ကမ္ဘာတလွှား ထိပ်တန်း ရောင်းအားကောင်းဆုုံး စာရင်းချိတ်ခဲ့တဲ့ သီချင်းခွေတွေ ထွက်ရှိပြီးနောက် ထင်ရှားတဲ့ မြို့တော်တွေမှာ လှည့်လည် ဖျော်ဖြေနေတဲ့ အဒဲလ် (Adele) အတွက်တော့ ဒီနှစ်ဟာ ကောင်းသော နှစ်တနှစ်ပါပဲ။
ဗြိတိန်စတား အဒဲလ် (Adele) ဟာ ဒီနှစ်ကို တခြား စိတ်လှုပ်ရားစရာနဲ့ ကုန်ဆုံးသွားချင်ပါတယ်။ အဲဒီ စိတ်လှုပ်ရား စရာကတော့ အဒဲလ်ဟာ ကိုုယ်ဝန် ထပ်ဆောင်ပြီး သူ့ရဲ့ သားလေး အိန်ဂျယ်လို (Angelo) အတွက် ယောကျ်ားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် မွေးပေးဖိုု ့ စီစဉ်နေပါတယ်လိုု့ ထုုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဒဲလ် (Adele) ဟာ သူ့ရဲ့ ကမ္ဘာလှည့် ခရီးစဉ် နောက်လမှာ ပြီးဆုုံးပါက သူ့အသက် ၂၈ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း လူကြိုက်များကြတဲ့ The Rolling in the Deep သီချင်းနဲ့ ကျော်ကြားခဲ့တဲ့ အဒဲလ်ဟာ နက်ရှဗီးလ် မှာ သူ့ရဲ့ ပရိသတ်နဲ့ တွေ ့ဆုုံစဉ် သူ့သား ၄ နှစ် ပြည့်တော့မယ့် အကြောင်းလည်း ပြောပါတယ်။
ပထမ အသားဟာ အခု လျင်မြန်စွာ ထွားလာပြီးနောက် သူ့သားအိမ်မှာ ကိုုက်ခဲသလိုု ခံစားရတဲ့အတွက် နောက်ကလေး ထပ်ယူဖိုု့ စဉ်းစားတယ်လိုု့ ဆိုုပါတယ်။
“သားအိမ်က ကိုုက်သလိုုလိုု ဖြစ်လာတယ်။ ဘယ်လိုုလဲဆိုုတော့ ကလေး လိုုနေပြီ၊ ကလေး … ကလေး … ဆိုုပြီးတော့ပေါ့။ အခုုတော့ ကိုုယ်ဝန် မရှိသေးပါဘူး။ ခရီးစဉ် မပြီးသေးခင်အထိ ကိုုယ်ဝန် မဆောင်သေးပါဘူး” လိုု့လည်း သူက ဆိုုပါတယ်။
တကယ်တမ်း ပြောရရင်တော့ ဒီနှစ်အစောပိုုင်းမှာ ကလေးထပ်မယူဘူးလိုု့ ပြောခဲ့ဖူးတဲ့ အဆိုုတော် အဒဲလ် စိတ်ပြောင်းသွားတာပဲလို့ ဆိုရမှာပဲဖြစ်ပါတယ်။
တဆက်တည်း မကြာမီက မေမေ၊ ဖေဖေတွေ ဖြစ်သွားကြတဲ့၊ မကြာခင် ဖြစ်ကြဦးမယ့် ဟောလိဝုဒ်က ဆယ်လီဘရစ်တီ စုံတွဲတွေကိုလည်း ဖော်ပြလိုက်ပါတယ်။
အမေရိကန် မော်ဒယ်လ် ခရစ္စီ တေဂျန် (Chrissy Teigen) နဲ့ အဆိုတော်၊ သီချင်းရေးဆရာ ဂျွန် လက်ဂျန့် (John Legend) တို့ မွေးမှာကတော့ သမီးလေး ဖြစ်ပါတယ်တဲ့။
၂၀၁၆ အစောပိုင်းမှာ အမေရိကန် သရုပ်ဆောင်နဲ့ အဆိုတော် ကန်ဒစ်စ် အက်ကိုလာ (Candice Accola) ပျော်တပြုံးပြုံးဖြစ်နေတဲ့ အကြောင်းရင်းကို သိကြရပါပြီ။ သမီးလေးမွေးမှာ ဖြစ်ပါတယ်တဲ့။
အမေရိကန် မော်ဒယ်လ်နဲ့့ အစီအစဉ် တင်ဆက်သူ တိုင်ရာ ဘန့်ခ်စ် (Tyra Banks) ကတော့ ၂၀၁၆ နှစ်ဦးမှာ သားဦး မွေးပါတယ်။
အင်္ဂလိပ် အဆိုတော်၊ သီချင်းရေးသူ လူးဝစ် တွမ်လင်ဆန် (Louis Tomlinson) ကတော့ ဖရက်ဒီလို့ အမည်ပေးထားတဲ့ သူ့သားလေးနဲ့ သူ့ပုံကို လူသိရှင်ကြား ပြသလိုက်ပါတယ်။
သရုပ်ဆောင် ဂျနာ ကရမာ (Jana Kramer) ကတော့ လာမယ့်နှစ် ဇန်နဝါရီမှာ သမီးလေး မွေးမှာ ဖြစ်ပါတယ်။ ဂျိုလီလို့ နာမည် ပေးထားတယ်လို့ ဆိုပါတယ်။
အမေရိကန် သရုပ်ဆောင်နဲ့ မော်ဒယ် ဖြစ်သူ ဟီသာ မောရစ် (Heather Morris) ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဒုတိယမြောက် သားလေးကို မွေးဖွားပါတယ်။
ကိုးကား
-The Mirror
-The Hollywood Gossip
The post ကမ္ဘာလှည့် ဖျော်ဖြေမှု ပြီးဆုံးလျှင် ကလေး ထပ်ယူမယ်လို့ အဒဲလ် ပြော appeared first on ဧရာဝတီ.