Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

KBS ကိုရီးယားရုပ်သံလိုင်းက မြန်မာပရိသတ်ကို တောင်းပန်

$
0
0

KBS ရုပ်သံလိုင်းရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရားပေါ်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံကို ယမန်နေ့က လွှင့်တင်အပြီးမှာ မြန်မာပရိသတ်အများအပြားက ဝေဖန်ကန့်ကွက်ခဲ့ကြတာကြောင့် ပရိသတ်ကို တောင်းပန်တဲ့စာတစောင်ကို KBS ရဲ့ ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။

KBS ရုပ်သံမှ လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင်

အဆိုပါ ရုပ်သံလိုင်းက လွှင့်ခဲ့တဲ့ ၂ မိနစ်စာ ရုပ်သံဇာတ်လမ်းတိုမှာ ခြောက်ထပ်ကြီးဘုရားကို လာပြီး ဖူးတဲ့ ကိုရီးယား သရုပ်ဆောင် ၂ ဦးက ဘုရားများရဲ့ အမူအရာအတိုင်း ဟာသဆန်ဆန်ပြောဆို လုပ်ဆောင်ခဲ့ကြတာကြောင့် ဝေဖန်ပြောဆိုခံနေရတာပါ။

KBS ရုပ်သံမှ လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင်

KBS ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ “ မြန်မာပြည်သူများသို့ …ပထမဦးဆုံး အနေနဲ့ မြန်မာပရိတ်သတ်ကြီးကို ကျနော်တို့ တောင်းပန်ပါတယ်။ ကေဘီအက်စ် ဖျော်ဖြေရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပရိတ်သတ်ကြီးရဲ့ ရင်တွင်းခံစားချက် ကျနော် အပြည့်အ၀ သဘောပေါက် နားလည်ပါတယ်။ ဘယ်လောက်ပဲ ရယ်စရာ ကောင်းနေပါစေ… ကျနော်တို့ အနေနဲ့ အခြား တိုင်းပြည် တပြည်ရဲ့ ယဉ်ကျေးမှု ပုံစံကို ရယ်ပွဲဖွဲ့တာမျိုး မလုပ်သင့်ဘူး ဆိုတာ နားလည်ပါတယ်။ ကျနော့် အနေနဲ့ ဒီလို အဆင်မပြေ အချိုးမကျတဲ့ တင်ပြမှု အတွက် ရိုးသားလေးစားစွာနဲ့ ထပ်မံတောင်းပန်အပ်ပါတယ်။ နောက်နောင်များ တွင်လည်း ဖျော်ဖြေရေး အစီအစဉ်များနဲ့ ပတ်သက်ပြီး ပိုမို သတိပြု တင်ပြသွားပါ့မယ်။ ကေဘီအက်စ်ရဲ့ ဖျော်ဖြေရေး အစီအစဉ်များကို နှစ်သက်တဲ့ မြန်မာပရိတ်သတ်ကြီးအား တောင်းပန်အပ်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ရုုပ်သံ ကြည့်ရှုရန် – https://goo.gl/WCB5H2

The post KBS ကိုရီးယားရုပ်သံလိုင်းက မြန်မာပရိသတ်ကို တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)