Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်ကို လွမ်းခဲ့ရတဲ့ညတွေအတွက် တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် အဆိုတော် မွန်းအောင်

$
0
0

အဆိုတော်မွန်းအောင်က “လွမ်းခဲ့ရတဲ့ ညတွေအတွက်” လို့ အမည်ပေးထားတဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီ ဖျော်ဖြေပွဲက အဆိုတော်မွန်းအောင်ရဲ့ မြန်မာပြည်ကို ပြန်ရောက်ပြီး ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ တကိုယ်တော်ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲနဲ့ပတ်သက်လို့ အဆိုတော်မွန်းအောင်က “ဒီ ပွဲလေးက ကျနော်ရဲ့ပထမဆုံးရုပ်သံအနေနဲ့ လွှင့်ထုတ်မှာ ဖြစ်တဲ့အတွက် ရင်ခုန်ပါတယ်။ ကျနော်အတွက် စိန်ခေါ်မှုလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲစဉ် အစအဆုံး ပရိသတ် မငြီးငွေ့ရအောင် သယ်နိုင်ဖို့လိုတဲ့အတွက်ပါ။ နောက်ပြီး “လွမ်းခဲ့ရတဲ့ ညတွေအတွက်” လို့ ခေါင်းစဉ်ပေးရတာကလည်း ကျနော်နိုင်ငံခြား အဝေးမှာ သွားနေရတဲ့အချိန်တွေမှာ ကျနော့်ပရိသတ်ကို ကျနော်လွမ်းခဲ့ရပါတယ်။ ပရိသတ်နဲ့ဝေးခဲ့ရတဲ့ ကျနော်ထွက်ခွာခဲ့ရတဲ့ ကာလတွေကို ရည်စူးပြီးတော့ ကျနော်ပေးဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး သူက “လွမ်းခဲ့ရတဲ့ညတွေမှာ ကျနော်ဆိုခဲ့ဖူးပြီးသား သီချင်းတွေကို ဆိုပါမယ်။ မကြာခင်က ထွက်ထားတဲ့ ကျနော်ရဲ့အခွေသစ်ထဲက သီချင်းတွေလည်းဆိုပါမယ်” လို့ ပါဝင်မယ့် တေးသီချင်းတွေနဲ့ ပတ်သက်လို့ ပြောဆိုပါတယ်။ မွန်းအောင်က အမိမြန်မာပြည်နဲ့ ၂၇ နှစ် ဝေးကွာခဲ့တာဖြစ်ပြီး မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ ၂၀၁၅ ခုနှစ်တုန်းက ပထမအကြိမ်တကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

ဂီတသက်တမ်း နှစ်ပေါင်း ၃၀ ကျော်အတွင်း တကိုယ်တော်အခွေပေါင်း ၇ ခွေထွက်ရှိထားတဲ့ အဆိုတော်မွန်းအောင် က ယခုပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ သီချင်းစုစုပေါင်း ၃၅ ပုဒ်ခန့် သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။ ဖျော်ဖြေပြီးရင်တော့ အဆိုတော်မွန်းအောင်ရဲ့ သင်္ကြန်သီချင်းခွေကိုလည်း ဖြန့်ချိပေးမှာဖြစ်ပြီး တေးစီးရီးအမည်ကို “တစ်ခက်ပိတောက် ပိတောက်ချစ်သူ”လို့ ပေးထားကာ သင်္ကြန်သီချင်း ၃ ပုဒ်ပါဝင်မယ်လို့ မွန်းအောင်က ဧရာဝတီကို ပြောကြားခဲ့ပါတယ်။

“လွမ်းခဲ့ရတဲ့ ညတွေအတွက်” Solo Show ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်မြို့၊ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၇၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀ သတ်မှတ်ပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Live Show ကို Skynet ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။

The post ပရိသတ်ကို လွမ်းခဲ့ရတဲ့ညတွေအတွက် တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် အဆိုတော် မွန်းအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ