Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူတွေဖြစ်နေကြပြီလို့ ဝန်ခံလိုက်တဲ့ ဟွန်ဘင်နဲ့ ဂန်ဆိုရာ

$
0
0
ချစ်သူတွေဖြစ်နေကြပြီလို့ ဝန်ခံလိုက်တဲ့ ဟွန်ဘင်နဲ့ ဂန်ဆိုရာ

တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင်တဦးဖြစ်တဲ့ ဟွန်ဘင်ဟာ တက်သစ်စမင်းသမီးတဦးဖြစ်တဲ့ ဂန်ဆိုရာနဲ့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတာ မှန်ကန်ကြောင်း သူတို့နှစ်ဦးရဲ့အနုပညာအေဂျင်စီများက ပြောဆိုခဲ့ကြပါတယ်။

ဟွန်ဘင်ရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ VAST နဲ့ ဂန်ဆိုရာရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ Plum Entertainment တို့က သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ်နဲ့ တရားဝင်တွဲနေကြပြီဆိုတာ မှန်ကန်ကြောင်းသတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက သရုပ်ဆောင်အတူတွဲ လုပ်ကိုင်ကြရင်း တဦးနဲ့တဦး မေတ္တာသက်ဝင် ခဲ့ကြပြီး သိပ်မကြာသေးခင်ကပဲ တရားဝင်ချစ်သူဘ၀ ရောက်ရှိခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။

ဟွန်ဘင်ရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ VAST ကတော့ ဒီလို အနုပညာရှင်တဦးရဲ့ မေတ္တာရေးရာအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင်ကိုယ်တိုင်က ပြောကြားရမှာဖြစ်သော်လည်း ကာယကံရှင်တွေရဲ့ သဘောတူညီမှုနဲ့ သတင်း ထုတ်ပြန်ရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူတို့နဲ့ ပတ်သက်သော ကောလဟလသတင်းများကို သူတို့ရဲ့ ပရိသတ်များက အထင်အမြင်လွဲမှားမှုတွေဖြစ်ပေါ်မှာကို မလိုလားခြင်းကြောင့်လို့လည်း ဆိုပါတယ်

သူတို့နှစ်ဦးဟာ အနုပညာလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နေမှာဖြစ်ပြီး အေဂျင်စီများက စီစဉ်တဲ့အတိုင်း လက်ခံဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကာ လက်ထပ်မယ့်ကိစ္စကိုတော့ ပြောကြားလိုခြင်းမရှိသေးကြောင်း ပြောဆို ခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဟွန်ဘင်ဟာ အနုပညာလောကထဲကို ၂၀၀၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၅ ခုနှစ်က MBC ရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ My Name Is Kim Sam-soon၊ ၂၀၀၆ ခုနှစ်က KBS2TV မှ ထုတ်လွှင့်ပြသခဲ့တဲ့ The Snow Queen၊ ၂၀၀၈ ခုနှစ်က KBS ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သော The World that They Live in စတဲ့ ရုပ်သံဇာတ်လမ်းများနဲ့ နာမည်ကြီး သရုပ်ဆောင်ဘဝကို ရရှိခဲ့သူဖြစ်ပါတယ်။

ဟွန်ဘင်ဟာ The World that They Live in ရုပ်သံဇာတ်လမ်းတွင် အတူတွဲသရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်တဦးဖြစ်တဲ့ ဆောင်းဟေကိုနဲ့ ချစ်သူတွေဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်သံဇာတ်လမ်းတွင် အတူ သရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြခြင်းပါ။

အဲ့ဒီကာလတွေတုန်းကလည်း ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်းကို ယခုကဲ့သို့ အနုပညာအေဂျင်စီများကတဆင့် တရားဝင်ကြေညာခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ဟွန်ဘင်တယောက် စစ်မှုတာဝန်ထမ်းဆောင်နေစဉ်မှာပဲ သူတို့ရဲ့ အချစ်ဇာတ်လမ်း အဆုံးသတ်ခဲ့ကြပါတယ်။ ယခုတော့ ဟွန်ဘင်ဟာ တက်သစ်စသရုပ်ဆောင်မလေး ဂန်ဆိုရာနဲ့ ချစ်သူတွေဖြစ်နေပါပြီလို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းပါ။

ဂန်ဆိုရာကတော့ အသက် ၂၆ နှစ်ရှိပြီဖြစ်ကာ ၂၀၀၉ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ 4th Period Mystery ရုပ်ရှင်တွင် စတင်သရုပ်ဆောင်ခဲ့ကာ Dr. Champ (2010), Dream High 2 (2012), Doctor Stranger (2013), Warm and Cozy (2015), My Lawyer, Mr. Jo (2016) စတဲ့ ရုပ်သံဇာတ်လမ်းများနဲ့ နာမည်ကြီးလာခဲ့သူတဦးဖြစ်ပါတယ်။

Ref : http://www.koreatimes.co.kr

The post ချစ်သူတွေဖြစ်နေကြပြီလို့ ဝန်ခံလိုက်တဲ့ ဟွန်ဘင်နဲ့ ဂန်ဆိုရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ