်။

“သီချင်း ၁၈ ပုဒ်က များတော့များတယ်။ ဒါပေမယ့် ကျနော် စဉ်းစားကြည့်မိတာက ဒီသီချင်းတွေ ကျနော် ထားထားရင်လည်း ကြာသွားမယ်ပေါ့။ ပြီးတော့ creation တခုက ကြာသွားရင် သူ့အထိုက်အလျောက် နည်းနည်း ခေတ်နဲ့ မညီတော့တာ ရှိမယ်။ အဲဒါကြောင့် “ဂီတစာဆို”တုန်းကတည်းက ရေးထားတဲ့သီချင်းလက်ကျန် ရှိနေသေးတာတွေလည်း ဒီထဲမှာ အကုန်ပေါင်းထည့်ထားတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။

ပါဝင်တဲ့သီချင်း အများစုက သူကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပြီး featuring အနေနဲ့ Lil Chan, ပိုပိုဟေသာ၊ Amara Hpone, ပန်းရောင်ခြယ်၊ Bobby Soxer တို့က သီဆိုပေးထားတာ ဖြစ်ပါတယ်။

ဂီတဗေဒ တေးစီးရီး စာနယ်ဇင်း ရှင်းလင်းပွဲ (ဓာတ်ပုံ – ထက်ဦးဝေ/ဧရာဝတီ)

“သီချင်းအများစုက ကျနော်ရေးထားတာပါ။ နောက်ပြီး ကျနော့်အခွေကို နားထောင်ဖြစ်ရင် ဘယ်လိုရသပေးမလဲဆိုတော့ ကျနော့်အရင်သီချင်းတွေအတိုင်းပဲ နားထောင်တဲ့သူရဲ့ ရင်ထဲမှာ တခုခု Entertain ဖြစ်သွားမှာပါ။ အဲလိုဖြစ်သွားရင်လည်း ကျနော် ကျေနပ်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ထူးခြားနေတဲ့ အခွေကာဗာဒီဇိုင်းနဲ့ ပတ်သတ်လို့ သူက “ကျနော်တို့ europe သွားတုန်းက အီတလီမှာ ဘုရားကျောင်းကြီးတွေ၊ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့နေရာတွေ တွေ့ခဲ့တယ်။ အဲဒါတွေက အရမ်းမိုက်တယ်ဗျ။ အဲဒီတော့ ကျနော်က tour guide ကို မေးကြည့်တဲ့အခါကျတော့ သူက ပြောပြတယ်။ အီတလီက အီဂျစ်ကို သိမ်းပြီးတဲ့အခါကျတော့ အဲဒီက ပညာရှင်တွေကို ဖမ်းပြီး ခေါ်လာတယ်။ စစ်မကျွမ်းပေမယ့် အနုပညာကျွမ်းတဲ့ ပညာရှင်တွေပေါ့။ အဲဒါကို သူရှင်းပြတော့ ကျနော် စဉ်းစားမိတယ်ပေါ့နော်။ ကျနော့်အခွေက ဂီတဗေဒဆိုတော့ ဂီတပညာ သင်တဲ့လူတယောက်က စာအုပ်လေး ကိုင်ထားတယ်ဆိုပြီး အတွေးရတာနဲ့ လုပ်ဖြစ်သွားတာပါ” လို့ လွှမ်းပိုင်က ဧရာဝတီကို ပြောပါတယ်။

ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ဝေဖန်နေကြတဲ့ သီချင်းကို copy လုပ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း သူက “ကျနော်က သီချင်းကို reference ပဲ ယူထားတာပါ။ ပြီးတော့ အဲဒီအကြောင်းကိုလည်း သီချင်းပိုင်ရှင်နဲ့လည်း ကျနော်နဲ့ စကားပြောထားပြီးသားပါ။ သူနဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီကလူတွေက ချဲ့လိုက်တဲ့ ပုံစံမျိုးပေါ့။ အနုပညာဆိုတာ စု၊ တု၊ ပြုတော့ ရှိရမှာပဲလေ။ ကျနော်လည်း စု၊ တု၊ ပြု လုပ်ထားတာပါ” လို့ သူက ပြောပြပါတယ်။

ဒီအခွေကို MTV ရိုက်ဖို့ အစီအစဉ်ရှိပေမယ့် အခွေအနေနဲ့ ထုတ်လုပ်သွားမှာမဟုတ်ဘဲ ရိုက်ကူးပြီးသမျှကို online ပေါ်ကနေပဲ free to air ပြသသွားမယ်လို့ သူက ဆက်ပြောပါတယ်။

လွှမ်းပိုင်ရဲ့ “ဂီတဗေဒ” တေးအယ်လ်ဘမ် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Sky Star Hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

The post အဆိုတော် လွှမ်းပိုင် ဒုတိယမြောက်တေးစီးရီး ထွက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)