Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူ့အခွင့်အရေး၊ ပြည်တွင်းစစ်ရဲ့ သင်္ကေတသီချင်းများနဲ့ နိုဗဲလ်ဆုရှင် ဘော့ဒီလန်

$
0
0

၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗဲလ်ဆု ချီးမြှင့်ခံခဲ့ရသူကတော့ ကမ္ဘာကျော် အဆိုတော်၊ တေးရေးဆရာ ဘော့ဘ် ဒီလန် (Bob Dylan) ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘော့ဘ် ဒီလန်ကို အမေရိကန်နိုင်ငံ၊ မင်နီဆိုတာ ပြည်နယ်၊ ဒါးလတ်မှာ ၁၉၄၁ ခုနှစ်၊ မေ ၂၄ က မွေးဖွားခဲ့ပြီး အမည်ရင်းက အလန် ဇင်းမားမန်း (Allen Zimmerman) ဖြစ်ပါတယ်။

“လွတ်လပ်မှုနဲ့ အတူပါလာတဲ့ တာဝန်ယူ တာဝန်ခံမှုကို နားလည်တာဟာ သူရဲကောင်းပဲ” လို့ ပြောခဲ့ဖူးတဲ့ သူဟာ တက္ကသိုလ် တက်နေတဲ့ ကာလကတည်းက ဘော့ဘ် ဒီလန် ဆိုတဲ့ အမည်ကို ယူပြီး ကျေးလက် သီချင်းတွေ ရေးခဲ့တာပါ။

၁၉၆၁ ခုနှစ်က စပြီး အမေရိကန် ကျေးလက်ဂီတ လောက သမိုင်းတလျှောက် လွှမ်းမိုး အားကောင်းတဲ့ ထင်ရှားတဲ့ သီချင်းတွေ ရေးဖွဲ့ ဖန်တီးလာတဲ့ အထဲမှာဆိုရင် Blowin’ in the Wind နဲ့ The Times They Are a-Changin’ ဆိုတဲ့ သီချင်းတွေဟာ အမေရိကန် လူ့အခွင့်အရေးနဲ့ ပြည်တွင်းစစ် ဆန့်ကျင်ရေးတို့ အတွက် အထင်ကရ သီချင်းတွေပါ။

Blowing In The Wind သီချင်းကိုတော့ အဆိုတော်တူးတူးက ‘ချိုမြိန်ဒုက္ခ’ အမည်နဲ့ သံစဉ်ယူ သီဆိုထားတာ ရှိပါတယ်။

The post လူ့အခွင့်အရေး၊ ပြည်တွင်းစစ်ရဲ့ သင်္ကေတသီချင်းများနဲ့ နိုဗဲလ်ဆုရှင် ဘော့ဒီလန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ