Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၆ အကယ်ဒမီပွဲအတွက် ရွှေကြို မောင်မယ်များ စတင်လျှောက်ထားနိုင်ပြီ

$
0
0

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲမှာ ပါဝင်ကြမယ့် အကယ်ဒမီရွှေကြိုများကို ယနေ့(ဇန်နဝါရီ၁၆) ရက်မှ စတင်ပြီး လျှောက်ထားနိုင်တဲ့အကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

လျှောက်ထားသူများအနေနဲ့ အမျိုးသား၊အမျိုးသမီး အိမ်ထောင်ရှိသူမဖြစ်စေရ၊ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်၊ အရပ်အမြင့်မှာ အမျိုးသား အရပ် ၅ ပေ ၆ လက်မ မှ ၆ ပေကြား၊ အမျိုးသမီး အရပ်အမြင့်မှာ ၅ ပေ ၃ လက်မ မှ၊ ၅ ပေ ၈ လက်မ ကြားရှိရမည်၊ ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်ခြင်းနဲ့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်သူ ဖြစ်ရမည် ဆိုပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားပါတယ်။

လျှောက်လွှာများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှတ်၁၆၊ ဝင်္ကဘာလမ်းမှာ ဒီနေ့က စတင်ထုတ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်တော့ ဇန်နဝါရီလ ၃၁ ရက်လို့ သတ်မှတ်ထားပါတယ်။ လျှောက်ထားသူများအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ လူကိုယ်တိုင်လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပဏာမလူတွေ့စစ်ဆေးခံရသူများကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲကိုတော့ မတ်လ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အကယ်ဒမီရွှေကြိုဆိုတာဟာ ယခင် အကယ်ဒမီဗန်းကိုင်လို့ အများသိကြပြီး အကယ်ဒမီရုပ်တုကို သယ်ဆောင် ပေးရသူများဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက်ပေးအပ်တဲ့  ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ စတင်ပြီး အကယ်ဒမီရွှေကြိုလို့ ပြောင်းလဲခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

The post ၂၀၁၆ အကယ်ဒမီပွဲအတွက် ရွှေကြို မောင်မယ်များ စတင်လျှောက်ထားနိုင်ပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး