Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

X-Box ရဲ့ 9 DVD Karaoke ကို ဖျော်ဖြေပွဲပြုလုပ် ရောင်းချမည်

$
0
0

ရက်ပ်အဆိုတော် X-Box ရဲ့ 9 Album DVD Karaoke ကို မေလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square Outdoor Area တွင် ဖျော်ဖြေပွဲပြုလုပ်ကာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

9 DVD Karaoke စာနယ်ဇင်းမိတ်ဆက်ပွဲမြင်ကွင်း

“DVD မထုတ်ခင်မှာ ကျနော်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဓိကက audio တုန်းက ထုတ်ပေးခဲ့တဲ့ ပြုံး ထုတ်လုပ်ရေးနဲ့ အချိန်ကြန့်ကြာလာတဲ့အချိန်မှာ DVD ထွက်ရော ထွက်နိုင်ပါ့မလားဆိုတဲ့ အတွေးဝင်လာတယ်။ နှစ်ခုပေါ့။ လူမှုရေးကိစ္စတွေရော စီးပွားရေးကိစ္စတွေရော တွေးရပါတယ်။ အဲဒီအချိန်မှာ MBC ထုတ်လုပ်ရေးက အရေးပါတဲ့ ကျနော့်သူငယ်ချင်းလည်းဖြစ်တဲ့သူကို အကူအညီတောင်းပြီး တိုင်ပင်ပြီးတော့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်” လို့ X-Box က ပြောပါတယ်။

အဆိုပါ အခွေဖြန့်ချိရောင်းချမယ့်နေ့ဟာ သူ့ရဲ့မွေးနေ့လည်း ဖြစ်တဲ့အတွက် အခွေဝယ်ယူတဲ့ လူတိုင်းကို X-Box အမည်ပါရှိတဲ့ လက်ပတ်များကို လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

9 Album DVD Karaoke ကို မေလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square Outdoor Area တွင် ဖျော်ဖြေပွဲပြုလုပ်မယ့်အပြင် မေလ ၂၁ ရက်နေ့မှာတော့ မန္တလေးမှာ ပြုလုပ်မှာဖြစ်ကာ မေလ ၂၇ ရက်နေ့တွင်လည်း စင်ကာပူမှာ သွားရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ အခွေကို Myanmmar Broadcasting Co.Ltd (MBC) တေးစီးရီးနဲ့ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။

The post X-Box ရဲ့ 9 DVD Karaoke ကို ဖျော်ဖြေပွဲပြုလုပ် ရောင်းချမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ