Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Miss Universe 2016 ရဲ့ အကောင်းဆုံးအမျိုးသားဝတ်စုံဆု မြန်မာရရှိ

$
0
0

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၆၅ ကြိမ်မြောက် Miss Universe 2016 ရဲ့ National Costume (အမျိုးသားဝတ်စုံ) ဆုကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် ထက်ထက်ထွန်းက ရရှိခဲ့ပါတယ်။

မြန်မာအလှမယ် ထက်ထက်ထွန်း ဝတ်ဆင်ခဲ့တဲ့ အမျိုးသားဝတ်စုံဟာ မြန်မာ့ကြိုးဆွဲရုပ်သေးမင်းသမီးပုံစံဖြင့် ဇာတ်စင်ပေါ်တွင် ကပြဖျော်ဖြေနေသည့် ဟန်နဲ့ တီထွင်ဆန်းသစ်ထားတာကြောင့် ပရိသတ်တွေအမြင်မှာဆန်းသစ်နေပြီး ထူးထူးခြားခြား အားပေးခံခဲ့ရပါတယ်။

အဆိုပါ အမျိုးသားဝတ်စုံကို တီထွင်ဖန်တီးခဲ့သူဟာ ဒီဇိုင်နာ သက်တမ်း ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကချင် တိုင်းရင်းသား ဒီဇိုင်နာ လဇိန်ဂမ်ထွဲ ဆိုသူပဲဖြစ်ပါတယ်။ သူဟာ မြန်မာအလှမယ် ထက်ထက်ထွန်းရဲ့ ပြိုင်ပွဲတလျှောက် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံအများစုကို တီထွင်ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။

Miss Universe Myanmar 2016 အလှမယ်ထက်ထက်ထွန်းနှင့် မြန်မာဒီဇိုင်နာ လဇိန်ဂမ်ထွဲ (ဓာတ်ပုံ – Gam Htoi Lazing/ Facebook)

“ဒီ ဝတ်စုံကို စပြီး တာဝန်ယူတဲ့အချိန်မှာ ရုပ်သေးလုပ်ရအောင်ဆိုပြီး National Director ဒေါ်စိုးယုဝေက ရုပ်သေးကို ရွေးလိုက်တယ်။ ဖန်တီးပေးရမယ့် ကျနော့်အနေနဲ့ ရုပ်သေးရဲ့ အကုန်လုံးကိုကြည့်လိုက်ရင် ထွင်ရတာ နည်းနည်း ဘောင်ကျဉ်းတယ်။ သူများကို ကော်ပီလုပ်ပြီးတော့ အတောင်အတပ်တွေနဲ့ ထွက်မယ်ဆိုရင်တော့ ရတာပေ့ါ။ လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီးရှိပါတယ်။ ကိုယ်က နိုင်ငံတော်ပွဲအနေနဲ့ တနိုင်ငံလုံး ကိုယ်စားပြုအနေနဲ့ တကမ္ဘာလုံးကစောင့်ကြည့်တဲ့ပွဲမှာ ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်စစ်စစ်၊ စင်ပေါ်မှာပြနေတဲ့ အရာသည် စင်အောက်မှာလည်း ရှိနေတယ်ဆိုတဲ့ အရသာမျိုးကို လိုချင်တာလေ။ ရုပ်သေးအမြင့်သဘင်ဆိုတာ မြန်မာနိုင်ငံကပါလားဆိုတာကို သိစေချင်တာ။ အပြင်မှာ တကယ်ရှိနေတဲ့ ရုပ်သေးသဘင်ကို ကမ္ဘာ့စင်မြင့်ထက်ကို တင်လိုက်တာပဲ” လို့ အဆိုပါ အမျိုးသားဝတ်စုံကို ဖန်တီးခဲ့သူ ဒီဇိုင်နာ လဇိန်ဂမ်ထွဲက ဧရာဝတီကိုပြောပါတယ်။

သူ့အနေနဲ့ ရုပ်သေးအမြင့်သဘင်ရဲ့ အရသာကိုမပျောက်ပျက်စေရန် အဓိကထားပြီး ရှေးမူမပျက် ဖန်တီးခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရွှေတိဂုံဘုရားနဲ့ ပုဂံဒေသမြင်ကွင်းကို နောက်ခံထားတဲ့ပိတ်ကားနဲ့ ရုပ်သေးဇာတ်စင်ပုံစံ ဖန်တီးထားသော စင်ကိုပါ ထမ်းပြီး ထွက်လာတဲ့ မြန်မာအလှမယ်ဟာ စင်ပေါ်အရောက်မှာ နောက်ခံကန့်လန်ကာကို ဖွင့်ပြီး ရုပ်သေးဟန်အက ကိုပါ ကပြတင်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။
“ရုပ်သေးဆိုတာ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရုပ်သေးဆိုတာကို သိရအောင် ဖွင့်လိုက်တာနဲ့ ရွှေတိဂုံဘုရားနဲ့ ပုဂံကို နောက်ခံအဖြစ်ထည့်သွင်းထားတာပါ” လို့လည်း သူက ဆိုပါတယ်။

အလှမယ် ထက်ထက်ထွန်းရဲ့ အမျိုးသားဝတ်စုံဖြစ်တဲ့ ထိုင်မသိမ်းအင်္ကျီ၊ ရုပ်သေးဇာတ်စင် စတဲ့ ဝတ်စုံတခုလုံးရဲ့ အလေးချိန်ဟာ ၃၅ ကီလိုဂရမ်နီးပါးခန့် လေးလံတယ်လို့လည်း သိရပါတယ်။

“ကိုယ့်နိုင်ငံအနေနဲ့ အရမ်းကို ဂုဏ်ယူတယ်။ နောက်များကြုံမယ်ဆိုရင်လည်း ကိုယ့်နိုင်ငံအတွက် နိုင်ငံတကာမှာ မျက်နှာ မငယ်ရအောင် ကဏ္ဍတခုမဟုတ်တခုမှာ ပါဝင်ဖြစ်မှာပါ။ နောက်ပြီး ဒီလိုမျိုးရောက်အောင် လမ်းပြပေးခဲ့တဲ့ ဖဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ်။ နေရှင်နယ် ဒါရိုက်တာ ဒေါ်စိုးယုဝေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့ရဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဝေဖန်ထိုးနှက် တိုက်ခိုက်မှုတွေ ဘယ်လိုပဲ ကြုံကြုံ ကျနော့်အပေါ်မှာ ယုံကြည်မှုအပြည့်ပေးထားခဲ့ တာပါ။ နောက် ထက်ထက်ထွန်းဟာ သူ့ကိုလုပ်ပေးထားတဲ့ ဒီဇိုင်နာအပေါ် အပြည့်အဝယုံကြည်မှုရှိတယ်။ သူကိုယ်တိုင် လည်း ကြိုးစားတဲ့သူဖြစ်တဲ့အတွက်ကြောင့် ကျနော်ညွှန်ကြားလိုက်တဲ့ အရာတွေကို တသွေမတိမ်း လိုက်လုပ်ပေးခဲ့တယ်။ စင်ပေါ်မှာ မဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ အရည်အချင်းကို အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ အဲ့ဒီအတွက်လည်း ထက်ထက်ထွန်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျနော့်ကို အကောင်းဘက်ကနေ ဝိုင်းပြီး အားပေးခဲ့ကြတဲ့သူ တွေကိုလည်း ကျေးဇူးတင်သလို ကျနော့်ကို အမျိုးမျိုးဝေဖန်ပုတ်ခတ်ထိုးနှက်ခဲ့တဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဒီဇိုင်နာ လဇိန်ဂမ်ထွဲက ပြောဆိုခဲ့ပါတယ်။

၆၅ ကြိမ်မြောက် ကျင်းပပြီးစီးခဲ့တဲ့ Miss Universe 2016 တွင် အလှမယ် သရဖူဆုကို ပြင်သစ်နိုင်ငံမှ အလှမယ်က ရရှိခဲ့ပြီး 1st runner up ကို ဟေတီနိုင်ငံနဲ့ 2nd runner up ကို ကိုလံဘီယာအလှမယ်တို့က အသီးသီးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ National Costume ဆုကို ပထဆုံးအကြိမ်အဖြစ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။

The post Miss Universe 2016 ရဲ့ အကောင်းဆုံးအမျိုးသားဝတ်စုံဆု မြန်မာရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ