Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စကပ်တိုဝတ်လို့ ကြိမ်ဒဏ် ၄၀ ရိုက်ခံခဲ့ရသူ အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာ ဖြစ်လာ

$
0
0

တာလာ ရာအာဆီ (Tala Raasi) ဆိုတဲ့ မွတ်စလင် အမျိုးသမီးတဦးဟာ သူ့ အသက် ၁၆ နှစ်အရွယ်တုန်းက ပါတီပွဲတခုကို စကပ်တိုဝတ်ပြီး တက်ခဲ့တဲ့အတွက် စစ်သွေးကြွအုပ်စုတစုရဲ့ ဝင်ရောက်စီးနင်းခြင်းကို ခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းကို ပို့ကာ အပြစ်ပေးခံခဲ့ရပါတယ်။
ဒီလို အပြစ်ပေးခံခဲ့ရတဲ့ မွတ်စလင် အမျိုးသမီးဟာ မကြာခင်မှာပဲ အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာတယောက် ဖြစ်လာခဲ့ပါတယ်။

သူ့အနေနဲ့ ဒီလို အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာတယောက် ဘယ်လို ဖြစ်လာခဲ့သလဲဆိုတာ ပြောပြခဲ့ပါတယ်။

တာလာ ရာအာဆီ အသက် ၁၆ နှစ်တုန်းက ပါတီပွဲတခုကို တက်ခဲ့ရာမှာ အီရန်နိုင်ငံမှာ သူတို့ကိုယ်သူတို့ ဘာစစ် (Basij) လို့ အမည်ပေးထားတဲ့ အစ္စလာမ်ကာကွယ်သူများက ဝင်ရောက် စီးနင်းဖမ်းဆီးတာ ခံခဲ့ရပါတယ်။

သူတို့ပါတီပွဲမှာ မူးယစ်ဆေးဝါး၊ အရက်တွေ မပါပါဘူးလို့ သူက ပြောခဲ့ပါတယ်။ အဲဒီ စီးနင်းတဲ့အဖွဲ့က နိုင်ငံခြား ဗီဒီယိုခွေတွေ၊ ဂြိုလ်တုစလောင်း တီဗီ၊ ပိုစတာတွေကို ဖယ်ရှား ရှင်းလင်းပစ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ တာလာက စကပ်တို၊ အကျီကိုယ်ကြပ်၊ လက်သည်းနီဆိုးပြီး မိတ်ကပ်လိမ်းထားခဲ့တာပါ။

အဲ့ဒီ ပါတီပွဲကိုတက်လာကြတဲ့ ဆယ်ကျော်သက်တွေကို အီရန်နိုင်ငံ တီဟီရန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဗိုဇာရာ ထိန်းသိမ်းရေးစခန်းကို ခေါ်သွားပြီး မိန်းကလေးဆိုရင် ကြိမ်ဒဏ် ၄၀၊ ယောက်ျာလေးဆိုရင် ကြိမ်ဒဏ် ၅၀ ချမှတ်ခဲ့ပါတယ်။

၁၉၉၈ မှာ အဲ့ဒီလို ရက်စက်စွာ အပြစ်ပေးခံရပြီးတဲ့နောက် တာလာတို့ မိသားစုဟာ အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်ပေမယ့် အမေရိကန်ကို ပြောင်းရွှေ့အခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ တာလာ ရာအာဆီ ဟာ ဒီဇိုင်နာတယောက်အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ရန် စတင်လေ့လာခဲ့ပါတော့တယ်။

အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာဖြစ်လာသူ တာလာ ရာအာဆီ
အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာဖြစ်လာသူ တာလာ ရာအာဆီ

အစ ပထမမှာတော့ အမေရိကန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ မိသားစုဝင်တွေကို စိတ်ဆိုးမိခဲ့ပါသေးတယ်။ အမေရိကန်မှာ သူဟာ ဘာသာစကား သင်တန်းကို စတက်ပါတယ်။ အဲဒီနောက် သတို့သမီး ဝတ်စုံဆိုင်မှာ အလုပ်ရပြီး ဖက်ရှင်ဒီဇိုင်းအပေါ် စိတ်ဝင်စားလာခဲ့ပါတယ်။

အခု အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ တာလာဟာ ရေကူးဝတ်စုံတွေ ရောင်းချနေပြီး စာအုပ်တအုပ်လည်း ရေးသား ထုတ်ဝေထားပါတယ်။

သူ့ရဲ့ စာအုပ်ထဲမှာ အမှောင်ခန်းထဲ ဆွဲခေါ်သွင်း၊ ကုတင်ပေါ် အတင်းမှောက်ခိုင်းပြီး ကြိမ်ဒဏ် အချက် ၄၀ အပေးခံရပုံတွေကို ပြန်လည်ရေးသား ဖော်ပြထားပါတယ်။

“ရုတ်တရက် ကျမခံစားလိုက်ရတာကတော့ ရေဖျန်းပြီး ရက်စက်စွာရိုက်နေတဲ့ သားရေကြာပွတ်ပါ။ အသံမထွက်နိုင်လောက်အောင် မချိမဆံ့ဝေဒနာကို ကျောပြင်ပေါ်မှာ ခံစားနေရပါတယ်။ ကျမ ကြားနေတာ ကတော့ အရှေ့နဲ့ အနောက်လွှဲနေတဲ့ သားရေကြာပွတ်သံပါ။ ကျမ ကျောပြင်မှာ ခံစားနေရတာကတော့ မီးလောင်ခံနေရသလိုပါပဲ။ ကျမ အတွေးထဲမှာတော့ ဒီမီးထဲက ထွက်ဖို့ကြိုးစားနေပါတယ်။ အော်သံတွေ ကျမဆီမှာမရှိတော့လောက်အောင် ခံစားနေရပါတယ်။”

အခုတော့ တာလာဟာ သူရဲ့ကိုယ်ပိုင် အမှတ်တံဆိပ် ဒါဘီဘာ (Dar Be Bar) အမည်နဲ့ ဘီကီနီများကို ထုတ်လုပ်နေပြီး ၂၀၁၀ ခုနှစ် Miss Universe ပြိုင်ပွဲမှာတောင် စပွန်ဆာပေးခဲ့ပါသေးတယ်။

ဒီလို အောင်မြင်လာခဲ့ပေမယ့် ဝေဖန်ပြောဆိုခံရတာတွေကတော့ ရှိနေပါသေးတယ်။

“ကျမလို မွတ်စလင် အမျိုးသမီးတယောက်က ရေကူးဝတ်စုံတွေ ဒီဇိုင်း လုပ်နေတယ် ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ ဒီလို လွယ်လွယ်ပဲ အပြစ်တင်လိုက်ကြတာပါပဲ” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် တာလာကတော့ အဲဒီလို ပြောဆိုနေတာတွေကို အမှုမထားဘဲ သူလုပ်နေတာဟာ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို ပြတာပါပဲလို့ ဆိုပါတယ်။

Ref: mirror.com

The post စကပ်တိုဝတ်လို့ ကြိမ်ဒဏ် ၄၀ ရိုက်ခံခဲ့ရသူ အောင်မြင်တဲ့ ဘီကီနီ ဒီဇိုင်နာ ဖြစ်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ