Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်တွဲဖော်မိန်းကလေးက အများကြီးပြောင်းလဲစေခဲ့ဟု အဆိုတော်မိုးမိုးပြော

$
0
0

အဆိုတော်မိုးမိုးက သူ့ရဲ့လက်ရှိလက်တွဲဖော်မိန်းကလေးက သူ့ကို ပြောင်းလဲမှုတွေ အများကြီးဖြစ်စေခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီ မိန်းကလေးနဲ့တွေ့ပြီးနောက်ပိုင်း မိန်းကလေးကိစ္စလည်းမရှိဘူး။ ကျနော်ဘဝက ဒီ အချက်တွေကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားပါတယ်။ တချက်ပဲကြည့်ပါ။ ကျနော်အခု ဘီယာလည်း မသောက်တော့ဘူး။

အရက်လည်းမသောက်တော့ဘူး။ ဆေးလိပ်လေးတော့ နည်းနည်းကျန်တယ်။ ကျန်တာတွေကတော့ ဝေလာဝေးပဲပေါ့” လို့ အဆိုတော်မိုးမိုးက ပြောပါတယ်။

အဆိုတော်မိုးမိုးက ယခင်က အိမ်ထောင်နဲ့ ကွဲကွာခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး အဆိုပါ အိမ်ထောင်နဲ့ သားယောက်ျားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ လက်ရှိမှာတော့ ချစ်သူမိန်းကလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတယ်လို့လည်း သိရပါတယ်။

သူ့ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် “ပရိသတ်တယောက်က အရမ်းဝေဖန်လာပြီဆိုရင် ကျနော့်နေရာ ဝင်ခံစားကြည့်ပါ။ တယောက်တည်းဖြတ်သန်းခဲ့ရတယ်။ တကယ့်ကို တယောက်တည်းပါ။ မိသားစုလည်းမရှိဘူး။ ဆွေမျိုးသားချင်းလည်းမရှိဘူး။ သူငယ်ချင်းအပေါင်းအသင်းလုံးဝမရှိဘဲနဲ့ ရက်ပေါင်း ၈၀၀ လောက် တယောက်တည်းနေခဲ့ရတာ။ အဲဒီလိုအခြေအနေမှာ လူတယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ မြင်လာပါလိမ့်မယ်” လို့ ဆိုပါတယ်။

အဆိုတော်မိုးမိုးရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုမှာ တစ္ဆေပျောက်ကြော်ငြာ ဆိုတဲ့ တီဗီဇာတ်လမ်းတွဲတွင် အထူးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး သူ့ရဲ့ တကိုယ်တော်တေးစီးရီးအတွက်လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“နောက်လထဲမှာ အခွေအသစ်တင်မယ်။ အခွေနာမည်ကိုတော့ “မိုးရွာတဲ့နေ့” ဆိုပြီးပေးထားတယ်။ သီချင်း ၁၁ ပုဒ် လောက်ပါပါမယ်။ အရင်တုန်းက ကိုယ့်ဘာသာတီး၊ကိုယ့်ဘာသာဆိုပေါ့။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ အတီးကို တီးဝိုင်းကိုအပ်မယ်။ တီးပြီးသားတွေကိုပြန်တီးတာဆိုတော့ သိပ်ကြာမယ်မထင်ပါဘူး။ သီချင်းကတော့ ပုံမှန်အတိုင်း သွားမယ်။ တချို့သီချင်းတွေဆိုရင်ပျော်စရာတွေပါမယ်။ တချို့ကစိတ်ညစ်စရာတွေပါမယ်။ ဒါတွေက ပရိသတ်အတွက် ဖန်တီးထားတဲ့ သီချင်းတွေဖြစ်ပါတယ်။ ကျနော့် ကိုယ်တွေ့နဲ့ သိပ်မဆိုင်ပါဘူး”လို့ မိုးမိုး က ပြောဆိုပါတယ်။

The post လက်တွဲဖော်မိန်းကလေးက အများကြီးပြောင်းလဲစေခဲ့ဟု အဆိုတော်မိုးမိုးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)