Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တလကို ရုပ်ရှင်ရုံ ၂ ရုံခန့် ဆောက်လုပ်သွားမယ်လို့ လွင်မိုး ပြောဆို

$
0
0

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းရဲ့ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ အကယ်ဒမီ လွင်မိုးက ရုပ်ရှင်ရုံများကို တိုင်းနဲ့ပြည်နယ် အသီးသီးတွင် တလလျှင်၂ ရုံနှုန်းနဲ့ ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“တလကို၂ ရုံနှုန်းနဲ့ ဆောက်သွားမယ်။ နယ်က ပရိသတ်တွေက ရုပ်ရှင်ကို တကယ်ကြည့်ချင်တဲ့ သဘောရှိပါတယ်။ ကျနော်တို့ဖွင့်ရတာလည်း ဝမ်းသာပီတိဖြစ်ပါတယ်။ ကျနော်တို့က အခု ရုပ်ရှင်ရုံမရှိတဲ့မြို့မှာ ရုပ်ရှင်ရုံ ဆောက်တာ ဆိုတော့ အပြိုင်မရှိဘူးခင်ဗျ”လို့ ကိုလွင်မိုးက ပြောပါတယ်။

မေလအတွင်း ဖျာပုံံမြို့နဲ့ မုံရွာမြို့များမှာ ရုပ်ရှင်ရုံများဖွင့်လှစ်ခဲ့ပြီး ဇွန်လတွင် အောင်ပန်းမြို့နဲ့သထုံမြို့တို့တွင် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများအပေါ် ပရိသတ်အားပေးမှုနဲ့ပတ်သက်လို့ ကိုလွင်မိုးက “မုံရွာရုံမှာဆို အခု ‘ချိုမြိန်သော လက်စားချေခြင်း’ ကို ပြနေတာ။ စနေတနင်္ဂနွေမှာ ရုံပြည့်ရုံလျှံ အားပေးတယ်” လို့ သူက ဆိုပါတယ်။

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ရုံ ၁၀၀ ကို ၂ နှစ်အတွင်း ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ရုံများတွင် ခုံ ၃၂၀ ခင်းကျင်းထားကာ အဆင့်မြင့် DCP ပြစက်၊ လေအေးပေးစက်များ တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းရဲ့ ရုပ်ရှင်ရုံများကို Paradiso ကုမ္ပဏီက တာဝန်ယူဖွင့်လှစ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

The post တလကို ရုပ်ရှင်ရုံ ၂ ရုံခန့် ဆောက်လုပ်သွားမယ်လို့ လွင်မိုး ပြောဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles