Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယား သရုပ်ဆောင် အဆိုတော် ရိန်း လက်ထပ်တော့မည်

$
0
0

“ချစ်စံအိမ်” ဆိုတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲနဲ့ တချိန်က မြန်မာပရိသတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့ဖူးသူ သရုပ်ဆောင် အဆိုတော် ရိန်း (ဂျန်ဂျီဟွန်း) ဟာ သရုပ်ဆောင် မင်းသမီး ကင်ထယ်ဟီးနဲ့ လက်ထပ် တော့မယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ် (Instagram) ကနေ တရားဝင် ကြေညာခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မင်းသမီး ကင်ထယ်ဟီးဆိုတာကလည်း မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ မင်းသမီးတဦးဖြစ်ပါတယ်။ Stairway to Heaven (အချစ်လှေကားထစ်လေးများ) ရုပ်သံဇာတ်လမ်းတွဲမှာ ဗီလိန်နေရာမှ သရုပ်ဆောင်ရင်း မြန်မာပရိသက်တွေနဲ့စတင် ရင်းနှီးခဲ့ရာက တခါကတက္ကသိုလ် (Love Story in Harvard)၊ အိုင်းရစ် (Iris) စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများ ထင်ရှားလာခဲ့သူပဲ ဖြစ်ပါတယ်။

မင်္ဂလာသတင်းနဲ့ ပတ်သက်လို့ သရုပ်ဆောင် အဆိုတော် ရိန်းက သူ့ရဲ့ အင်စတာဂရမ်မှာ အခုလို ရေးသားထားပါတယ်။

” ဟယ်လို .. အရမ်းအေးတဲ့ဆောင်းရာသီပါပဲ။ ဒါပေမယ့် ကျနော့် ပရိသတ်တွေ အကုန် ကျန်းမာကြတယ် ဟုတ်။ ကျနော်ကတော့ ဂျန်ဂျီဟွန်းပါ။ အခုဆိုရင် ကျနော့်ရဲ့ အနုပညာသက်တမ်းက ၁၆ နှစ်ကျော် သွားခဲ့ပါပြီ။ ကျနော် အနုပညာလမ်းစလျှောက်ကတည်းက အားပေးခဲ့တဲ့ ကျနော့် ပရိသတ် အမျိုးသမီးတွေ ဆို အခု အသက်အရွယ်ရလာလို့ သူတို့ရဲ့ဘဝမှာ မိန်းမငယ်လေးကနေ မိခင်ဘဝတောင် ရောက်ကုန်ပြီ နော်။ ကျနော်လည်း အခုဆို အိမ်ထောင်ရှင်ယောကျ်ားတယောက်ဖြစ်ဖို့ အချိန်တန်ပြီလေ။ သူမက ကျနော်ရဲ့ဘေးမှာထာဝရရှိနေပြီးကာကွယ်ပေးဖို့နဲ့ သူမ ကျနော့်ဘေးမှာရှိနေတယ်ဆိုရင်ပဲ ကျနော် အခက်အခဲတွေကြုံလာတယ်ဆိုရင်တောင် အဲ့ဒီအခက်အခဲတွေကို ပျော်ပျော်ကြီးကျော်ဖြတ်သွားမှာပါ” လို့ ရေးထားပါတယ်။

သူက ဆက်လက်ပြီး “ခုဆိုရင် ကျနော်တို့နှစ်ယောက်ရဲ့အချစ်တွေကို သစ္စာတရားတွေနဲ့ ဘောင်ခတ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျနော်တို့ရဲ့မင်္ဂလာဆောင်ကို အကျဉ်းချုံးပဲ စီစဉ်သွားဖို့ရှိပါတယ်။ မင်္ဂလာဆောင်မယ့်ရက် ကိုတော့ သေချာမပြောနိုင်သေးတာကို ကျနော့်ကို နားလည်ပေးကြမယ် ထင်ပါတယ်။ ကျနော့်ကို ၁၆ နှစ်ကျော်တိုင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီးလည်း ကျနော် အောင်မြင်တဲ့အဆိုတော်၊ သရုပ်ဆောင်တယောက်ဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားပါဦးမယ်။ သူမက ကျတော့်အတွက်တော့ ဘုရားပေးတဲ့ဆုပါပဲ” လို့ ရေးသားထားပါတယ်။

သူတို့နှစ်ဦးရဲ့မင်္ဂလာသတင်းတွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာမှ ပရိသတ်တွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ဂုဏ်ပြုရေးသားမှုများ ပြုလုပ်ခဲ့ကြပါတယ်။

သရုပ်ဆောင် အဆိုတော် ရိန်းဟာ  သရုပ်ဆောင်သာမက၊ သီချင်းရေးဆရာ၊ အဆိုတော်၊ တေးထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ကိုရီးယား၊ ဂျပန်၊ တရုတ် ကပြား ဖြစ်တဲ့ Rain ဟာ သူ့ရဲ့အနုပညာ သက်တမ်း ၁၆ နှစ်အတွင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှ အနုပညာ ဆုများစွာကိုပါ ရရှိထားသူဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး ကင်ထယ်ဟီးနဲ့ အသက် ၃၄ နှစ်အရွယ် သရုပ်ဆောင် အဆိုတော် ရိန်း တို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာ ၄ နှစ်ကျော်ရှိပြီဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလထဲမှာ ကျင်းပပြုလုပ်သွားမယ်လို့ ရိန်းရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ Rain – Company က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် မင်္ဂလာပွဲကို ဘုရားကျောင်းမှာသာ ပြုလုပ်မှာဖြစ်ပြီး နီးစပ်ရာ အသိုင်းအဝိုင်းများနဲ့သာ အကျဉ်းချုံး ပြုလုပ်သွားမယ်လို့လည်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

Ref: soompi.com

The post ကိုရီးယား သရုပ်ဆောင် အဆိုတော် ရိန်း လက်ထပ်တော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)