Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြို့ကြီး ၄ မြို့မှာ ဖျော်ဖြေမယ့် “မြန်မာ့ဂီတပွဲတော် ၂၀၁၇”

$
0
0

မြန်မာ့ရိုးရာ ဂီတအနုပညာရှင် ၅ ဦးနဲ့ အနောက်တိုင်း ဂန္တဝင်တေးဂီတ အဖွဲ့ဝင် ၅ ဦးတို့ အတူပါဝင် ဖျော်ဖြေကြမယ့် “မြန်မာ့ဂီတပွဲတော် ၂၀၁၇” ကို ဇွန်လ ၉ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံက မြို့ကြီး ၄ မြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ အူရီဒူး မြန်မာမှ Jade Elephant Sponsor အဖြစ် ပံ့ပိုးပေးထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က စီစဉ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဂီတပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ့လူငယ်အနုပညာရှင်များကို ကမ္ဘာ့အဆင့်မီ ဖျော်ဖြေတင်ဆက်သူများ ဖြစ်လာအောင် မြေတောင်မြှောက်ပေးရင်း စီးပွားရေးလုပ်ငန်းများမှ မြန်မာ့ အနုပညာနှင့်ယဉ်ကျေးမှုဘဝကို ချိတ်ဆက်ပေးရန် ဖြစ်တယ်လို့ သိရပါတယ်။

မြို့ကြီး ၄ မြို့မှာ ဖျော်ဖြေမယ့် “မြန်မာ့ဂီတပွဲတော် ၂၀၁၇”
သီဟတိုး/ ဧရာဝတီ

“ကျမတို့ အူရီဒူးမြန်မာအနေနဲ့ မြန်မာ့ဂီတပွဲတော်ကို အဓိက Sponsor ပေးရတဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတွေရဲ့ ဂီတတီထွင်မှုတွေကို ကမ္ဘာက သိစေချင်တဲ့ အကြောင်းတရား တခုရယ်၊ နောက်တခုကကျတော့ ကျမတို့ရဲ့ ရိုးရာဂီတနဲ့ နိုင်ငံတကာက ဂီတကို နိုင်ငံတကာမှာရော မြန်မာမှာရော Music ဆိုတာ လူတိုင်းအတွက်ဆိုတာ ပြသသွားချင်တဲ့ ရည်ရွယ်ချက် တခုဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Marketing Director မဝင့်ဦးဆွေက ပြောပါတယ်။

ဖျော်ဖြေကြမယ့် ဂီတပညာရှင်များကတော့ မြန်မာသံ အဆိုရှင် စန္ဒာလင်း၊ မြန်မာ့ ဗုံ၊ ပတ္တလား စိန်ကုလား(မောင်အောင်ဝမ်းတူး)၊ မြန်မာ့ ဗုံ၊ နှဲ စညီညီထွန်း၊ မြန်မာ့ စောင်းဆရာ ဝင်းနန္ဒာလွင်၊ မြန်မာ့ဆိုင်းဝိုင်း စိုင်းထက်အောင်တို့က ဖျော်ဖြေကြမှာဖြစ်ပြီး အနောက်တိုင်း ဂန္တဝင် တေးဂီတအဖွဲ့မှ Mezzo Soprano “Yi-Ling Chaing”၊ စန္ဒယားပညာရှင် “Kimball Gallagher” နဲ့ “Kai-Yin Huang”၊ တယော “Chalat Limpisiri” နဲ့ ချယ်လို “Yu-Wen Wang” တို့ ဖြစ်ပါတယ်။

တေးသီချင်းများကို မြန်မာ၊ အမေရိကန်၊ ပီရူူး၊ ထိုင်ဝမ်တို့မှ တေးရေးဆရာများ ဖြစ်ကြတဲ့ ဦးနေမျိုးအောင်၊ အောင်မိုးကျော်၊ Huwen C’huqi, Simon Fink, Augusta Gross, Lan-In Winnie Yang နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးလှိုင်ဝင်းမောင်တို့ ရေးသားထားပြီး သီချင်းသစ် ၇ ပုဒ်နဲ့ ဖျော်ဖြေ တင်ဆက်သွားမယ်လို့ သိရပါတယ်။

မြန်မာ့ဂီတပွဲတော်ကို မြစ်ကြီးနား၊ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်စတဲ့ မြို့ကြီး ၄ မြို့မှာ ဇွန်လ ၉ ရက် နေ့မှ စတင်ပြီး ဇွန်လ “၁၁ ၊ ၁၃၊ ၁၈” ရက်များမှာ အလှည့်ကျ တမြို့ချင်းစီ ဖျော်ဖြေသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုနိုင်တဲ့ ဝင်ကြေး အခမဲ့ဖျော်ဖြေပွဲဖြစ်ပါတယ်။

The post မြို့ကြီး ၄ မြို့မှာ ဖျော်ဖြေမယ့် “မြန်မာ့ဂီတပွဲတော် ၂၀၁၇” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles