Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဟောလီးဝုဒ်ဇာတ်ကားကို ငြင်းဆိုပြီး ကိုရီးယားရာဇဝင်ကားကို လက်ခံခဲ့တဲ့ ရိန်း

$
0
0

အသက် ၃၄ နှစ်အရွယ် ကိုရီးယား အဆိုတော်နဲ့သရုပ်ဆောင်တဦးဖြစ်သူ ရိန်း ဟာ မကြာခင်မှာ ရိုက်ကူးရတော့မယ့် X-Men ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ ငြင်းဆိုလိုက်ပါတယ်။

အကြောင်းအရင်းမှာ Uhm Bok Dong ဆိုတဲ့ ကိုရီးယားရာဇဝင်ဇာတ်ကားရိုက်ကူးဖို့ရန်ရှိတဲ့အတွက် ငြင်းဆိုခဲ့ရခြင်းဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

X-Men ဇာတ်ကားဟာ ဇူလိုင်လမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ကိုရီးယားရာဇဝင်ဇာတ်ကားကတော့ သြဂုတ်လကုန်လောက်မှ ရိုက်ကူးပြီးစီးမှာဖြစ်တဲ့အတွက် ရိန်းတယောက် ကိုရီးယားဇာတ်ကားရိုက်ကူးဖို့ကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကိုရီးယားရာဇဝင်ဇာတ်ကားဟာ ကိုရီးယားကို ဂျပန်တွေ သိမ်းပိုက်အုပ်ချုပ်စဉ်အခါက စက်ဘီးပြိုင်ပွဲမှာ ဂျပန်စက်ဘီးသမားကို အနိုင်ရသွားတဲ့ ကိုရီးယားစက်ဘီးသမားတယောက်အကြောင်း ရိုက်ကူးမှာပဲဖြစ်ပါတယ်။

ရိန်းရဲ့ပွဲဦးထွက်ဟောလီးဝုဒ်ဇာတ်ကားဖြစ်တဲ့ Ninja Assassin ကိုရိုက်ကူးပြီးနောက် ရိန်းဟာ ဟေားလီဝုဒ်လောကမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် G.I Joe နဲ့ Resident Evil စတဲ့ ဇာတ်ကားတွေရိုက်ကူးပြီး ဟောလီးဝုဒ်မှာ နာမည်ကြီးနေတဲ့ အခြားကိုရီးယား သရုပ်ဆောင်မင်းသားတွေဖြစ်တဲ့ ဟွန်ဘင် နဲ့ လီဂျောင်ဂီ တို့လည်းရှိပါတယ်။

Full House ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရော အာရှပရိသတ်တွေကြားမှာ သဲသဲလှုပ်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ရိန်းဟာ အဆိုပါ ရာဇဝင်ဇာတ်ကားရိုက်ပြီးရင်တော့ ဒီနှစ်မကုန်ခင်မှာ သီချင်းအယ်လ်ဘမ်အသစ် ထွက်ဖို့လည်းရှိပါတယ်။ Kpopstarz မဂ္ဂဇင်းမှာတော့ သူဟာ သီချင်းဆိုတာနဲ့ ကတာတွေမှ အနားယူရပ်တန့်ဖို့ စဉ်းစားနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ရိန်းဟာ ဒီနှစ် ဇန်နဝါရီလလောက်တုန်းက ကိုရီးယားထိပ်တန်း သရုပ်ဆောင် မင်းသမီး ကင်ထေဟီးနဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် ဇနီးဖြစ်သူက ပထမဆုံးရင်သွေးလေးလွယ်ထားရပြီဖြစ်ပါတယ်။ အဲဒီအတွက်လည်း သူ့အနေနဲ့ အရမ်းကို ပီတိဖြစ်နေပါတယ်။

Ref: koreaportal

သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

The post ဟောလီးဝုဒ်ဇာတ်ကားကို ငြင်းဆိုပြီး ကိုရီးယားရာဇဝင်ကားကို လက်ခံခဲ့တဲ့ ရိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles