Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စိုင်းစိုင်းရဲ့ နှုတ်ခမ်းနီ ရောင်းပြီ

$
0
0

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရောင်းချတဲ့ SAI အမှတ်တံဆိပ် နှုတ်ခမ်းနီ ရောင်းချပွဲကို ရန်ကုန်မြို့ရှိ Junction Square မှာ အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

SAI တံဆိပ်နဲ့ ကိုယ်ပိုင်နှုတ်ခမ်းနီကို အရောင်သုံးမျိုးကို စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး ဈေးနှုန်းကတော့ ၁၂၀၀၀ ကျပ်ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင်ရောင်းချပေးတာကြောင့် ပရိသတ်အများအပြားက လာရောက် ဝယ်ယူအားပေးကြပါတယ်။ Presenter ဖြစ်သူ မောင်မောင်အေး ကလည်း ပရိသတ်များကို ပျော်စရာ ဂိမ်းကစားနည်းများနဲ့ ကစားစေပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က “ကျနော်ပွဲကို လာရောက်ပြီး အားပေးတဲ့ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။ မိန်းကလေး အသုံးအဆောင်နှုတ်ခမ်းနီ ထုတ်ပြီး အမျိုးသားတွေအတွက် မပါဘူးလို့ မေးကြတဲ့သူတွေအနေနဲ့လည်း  ဒီနေ့မှာ ကိုယ့်ကောင်မလေးကို နှုတ်ခမ်းနီ ဝယ်ပေးလို့ ရပါတယ်”လို့ အမှတ်တရ စကားပြောခဲ့ပါတယ်။

လက်ရှိ ဈေးကွက်မှာ ဖြန့်ချိ ရောင်းချပေးတဲ့ နှုတ်ခမ်းနီ အရောင် ၃ မျိုးကို First Kiss၊ Be Mine နဲ့ Heart Break လို့ နာမည်ပေးထားပါတယ်။ နှုတ်ခမ်းနီတံဆိပ် SAI ရဲ့ အဓိပ္ပာယ်ကလည်း Sexy and Intelligent လို့ သိရပါတယ်။

The post စိုင်းစိုင်းရဲ့ နှုတ်ခမ်းနီ ရောင်းပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...