Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယားမက်ဒေါနားအဖြစ်တင်စားခံရတဲ့ အွန်ဂျန်းဟွာရဲ့ တေးအယ်လ်ဘမ်အသစ်

$
0
0

တချိန်က ညှို့ဘုရင်မအဖြစ် တင်စားခံခဲ့ရတဲ့ တောင်ကိုရီးယားပေါ့ပ်အဆိုတော်နဲ့ သရုပ်ဆောင်တဦးဖြစ်တဲ့ အွန်ဂျန်းဟွာဟာ သူ့ရဲ့ တကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ “Nine Dreams”  ကို မကြာခင်မှာ ဖြန့်ချိတော့မယ်လို့ အွန်ဂျန်းဟွာရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ Mystic Entertainment မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူဟာ ၁၉၉၃ ခုနှစ်က “Sorrowful Secret” အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ကို စတင်ဖြန့်ချိခဲ့ပြီး သူသီဆိုခဲ့တဲ့ သီချင်းအများစုဟာ အကနဲ့တွဲဖက်ပြီး ဖျော်ဖြေရတဲ့ သီချင်းတွေဖြစ်တာကြောင့် သူ့ကို ကိုရီးယားက မက်ဒေါနားအဖြစ် တင်စားခဲ့ကြပြီး ညှို့ဘုရင်မဘွဲ့ကို ပေးအပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ “D.I.S.C.O ” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ၂၀၀၈ ခုနှစ်တွင် ဖြန့်ချိပြီးနောက် ဂီတအလုပ်များကို ရပ်နားခဲ့ရာမှ ၈ နှစ်အကြာမှာတော့ Nine Dreams ဆိုတဲ့ ဒီ တေးအယ်လ်ဘမ်ကို ပြန်လည် ထုတ်ဝေခြင်းဖြစ်ပါတယ်။

“Nine Dreams” မှာ သီချင်း ၉ ပုဒ်ပါဝင်ပြီး အစောပိုင်းကာလတုန်းက ဒီ အယ်လ်ဘမ်ကို ၁၇ ရာစုမှာ အောင်မြင် ထင်ရှားခဲ့သော ဝတ္တုနာမည်ဖြစ်တဲ့ “Kuunmong” ဟု အမည်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ပါဝင်တဲ့ သီချင်း ၉ ပုဒ်ဟာ သူ့ရဲ့အိပ်မက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများဖြစ်တာကြောင့် “Nine Dreams” လို့ အမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အွန်ဂျန်းဟွာဟာ ၈ နှစ်ကြာမှ ပြန်လည်ဆန်းသစ်ပြီး ထုတ်ဝေခဲ့တဲ့ ဒီ အယ်လ်ဘမ်အတွက် အထူးပရိုမိုးရှင်းပွဲများကို စီစဉ်ထားပြီး သူ့ရဲ့ သီချင်းအသစ်များကို မြည်းစမ်းကြည့်စေဖို့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆိုရှယ်မီဒီယာပေါ်မှာ စတင်လွှင့်တင်ထားပြီဖြစ်ကာ တေးအယ်လ်ဘမ်ကိုတော့ ၂၀၁၇ ခုနှစ်  ဇန်နဝါရီလဆန်းပိုင်းမှာ ဖြန့်ချိမယ်လို့သိရပါတယ်။

အွန်ဟာ အထူးပရိုမိုးရှင်း ဖျော်ဖြေပွဲအဖြစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် ၂၀၁၆ ခုနှစ်အတွက် SBS ရုပ်သံရဲ့ ဆုချီးမြှင့်ပွဲမှာလည်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ အွန်ဂျန်းဟွာဟာ ၁၉၉၀ ခုနှစ်ခန့်က အနုပညာလောကထဲကို သရုပ်ဆောင်အဖြစ်နဲ့ စတင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ရုပ်သံဇာတ်လမ်းများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးအောင်မြင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းများစွာကို ရိုက်ကူးခဲ့ပြီး Police (1994), Angel Inside the Mask (1995), Star (1997), Wife (2003), He Who Can’t Marry (2009), Witch’s Romance (2014) စတဲ့ ရုပ်သံဇာတ်လမ်းတွေကတော့ အောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွေဖြစ်ပါတယ်။

Marriage Story (1993), How to Top My Wife (1994), Marriage Is a Crazy Thing (2002), All for Love (2005), Princess Aurora (2005), Haeundae (2009), Bestseller (2010), Dancing Queen (2012), Venus Talk (2014), Wonderful Nightmare (2015) ရုပ်ရှင်တွေကတော့ သူ့ကို ထိပ်တန်းသရုပ်ဆောင်အဖြစ်သို့ ရောက်ရှိစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပဲဖြစ်ပါတယ်။

အွန်ဂျန်းဟွာကို တောင်ကိုရီးယားမက်ဒေါနားအဖြစ် သတ်မှတ်ခံရတာကတော့ အကများဖြင့် တွဲဖက်သီဆိုခဲ့တဲ့ သူ့ရဲ့ တေးအယ်လ်ဘမ် ၁၀ ချပ်ကြောင့်ပဲဖြစ်ပါတယ်။ သူဟာ တကိုယ်တော် အယ်လ်ဘမ် ၁၀ ချပ်အပြင် ဒစ်ဂျစ်တယ် အယ်လ်ဘမ်၊ စင်ဂယ်အယ်လ်ဘမ်များကိုလည်း ဖြန့်ချိခဲ့ပါတယ်။

Ref : http://www.koreaherald.com/

The post ကိုရီးယားမက်ဒေါနားအဖြစ်တင်စားခံရတဲ့ အွန်ဂျန်းဟွာရဲ့ တေးအယ်လ်ဘမ်အသစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ