Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Forbes” မဂ္ဂဇင်းရဲ့အချမ်းသာဆုံးစာရင်းထဲမှာ ပါဝင်လာတဲ့ ကိုင်လီဂျန်နာ

$
0
0

အမေရိကန်အလှမယ်တစ်ဦးဖြစ်တဲ့ ကိုင်လီဂျန်နာ (Kylie Jenner)ဟာ တက်သစ်စ မော်ဒယ်လ်တွေထဲက တဦးဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကမ္ဘာတဝှမ်းကို စတင်ဖြန့်ချိခဲ့တဲ့ သူ့ရဲ့ “ကိုင်လီ”ဆိုတဲ့ အလှကုန်ပစ္စည်းတွေဟာလည်း မြန်မာမိန်းကလေးများနဲ့ တော်တော်လေးကို အကျွမ်းတဝင်ရှိကြမှာပါ။ ယခုဆိုရင် အသက် ၁၉ နှစ်သာ ရှိသေးတဲ့ သူမဟာ “Forbes” မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးအနုပညာရှင် ၁၀၀ စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

အလှမယ် ကိုင်လီဂျန်နာ

သူမဟာ အမေရိကန်ဒေါ်လာ ၄၁ မီလျံ နဲ့ ၂၀၁၆ ခုနှစ်ရဲ့အချမ်းသာဆုံးအနုပညာရှင်များထဲမှ အဆင့် ၅၉ နေရာမှာ ရပ်တည်နေခဲ့တာပါ။ မွေးချင်းမောင်နှမ ၉ ယောက်ရှိတဲ့အနက် အထွေးဆုံးဖြစ်တဲ့ သူမဟာ ၂၀၀၇ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတခုဖြစ်တဲ့ “Keeping Up with the Kardashians” ဇာတ်ကားမှာလည်း သူမရဲ့အမဖြစ်သူ “Kim Kardashian” နဲ့ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် အမေရိကန်အဆိုတော်တဦးဖြစ်တဲ့ ဒစ်ဒီ “Diddy”ဟာ အမေရိကန်ဒေါ်လာ ၁၃၀ မီလျံနဲ့ “Forbes” မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးအနုပညာရှင် ၁၀၀ စာရင်းရဲ့ နံပါတ် ၁ နေရာ မှာ ရပ်တည်နေခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ် အဆိုတော် ဘီယွန်းဆေးက အမေရိကန်ဒေါ်လာ ၁၀၅ မီလျံနဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေခဲ့ပြီး နံပါတ် ၃ နေရာကိုတော့ ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဝတ္ထုကို ရေးသားခဲ့တဲ့ စာရေးဆရာမ ဂျေကေရိုးလင်းက အမေရိကန်ဒေါ်လာ ၉၅ မီလျံနဲ့ အသီးသီး ရပ်တည်နေခဲ့ပါတယ်။

ကိုင်လီရဲ့လတ်တလောအနုပညာလူပ်ရှားမှုအနေနဲ့ eonline မီဒီယာမှ စီစဉ်ထားတဲ့ “Life of Kylie” အမည်ရ တီဗီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲဟာ သူမရဲ့ဘဝအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အပိုင်း ၈ ပိုင်းပါဝင်ကာ လာမယ့် သြဂုတ်လ ၆ ရက် နေ့မှာ ပြသမှာဖြစ်ကြောင်း သတင်းက ဖော်ပြထားပါတယ်။

Ref: hollywoodlife

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

The post “Forbes” မဂ္ဂဇင်းရဲ့အချမ်းသာဆုံးစာရင်းထဲမှာ ပါဝင်လာတဲ့ ကိုင်လီဂျန်နာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ