Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မယ့် လီဗြောင်ဟွန်း

$
0
0

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ လီဗြောင်ဟွန်းဟာ တောင်ကိုရီးယားနိုင်ငံတွင်းအပါအဝင် အာရှဒေသများမှ အနုပညာ ထူးချွန်ဆုများစွာကို လက်ခံရရှိထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား ရုပ်ရှင်ပွဲတော်များနှင့် အနုပညာဆုချီးမြင့်ပွဲများတွင် အစီအစဉ် တင်ဆက်သူအဖြစ် အကြိမ်များစွာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

သို့သော်လည်း ယခု လီဗြောင်ဟွန်းဟာ မကြာခင်မှာ ကျင်းပတော့မယ့် အော်စကာဆုပေးပွဲ အတွက် ရင်ခုန်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ ကျင်းပပြုလုပ်မယ့် အော်စကာဆုအတွက် ကမ္ဘာတဝန်းမှ သရုပ်ဆောင်များကို အစီအစဉ် တင်ဆက်သူများအဖြစ် ရွေးချယ်လေ့ရှိရာ ဒီနှစ်ရွေးချယ်ထားတဲ့ အစီအစဉ်တင်ဆက်သူ ၄၀ ဦးမှာ လီဗြောင်ဟွန်း လည်းပါဝင် နေပါတယ်။

ဒီလို ကိုရီးယားသရုပ်ဆောင်တဦး အနေနဲ့ အော်စကာ ဆုပေးပွဲမှာ ပထမဦးဆုံး အစီအစဉ် တင်ဆက်သူအဖြစ် လီဗြောင်ဟွန်းက ပါဝင်ခြင်း ဖြစ်ပါတယ်။

လီဗြောင်ဟွန်းရဲ့ ပထမဦးဆုံးသော G.I. Joe: The Rise of Cobra ရုပ်ရှင်ဟာလည်း ဒီနှစ် ဟောလိဝုဒ်ရုံတင်စာရင်းမှာ ပါဝင်တဲ့ ရုပ်ရှင်တကားပါ။

အော်စကာဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအနေနဲ့ ပါဝင်ရမယ့် ကိစ္စနဲ့ ပတ်သက်လို့ လီဗြောင်ဟွန်းက “ကျနော့်အနေနဲ့ စိတ်ရောကိုယ်ရော အထူးစိတ်လှုပ်ရှားနေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်လို ပီပြင်အောင် ကျနော် မပြောနိုင်မှာကို စိုးရိမ်မိပါတယ်။ ဒါက ကျနော့်အတွက် အထူးစိုးရိမ်နေမိတဲ့ ကိစ္စကြီးလို့ဆိုနိုင်ပါတယ်။ အဲ့ဒီအတွက် ကျနော်အများကြီး ပြင်ဆင်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က ၂၁ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပနေစဉ်မှာ ကိုရီးယားထိပ်တန်း သရုပ်ဆောင် လီဗြောင်ဟွန်းကို နိုင်ငံတကာက မီဒီယာများက တွေ့ဆုံအင်တာဗျူး ပြုလုပ်စဉ်မှာ လီဗြောင်ဟွန်းက ပြောဆိုခဲ့ခြင်းပါ။

အဆိုပါ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ လီဗြောင်ဟွန်းက “အနုပညာ အလုပ်တိုင်းဟာတော့ အားလုံးအတူတူ ရေးကြီးတယ်၊ ခြားနားတဲ့ အတွေ့အကြုံမျိုးစုံကို ရုပ်ရှင်ပဲဖြစ်ဖြစ် ရုပ်သံဇာတ်လမ်း ရိုက်ကူးစဉ်မှာပဲဖြစ်ဖြစ် ကြုံတွေ့ခဲ့ရတယ်” လို့ လီဗြောင်ဟွန်းက အင်တာဗျူး စစခြင်းမှာပဲ မီဒီယာများရဲ့ မေးမြန်းချက်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။

အဲဒီလို အနုပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရပေမယ့် သူ့အတွက် A Bittersweet Life ရုပ်ရှင်ကတော့ မှတ်တိုင်တခု အဖြစ် စိုက်ထူနိုင်ခဲ့တယ်လို့ လီဗြောင်ဟွန်းက ဆိုပါတယ်။

“ဒီရုပ်ရှင်ကို ပရိသတ်များက အားပေးကြတယ်၊ အဲဒီအားပေးမှုကြောင့်ပဲ နိုင်ငံတကာက ရုပ်ရှင်ထုတ်လုပ်သူ အများစုက ကျနော့်ကို မျက်စိကျခဲ့ကြတယ်။ အဲဒီကနေစပြီးတော့ နိုင်ငံတကာက ရုပ်ရှင်ဈေးကွက်ကို တက်လှမ်းနိုင်ဖို့အတွက် အခွင့်အရေးတွေ အများကြီး ရရှိခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါ ရုပ်ရှင်မှာ လီဗြောင်ဟွန်းဟာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တဦးရဲ့ သစ္စာရှိ လူယုံတဦးအဖြစ် သရုပ်ဆောင်ပြီး ထိုခေါင်းဆောင်ရဲ့ တိတ်တိတ်ပုန်းချစ်သူ ကောင်မလေးကို စောင့်ရှောက်ရတဲ့ တာဝန်ယူရင်း အဆိုပါ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပါတယ်။

A Bittersweet Life ရုပ်ရှင်နဲ့ အောင်မြင်လာတဲ့ လီဗြောင်ဟွန်းဟာ The Good, The Bad and the Weird ရုပ်ရှင် G.I. Joe ရုပ်ရှင်ဇာတ်လမ်းတွဲများအပါအဝင် နောက်ဆုံးအနေနဲ့ The Magnificent Seven စတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

လီဗြောင်ဟွန်းဟာ လတ်တလောမှာ တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ ဂျန်ဒေါင်ဝမ်၊ ကင်ဝူးဘင်တို့နဲ့ အတူ သရုပ်ဆောင်ထားတဲ့ Master ရုပ်ရှင်၊ ဂွန်ဟိုဂျင်နဲ့ အတူသရုပ်ဆောင်ထားတဲ့ Single Rider ရုပ်ရှင်များကို သရုပ်ဆောင်ထားပြီး နှစ်မကုန်ခင်မှာ ရုံတင်မယ်လို့ သိရပါတယ်။

ကိုးကား – koreatimesus.com

The post အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မယ့် လီဗြောင်ဟွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)