Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ချစ်လို့” ပါဆိုပြီးပြောလာတဲ့ အိုင်းရင်းဇင်မာမြင့်

$
0
0

တေးသံရှင် အိုင်းရင်းဇင်မာမြင့်ရဲ့ ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့တဲ့ “ချစ်လို့” ဆိုတဲ့ ဒုတိယမြောက်တကိုယ်တော်တေးစီးရီး DVD ကာရာအိုကေဟာ ဇွန်လ ၁ ရက်နေ့မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

“ဒီ အခွေလေးကတော့ ၂ နှစ်နဲ့ ၅ လကြာပါတယ်။ ဒီခေါင်းစဉ်လေးကတော့ အိုင်းရင်းရဲ့ပရိသတ်ကို ချစ်လို့ဆိုတဲ့ စိတ်ဆန္ဒကြောင့် ချစ်လို့ ဆိုတဲ့ နာမည်ပေးဖြစ်တာပါ။ ဒီခွေထဲမှာ ဒီနာမည်ကို ဘယ်သူကမှ မရေးပေးထားပါဘူး။ အိုင်ရင်းက ပေးထားတာပါ”လို့ အိုင်းရင်းဇင်မာမြင့်က ပြောပါတယ်။

အဆိုပါ တေးစီးရီးကို The Sun Music Production က တနိုင်ငံလုံးကို ဖြန့်ချိမှာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ Juncity တွင် ပရိုမိုးရှင်းပြုလုပ်မည်ဖြစ်ကာ တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

“ချစ်လို့” တကိုယ်တော်တေးစီးရီး ဒီဗီဒီ ကာရာအိုကေ မိတ်ဆက်ပွဲမြင်ကွင်း(ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

တေးရေးဆရာများအဖြစ် မြင့်မိုးအောင်၊ရွှေဂျော်ဂျော်၊ စံပီး၊ စောဝင်းလွင်၊ ဖိုးတု၊ ကောင်းကောင်း၊ လီယိုဘိုဘို၊ ဂျေဂျူး၊ ဂျူနို၊ ဂန်ဒီး၊ သြနေသိမ် တို့က ရေးသားထားပြီး ဒါရိုက်တွေကတော့ မောင်ဇော်သစ်၊ ဇော်ကိုကို၊ ဖရက်ဒီ၊ ခင်လှိုင်(ဉာဏ်ကြီးရှင်)၊ ဆန်းထွဋ္ဋ်၊ အိမ်ဇော်အောင်၊ မောင်ရွှေ၊ ကျော်သူမင်းနိုင်တို့ ပါဝင်ထားပါတယ်။

မကြာသေးတဲ့ ရက်ပိုင်းက ၈ နှစ်တာတွဲခဲ့တဲ့ ချစ်သူနဲ့ကွဲကွာသွားပြီးနောက် အခွေထွက်လာတဲ့အပေါ်မှာ အိုင်ရင်းဇင်မာမြင့်က “အခွေကို မထွက်သေးဖို့ လုပ်ထားပေမယ့် ပရိသတ်ပေးတဲ့ အားတွေက အရမ်းများတဲ့အတွက် အခွေထွက်မှရမယ် ဆိုပြီးတော့ ထိုင်နေရင်းကနေ ပြန်လည်ရုန်းထလာခဲ့တာပါ။ လက်ရှိခံစားချက်ကတော့ နောက်တခွေထွက်ရင်ပါမယ် ထင်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “အခုတော့ အိုင်းရင်းက လုံးဝတည်ငြိမ်တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။ လောလောဆယ် ၁ နှစ် ၂ နှစ်မှာ အချစ်ကို ရှာဖြစ်မှာမဟုတ်ပါဘူး။ နောက်တခါအချစ်ကို အပြည့်အဝယုံမလားမယုံမလားတော့ မသိဘူး။ ဖုန်းပိတ်ထားရင် ပြဿနာတက်မှာအသေအချာပဲ။ ကိုယ်ရွေးတာ မှားခဲ့ပြီးပြီဆိုတော့ ထပ်မမှားချင်တော့ပါဘူး” လို့ပြောပါတယ်။

The post “ချစ်လို့” ပါဆိုပြီးပြောလာတဲ့ အိုင်းရင်းဇင်မာမြင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ