Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သတိမေ့နေရာက သတိပြန်ရလာတဲ့ T.O.P

$
0
0

အသက် ၂၉ နှစ်အရွယ် ကိုရီယားနိုင်ငံရဲ့ အမျိုးသားအဆိုအဖွဲ့ Big Bang အဖွဲ့ဝင်တဦးဖြစ်သူ T.O.P တယောက် ဇွန်လ ၉ ရက်နေ့မှာ သတိပြန်ရလာခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ သူဟာ သုံးရက်လောက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေခဲ့ပြီး ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သတိမေ့နေခဲ့တာပါ။

T.O.P ဟာ ဇွန်လ ၆ ရက်နေ့က ရဲစခန်းမှာ ဆေးခြောက်မှုနဲ့ စစ်ဆေးခံယူနေစဉ် ရုတ်တရက်မေ့လဲသွားခဲ့တဲ့အတွက် ဆိုးလ်ဆေးရုံကို ချက်ချင်းတင်ခဲ့ရပါတယ်။

အဲဒီကနေမှ ပြီးခဲ့တဲ့ သောကြာနေ့က သတိပြန်ရလာပြီး လူနာတင်ကုလားထိုင်မှာထိုင်ကာ သတင်းထောက်တွေကို သူအနေနဲ့တောင်းပန်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့မိသားစုဝင်တွေ ပြောပုံအရ T.O.P ကိုအခြားဆေးရုံတရုံကိုပြောင်းရွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ Big Bang အဖွဲ့ကို ထိခိုက်စေခဲ့မိတဲ့အတွက် အပြစ်ပေးတာကို ခံယူပါ့မယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း နှစ်ပေါင်းသောင်းချီပြီး နောင်တရပါတယ်လို့လည်း ပြောဆိုသွားပါတယ်။

Ref: rappler

သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သတိမေ့နေရာက သတိပြန်ရလာတဲ့ T.O.P appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles