Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Sexy အကပိုင်ရှင် အဆိုတော် လမ်ယိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဝေဖန်မှုပြသနာ

$
0
0

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် လမ်ယိုင်က ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာအနေဖြင့် မိမိအကကို ဝေဖန်လိုက်ခြင်းက ခေတ်နဲ့ အဆက်ပြတ်နေသူအဖြစ် ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၁၈နှစ်အရွယ်သာ ရှိသေးတဲ့ လမ်ယိုင်ဟာ ထိုင်းနိုင်ငံမှာ လက်ရှိနာမည် ကျော်ကြားနေတဲ့ အဆို တော်တဦးဖြစ်ပြီး ၊ သူမရဲ့ လိင်ပိုင်းဆိုင်ရာ ကကွက်များနှင့် ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ထိုင်းမဆန် မလျှော်ကန်မသင့်မြတ်ဖူးလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဝေဖန်ပြောကြားလိုက် တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ချန်အိုချာက “စီးပွားရေး အမြင်အရ အသစ်အဆန်းတွေကို ရောင်းရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဒါပေမယ့် သင့်တော်သလား၊ မတော်ဘူးလားဆိုတာတော့ ကြည့်ရမယ်လေ၊ ထိုင်းပီသမှုကို မထိန်းသိမ်းသင့်ဘူးလား၊ အဲဒီတော့ ဒီလိုအကမျိုးရှိနေတာကြာပြီဆိုတဲ့ လူတွေက လူ့အဖွဲ့အစည်းကို မတိုးတက်စေချင်ကြတော့ဘူးလား၊ နိုင်ငံခြားသား(Farang )တွေ လုပ်တိုင်း ကျနော်တို့ လိုက်လုပ်ရမယ်လို့ အဓိပ္ပါယ်မသက်ရောက်စေချင်ဘူး၊ သူကတဲ့ပုံက သူ့ပစ္စည်းကို အကုန်ပြတော့မယ့် ပုံမျိုးဖြစ်နေပြီ၊ ဒါတွေကို ကျနော်မပြောချင်ဘူး၊ လူတွေက ကျနော်ရူးနေပြီလို့ ပြောကြမယ်၊ ဒါပေမယ့် ဒီပြဿနာကို အားလုံး ဝိုင်းဖြေရှင်းစေချင်တယ်” လို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဟိုင်တွန်ခမ်း တေးသီချင်းလုပ်ငန်းပိုင်ရှင် ပရာချတ် ချိုင်း နာဗာရက်ကလည်း အဆိုတော်လမ်ယိုင်ရဲ့ ကကွက်တွေဟာ လုံးဝအသစ်အဆန်း မဟုတ်ပါဘူးလို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

“ကျနော်ကတော့ မေးလိုက်ချင်တယ်၊ လမ်ယိုင်က လူ့အဖွဲ့အစည်းကို တကယ်ဖျက်ဆီးနေလို့လား၊ သူ ကိုရီးယား အမေရိကန်အကနဲ့ ဒီခွေးအ ဓာတ်ပြားမှာ မကျော်ကြားခင် ဟိုးအရင်ကတည်းက သူ ဒီလိုပဲ ကခဲ့တာပဲ” လို့ ပရာချတ်ချိုင်းက ဆိုပါတယ်။

ဒါပေမယ့် ဝေဖန်မှုတွေကြောင့် အဆိုတော် လမ်ယိုင်ဟာ သူမရဲ့ အကျော်ကြားဆုံး ကိုးထပ်ကကွက်(Nine Floors) မှ ကကွက် ၉ခုအနက် ၃ခုကိုသာ တင်ဆက်တော့မှာဖြစ်တယ်လို့ ပရာချတ်ချိုင်းက ဆက်ပြောပါတယ်။

လမ်ယိုင်ရဲ့ ကိုးထပ်ကကွက်ကတော့ မြေပြင်မှ တံတားလို့ ယူဆရတဲ့အရာကို ၉ကြိမ်တက်တဲ့ အကဖြစ်ပါပြီး၊ ဒီထူးဆန်းတဲ့ ကကွက်ကို အစိုးရအိမ်တော်မှာ ၃ကြိမ်ကပြပြီးနောက်မှာ ဝန်ကြီး ပရာယွဒ်က ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၆၃နှစ် အရွယ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ပရာယွဒ်ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် စိုးရိမ်မကင်း ဖြစ်နေခြင်းကတော့ ယခုအကြိမ် ပထမဆုံးမဟုတ်ပါဘူး။

၂၀၁၄ခုနှစ် လိပ်ကျွန်းလူသတ်မှုအပြီး ထိုင်းနိုင်ငံမှာ လှပပြီး ရေကူးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမယ့် အန္တရာယ်ရှိတယ်လို့ ဆိုလိုသလို၊ လွန်ခဲ့တဲ့နှစ်ကလည်း အမျိုးသမီးများသည် မထုတ်ပိုးရ သေးသည့် သကြားလုံးနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့ဖူးပါတယ်။

အဆိုတော် လမ်ယိုင်ကတော ဒီဝေဖန်မှုတွေကြောင့် စိတ်ဖိစီးမှုဖြစ်ရသလို လမ်းပျောက်သလိုလည်း ခံစားရကြောင်း ဆိုပါတယ်။

“တခါတခါ ကျမက ဂျင်းဂျက်ကက်ပဲ ဝတ်ပြီး သိပ်လုံလုံခြုံခြုံ ဝတ်ထားရင် ပွဲစီစဉ်သူက ကျမကို လမ်ယိုင်နဲ့ သိပ်မတူဘူး၊ လိင်နှိုးဆွနိုင်အောင် ဝတ်ပါ၊ ဒါမှမဟုတ်ရင် ကျမကို လူတွေက မေ့ကုန်လိမ့်မယ်လို့ သူတို့က ပြောတယ်၊ ကျမကို ကျမ ပိုကောင်းအောင် လုပ်နေပေမယ့်၊ အလုပ်ဖြစ်ဖို့လည်း လိုတယ်”လို့ လမ်ယိုင် ကပြောပါတယ်။

အဆိုတော် လမ်ယိုင်

သူရဲ့ မန်နေဂျာ သန်နာဆွန်ပွတ် နီနန်ကလည်း လမ်ယိုင်ကို မိဘအုပ်ထိန်းမှုနဲ့ ကြည့်ရမည့် အဆင့် သတ်မှတ်ပါက စီးပွားရေအရ မဖြစ်နိုင်ဟု ဆိုပါတယ်။

“ သူ မလုံ့တလုံဝတ်ရမယ်လို့ ကျနော်တို့က မပြောပါဘူး၊ ဒါပေမယ့် တခါတလေ ပွဲစီစဉ်သူက သူအဝတ် သွားမလဲရင် ကျနော်တို့ကို ငှားခတဝက်ပဲ ပေးမယ်လို့ ခြိမ်းခြောက်တယ်” လို့ ရှင်းပြပါတယ်။

ပရိတ်သတ်ကလည်း အဆိုတော် လမ်ယိုင်ကို တွေ့နေကျအတိုင်း တဖျတ်ဖျတ် တောက်နေတဲ့ ရွှေရောင် ရေကူးဝတ်စုံ သို့မဟုတ် ဘောင်းဘီအတိုအကျပ်ဖြင့်သာ တွေ့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
အထက်လွှတ်တော် အမတ်ဟောင်း ရာဘီယာဘရက် ဖောင်ပန်နစ်ချ်ကတော့ လမ်ယိုင်ရဲ့ ဓာတ်ပြားတွေဟာ ယဉ်ကျေးမှု အမှိုက်ပါပဲလို့ ဝေဖန်ခဲ့ပါတယ်။

“စတူဒီယိုတွေက လိင်အသားပေး သီချင်းတွေနဲ့ အမြတ်ရဖို့ ကြိုးစားကြတာ၊ ဒါမျိုးတွေက တောက ကောင်မလေးတွေ ဘယ်တော့ မလုပ်တဲ့ ကိစ္စတွေ၊ အားလုံးအနေနဲ့ လူ့အဖွဲ့အစည်းမှာ အမှိုက်သရိုက် ဖန်တီးတာကို ရပ်ဖို့စဉ်းစားသင့်ပြီလို့” သူက မှတ်ချက်ချလိုက်ပါတယ်။

အမည်အရင်း ဆုပန်ဆာ ဝက္ကမ လို့ခေါ်တဲ့ လမ်ယိုင်ဟာ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားပြီး ရိုင်အက်ကနေ ဘန်ကောက်ကို ရောက်ရှိကာ အဖွားဖြစ်သူနဲ့အတူ သကြားလုံး ရောင်းရင်း အသက် ၉နှစ်အရွယ် ၄တန်း ကျောင်းသူဘဝကတည်းက သီချင်းဆိုခဲ့ပြီး ၆တန်းအပြီးမှာတော့ ဆာလာရားရှိ အနုပညာကျောင်း တက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မိဘကို ထောက်ပံနိုင်ဖို့ ထိုင်းရိုးရာ ကျေးလက်တေးတွေကိုလိုက်လံဆိုရင်း တေးထုတ်လုပ်သူ ပရာချတ်ချိုင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သူမ၏ အကျော်ကြားဆုံး သီချင်းမှာ Phu Sao Kha Lor( ပါတီတက်တဲ့ မိန်းကလေး) ဖြစ်ပြီး၊ နိုဝင်ဘာက စတင်ဖြန့်ချိရာ ၃လအတွင်း သန်း၂၀၀ ကျော် ကြည့်ရှု့တဲ့ အဆိုတော်ဖြစ်လာပါတယ်။
ဒါအပြင် သူမရဲ့ ကိုးထပ်အကနဲ့ တောက်ပတဲ့ ရေကူးဝတ်စုံ၊ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာများ ကြောင့်လည်း ကျော်ကြားပါတယ်။

 

 

The post Sexy အကပိုင်ရှင် အဆိုတော် လမ်ယိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဝေဖန်မှုပြသနာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အနှစ်(၂၀)အတွင်း၊ အပြာကား (၄၀၀)ကျော် ရိုက်ကူးခဲ့တဲ့ ဂျပန်မင်းသားကြီးနဲ့...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...