Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အင်းစိန်ထောင်တွင် သွားရောက်ဖျော်ဖြေလှူဒါန်းမယ့် အဆိုတော် ထူးအယ်လင်း

$
0
0

တေးသံရှင် ထူးအယ်လင်းဦးဆောင်တဲ့ ဂီတအဖွဲ့ဟာ ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ကာ အကျဉ်းသားများကို ဖျော်ဖြေမှုများနဲ့အတူ လှူဒါန်းမှုများပြုလုပ်သွားမယ်လို့ ဧရာဝတီကိုပြောပါတယ်။

“အကျဉ်းကျသွားတဲ့ အမျိုးသမီးတွေမှာ တချို့တွေက ကိုယ်ဝန်တွေပါသွားတယ်။ နှစ်နဲ့ချီပြီးတော့ ထောင်ကျတာဆိုတော့ ကလေးတွေက ထောင်ထဲမှာပဲ နေကြရတယ်။ ထောင်ထဲမှာပဲကြီးကြတယ်။ သူတို့မိဘတွေရဲ့ ပတ်ဝန်းကျင်က လူတွေကလည်း ပြန်မခေါ်တာတွေလည်းရှိတော့ ကျောင်းလည်း အဲဒီထဲမှာပဲ တက်ကြရတယ်။ အဲဒီတော့ ကလေးတွေကို ခွန်အားပေးတဲ့အနေနဲ့ စိတ်ဓာတ်ခွန်အားအတွက်ရော ပျော်ရွှင်မှုအတွက်ရော သွားရောက်ဖျော်ဖြေကြမှာဖြစ်တယ်” လို့ ထူးအယ်လင်း ကပြောပါတယ်။

အဆိုပါ ဖျော်ဖြေလှူဒါန်းမှုမှာ ထူးအယ်လင်း၊ Cobra ၊ထက်နေခြည် ၊ LD ကျော်တို့လည်း လိုက်ပါမှာဖြစ်ပြီး ထောင်ထဲမှ အကျဉ်းကျလျက်ရှိသောသူများရဲ့ သားသမီးများအတွက် လိုအပ်တဲ့ပစ္စည်းများကိုပါ လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ထောင်ထဲကို သွားဖျော်ဖြေဖို့အတွက် ယမင်းကိုကိုတို့ရဲ့ လူမှုရေးဖောင်ဒေးရှင်းနဲ့ လှမျိုးသဉ္ဇာနွယ်က ဆက်သွယ်တော့ လုပ်ဖြစ်သွားတာပါ။ ရန်ကုန်က ဆိုင်ကယ်ချစ်သူများအသင်းလည်း ပါပါမယ်”လို့ ပြောပါတယ်။

လတ်တလောမှာလည်း ထူးအယ်လင်းတို့အဖွဲ့ဟာ ကော့မှူးမြို့နယ် ကျူတောချောင်ကျေးရွာရှိ ရတနာမာန်အောင်စေတီ တည်ဆောက်ရာတွင် လုပ်အားဒါန၊ငွေအားဒါနတို့ဖြင့်လည်း လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။

 

The post အင်းစိန်ထောင်တွင် သွားရောက်ဖျော်ဖြေလှူဒါန်းမယ့် အဆိုတော် ထူးအယ်လင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ