Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် လေဒီဂါဂါ တီထွင်ဆန်းသစ်လိုက်တဲ့ ဖျော်ရည်

$
0
0

အသစ်အဆန်းတွေချည်းပဲ တီတွင်ဖန်တီးတတ်တဲ့ အသက် ၃၁ နှစ်အရွယ် အဆိုတော် လေဒီဂါဂါက ဒီတခါမှာတော့ ဖက်ရှင်အသစ်အဆန်းမဟုတ်ဘဲ Starbucks နဲ့ ပူပေါင်းပြီး “ကြင်နာမှုတွေရဲ့ခွက်များ” (Cups of Kindness collection) လို့ဆိုတဲ့ ဖျော်ရည်သစ်များ ဖန်တီးလိုက်ပါတယ်။

အသစ်အဆန်းတွေချည်းပဲ တီတွင်ဖန်တီးတတ်တဲ့ အသက် ၃၁ နှစ်အရွယ် အဆိုတော် လေဒီဂါဂါက ဒီတခါမှာတော့ ဖက်ရှင်အသစ်အဆန်းမဟုတ်ဘဲ Starbucks နဲ့ ပူပေါင်းပြီး “ကြင်နာမှုတွေရဲ့ခွက်များ” (Cups of Kindness collection) လို့ဆိုတဲ့ ဖျော်ရည်သစ်များ ဖန်တီးလိုက်ပါတယ်။

၂၀၁၂ ခုနှစ်ကစလို့ သူနဲ့သူ့မိခင်က Born This Way ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခု ဆန်းသစ်လိုက်တဲ့ ဖျော်ရည်များဟာလည်း အဆိုပါ ဖောင်ဒေးရှင်းအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

ယင်းဖောင်ဒေးရှင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ အနိုင်ကျင့်မှုတွေရပ်တန့်ဖို့၊ ကောင်းကောင်းမွန်မွန်နေထိုင်မှု၊ သုတေသန၊ ပညာရေး၊ ထောက်ခံအားပေးမှု၊ အသက်မွေးဝမ်းကျောင်းမှုပညာတိုးတက်ရေးတို့ကို အဓိက ဦးစားပေးတယ်လို့သိရပါတယ်။

“ကြင်နာမှုတွေရဲ့ခွက်များ”လို့ အမည်ပေးထားတဲ့ ဖျော်ရည်အသစ်လေးမျိုးတို့ဟာ တောက်ပတဲ့အရောင်လေးတွေနဲ့အတူ အင်စတာဂရမ်မှာ နာမည်ကြီးနေပါတယ်။ အဆိုပါလေးမျိုးထဲကနှစ်မျိုးကတော့ အသစ်ဖန်တီးထားတာလို့ သတင်းက ဆိုပါတယ်။

ဖျော်ရည်အသစ်များရဲ့ အမည်များကတော့
1. Matcha Lemonade

2. Violet Drink

3. Pink Drink

4. Ombre Pink Drink တို့ဖြစ်ပါတယ်။

Matcha Lemonade က လက်ဖက်စိမ်းကို ရှောက်ရည်နဲ့ ဖျော်ထားတာဖြစ်ပြီး Violet Drink က ဘယ်ရီသီး၊ ခေါင်ရန်းပွင့်နဲ့ အုန်းနို့ရည်တို့နဲ့ ရောစပ်ထားတာပါ။ Pink Drink ကတော့ စတော်ဘယ်ရီ၊ အုန်းနို့တို့နဲ့ ဖျော်စပ်ထားပါတယ်။ Ombre Pink က သံပုရာ၊အုန်းနို့နဲ့ လက်ဖက်ရည်အနည်းငယ် ရောစပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: cbsnews

သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post အဆိုတော် လေဒီဂါဂါ တီထွင်ဆန်းသစ်လိုက်တဲ့ ဖျော်ရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)