Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နိုဗဲလ်ဆုရရှိမှုအပေါ် တုံ့ပြန်ခြင်းမရှိတဲ့ ဘော့ ဒီလန်

$
0
0

နိုဗဲလ်ဆုရရှိမှုအပေါ် တစုံတရာတုံ့ပြန်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲဆိတ်ဆိတ်နေနေတဲ့ ကမ္ဘာကျော် တေးရေး၊ တေးဆိုဘော့ ဒီလန်ကိုဆုပေးအဖွဲ့ကရောမီဒီယာတွေကပါ မေးခွန်းထုတ်နေကြပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဂန္ထဝင် အဆိုတော်ကြီးဟာပြီးခဲ့တဲ့ တပတ်ကနိုဗဲလ်ဆုရရှိကြောင်းဆွီဒင် အကယ်ဒမီကအံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။

ဆွီဒင် အကယ်ဒမီကဘော့ ဒီလန်ကိုဆက်သွယ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့သလိုဘော့ ဒီလန်ကလည်းနိုဗဲလ်ဆုရရှိတာနဲ့ ပတ်သက်လို့ လူသိရှင်ကြားတလုံးတပါဒမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ဘော့ ဒီလန်ကနှုတ်ဆိတ်နေတာနဲ့ ပတ်သက်လို့ အံ့အားသင့်မိကြောင်းဆုပေးပွဲအကယ်ဒမီအဖွဲ့ ပါ ဝက်စ်ဘာ့ဂ်ကဆွီဒင် ရုပ်သံတခုကို “သူကတော့ သူပါပဲ” လို့ ပြောပါတယ်။

သူ့အနေနဲ့ ခက်ကောင်းခက်နေပါမယ်၊ စင်ပေါ်မှာတယောက်တည်းတက်လာရမှာကိုမကြိုက်တာလည်းဖြစ်ပါလိမ့်မယ်လို့ ဝက်စ်ဘာ့ဂ်ကပြောပါတယ်။

ဘော့ ဒိုင်လန်ကနှုတ်ဆိတ်နေရုံမကပြီးခဲ့တပတ်မှာနိုဗဲလ်ဆုရရှိမှုနဲ့ ပတ်သက်ပြီးသူ့ဝက်ဘ်ဆိုဒ်မှာရေးတင်ထားတာကိုပါ ဖြုတ်ပစ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမှာကျင်းပမယ့် ဆုပေးပွဲကိုဘော့ ဒိုင်လန် တက်၊ မတက်ကိုလည်းမသိကြသေးပါဘူး။ မတက်ရင်လည်းဆုပေးအဖွဲ့ကလုပ်ထုံလုပ်နည်းအရလုပ်ကြမှာဖြစ်ပါတယ်။

မစ္စတာဝက်စ်ဘာ့ဂ်ကဒါမျိုးဟာဖြစ်တောင့်ဖြစ်ခဲလို့ ပြောပေမယ့် နိုဗဲလ်ဆုပေးတာမှာဒါမျိုးတွေဖြစ်ဖူးပါတယ်။

ပြင်သစ် ဒဿနပညာရှင်နဲ့ စာရေးဆရာယန်းပေါဆာ့တ်ဟာ ၁၉၆၄ မှာနိုဗဲလ်ဆုလက်ခံရယူဖို့ ငြင်းပယ်ခဲ့ဖူးပါတယ်။

ထို့အတူစာရေးဆရာမကဒေါရစ် လက်ဆင်းကလည်း ၂၀ဝ၇ မှာနိုဗဲလ်ဆုရရှိတာကိုအထူးတလည် အံ့သြမှုမပြခဲ့ပါဘူး။ ဈေးဝယ်ထွက်ရာကပြန်လာတဲ့ ဒေါရစ် လက်ဆင်းကသူဆုရကြောင်းလည်းသိရော ‘ဘုရားရေ’ လို့ပဲတခွန်းပြောခဲ့ပါတယ်။ ဒါပေမယ့် သူကဆုပေးပွဲကိုတက်ရောက်ခဲ့ပါတယ်။

ကိုးကား – BBC, The Sun

ဆက်စပ် ဖတ်ရှုရန်

လူ့အခွင့်အရေး၊ ပြည်တွင်းစစ်ရဲ့ သင်္ကေတသီချင်းများနဲ့ နိုဗဲလ်ဆုရှင် ဘော့ ဒီလန်

 

 

The post နိုဗဲလ်ဆုရရှိမှုအပေါ် တုံ့ပြန်ခြင်းမရှိတဲ့ ဘော့ ဒီလန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258