Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဘေလ်ဘုတ်တေးဂီတဆုပေးပွဲမှာ စံချိန်ချိုုးခဲ့တဲ့ Drake

$
0
0

မေလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ် (Las Vegas) မှာ ကျင်းပပြုလုပ်ခဲ့တဲ့၂၀၁၇ ခုနှစ်အတွက် ဘေလ်ဘုတ်တေးဂီတဆုပေးပွဲမှာ ကနေဒါနိုင်ငံသားအဆိုတော် ဒရိတ် (Drake) ဟာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ဆုချီးမြှင့်ခြင်းခံရတဲ့ သူများထဲမှာမှ ဒရိတ်ဟာ ဆုတံဆိပ် စုစုပေါင်း ၁၃ ဆုကို သိမ်းကျုံးဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ ၂၀၁၂ ခုနှစ်အတွက် ဘေလ်ဘုတ်တေးဂီတဆုပေးပွဲမှာ တေးသံရှင် အဒဲလ် (Adele) ဆွတ်ခူးခဲ့ဖူးတဲ့ ဆုတံဆိပ် ၁၂ ဆု စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အဆိုပါပွဲသို့ တေးဂီတဆိုင်ရာအနုပညာရှင်၊ အတတ်ပညာရှင်များ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး ပြည်သူချစ်သောအနုပညာရှင်များကို ဆုချီးမြှင့်တဲ့ပွဲ ဆိုတဲ့အတိုင်း ရင်ခုန်စရာစိတ်လှုပ်ရှားစရာတွေနဲ့အတူ ပြည့်နှက်လို့ နေပါတယ်။

ကနေဒါနိုင်ငံသား အဆိုတော် ဒရိတ်

ဒီပုံမှာတော့ ဒရိတ်ဟာ သူရဲ့ဘေလ်ဘုတ်ဆုပေးပွဲက ရရှိထားတဲ့ ဆုတံဆိပ်များနဲ့အတူ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဆုပေးပွဲအပြီးမှာတော့ သူရဲ့သူငယ်ချင်းများနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို သူရဲ့ပရိသတ်များအတွက် လူမှုကွန်ယက်မီဒီယာတခုဖြစ်တဲ့ အင်စတာဂရမ်မှ တဆင့် ပြန်လည် မျှဝေခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဘေလ်ဘုတ် တေးဂီတဆုပေးပွဲမှာ ဒရိတ် ရရှိခဲ့တဲ့ဆုများကို ဖော်ပြလိုက်ရပါတယ်။

၁။ Top Male Artist
၂။ Artist of the Year
၃။ Top Rap Artist
၃။ Top Billboard 200 Album
၅။ Top Hot 100 Artist
၆။ Top Rap Album
၇။ Top Billboard 200 Artist
၈။ Top R&B Song
၉။ Top Streaming Artist
၁၀။ Top Streaming Song
၁၁။ Top Song Sales Artist
၁၂။ Top Rap Tour
၁၃။ Top R&B Collaboration

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တဲ့ ဒရိတ်ရဲ့ “Hotline Bling” ဆိုတဲ့ တေးသီချင်းဟာ မြန်မာပရိသတ်များသာမက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပရိသတ်များနဲ့ အကျွမ်းတဝင်ရှိပြီးသားပါ။ အဆိုပါ တေးသီချင်းဟာ သူ့ရဲ့ စတုတ္ထမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ “Views” မှာ ပါဝင်ခဲ့တာပါ။

Ref : footwearnews/goo.gl

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဘေလ်ဘုတ်တေးဂီတဆုပေးပွဲမှာ စံချိန်ချိုုးခဲ့တဲ့ Drake appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ