Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Wonder Woman” ရုပ်ရှင် လန်ဒန်တွင်ပွဲဦးထွက်ပြသရန် အစီအစဉ် ဖျက်သိမ်း

$
0
0

Wonder Woman ဆိုတဲ့ ကာတွန်းဇာတ်ကောင်ကို DC Comics က ဖန်တီးရေးဆွဲထားတယ်ဆိုတာ မြန်မာလူငယ်ပရိသတ်တော်တော်များများသိထားကြမှာပါ။

အဆိုပါ Wonder Woman ကာတွန်းကို အခြေခံပြီး ဒါရိုက်တာ ပတ်တီဂျန်ကင်းစ်(Patty Jenkins) က ရိုက်ကူးပုံဖော်ထားတဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားဟာ မေလ ၃၁ ရက်နေ့တွင် လန်ဒန်မြို့မှာ ပွဲဦးထွက်ပြသဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မန်ချက်စတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုတော် အရီယာနာ ဂရမ်ဒီ (Ariana Grande) ရဲ့ဂီတဖျော်ဖြေပွဲတွင် အသေခံဗုံးခွဲတိုက်ခိုက်မူကြောင့် ပြသဖို့ကို ဖျက်သိမ်းခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဇာတ်ကားတွင် အစ္စရေးအလှမယ် ဂါလ်ဂတော့(Gal Gadot) က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဂါလ်ဂတော့ဟာဆိုရင်လည်း မြန်မာပရိသတ်တွေ အများအပြားအားပေးခြင်းခံရတဲ့ Fast and Furious ဇာတ်ကားထဲမှ သရုပ်ဆောင်မင်းသမီးတယောက်လည်းဖြစ်ပါတယ်။

သတင်းဖော်ပြချက်အရ အဆိုပါဇာတ်ကားကို အင်္ဂလန်နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ သတ်မှတ်ရက်ထက် ၁ ရက်နောက်ကျပြီး လာမယ့် ဇွန်လ ၁ရက်နေ့ကို ရွှေ့ပြောင်းပြသသွားမှာဖြစ်ပါတယ်။

တနင်္လာနေ့ည ၁၀း၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မူကြောင့် သေဆုံးသူ စုစုပေါင်း ၂၂ ဦးနဲ့ ဒဏ်ရာရသူ ၅၉ ဦး အထိရှိခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ ပါဝင်ပတ်သက်မှုရှိသူ ၄ ဦးကို ဖမ်းဆီးအကျဉ်းချ ထားပြီဖြစ်ကြောင်း အာဏာပိုင်များက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

“ဒီလုပ်ကြံမှုနဲ့ပတ်သက်တဲ့ ညွန်ကြားမှုတွေ ဦးဆောင်မှုတွေကိုလည်း ဆက်လက် ရှာဖွေ ဖော်ထုတ် နေပါတယ်” လို့ ရဲတပ်ဖွ့ဲမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

UK မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အဆိုပါ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေကြောင့် “Warner Bros.,” ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်ရေးတာဝန်ခံတဦးမှ “E!” သတင်းမီဒီယာကို “အခုလိုအဖြစ်အပျက်တွေကြောင့် ကျနော်တို့ စီစဉ်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ပြပွဲနဲ့ ပျော်စရာအစီစဉ်တွေကို လုပ်ဖြစ်မလား မလုပ်ဖြစ်တော့ဘူးလားဆိုတာ သေချာပြောလို့မရပါဘူး” လို့ “E!” သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှတော့ ဇွန်လ ၂ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပြီး မြန်မာပရိသတ်များထံကိုလည်း မကြာမီရောက်ရှိလာတော့မှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

Ref: eonline

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post “Wonder Woman” ရုပ်ရှင် လန်ဒန်တွင်ပွဲဦးထွက်ပြသရန် အစီအစဉ် ဖျက်သိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ