Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော်လင်းလင်းရဲ့ Rock Tour ဂီတဖျော်ဖြေပွဲပြုလုပ်မည်

$
0
0

အဆိုတော် လင်းလင်းက ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာလှည့်လည်ပြီး ဂီတဖျော်ဖြေပွဲများကို ပြုလုပ်တော့မယ် လို့ သိရပါတယ်။

ဒီလို မြို့ကြီးငါးမြို့မှာပြုလုပ်မယ့် လင်းလင်းရဲ့Rock Tour ဂီတဖျော်ဖြေပွဲများအကြောင်း စာနယ်ဇင်းပွဲကို စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လင်းလင်းဖျော်ဖြေပေးမယ့် မြို့ကြီးတွေကတော့ မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မကွေးမြို့ကြီးတွေဖြစ်ကာ ပထမဆုံး အနေနဲ့ သူ့ရဲ့ဇာတိမြေဖြစ်တဲ့ မန္တလေးမြို့မှာ အရင်ဆုံးဖျော်ဖြေပွဲ ကျင်းပပြုလုုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်လင်းလင်းနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ
အဆိုတော်လင်းလင်းနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ

ဂီတဖျော်ဖြေပွဲတွေနဲ့ ပတ်သက်လို့ လင်းလင်းက “ကျနော်တို့ Rock Tour စီစဉ်ဖြစ်တာက အရင်တုန်းကတော့ ကျနော်တို့ ရန်ကုန်၊ မန္တလေး၊ပြည်မြို့တွေကို Rock Show၊ One Man Show တွေသွားတယ်။ ကြားထဲမှာ ကျနော် ၂ နှစ်လောက် သီချင်းမဆိုဖြစ်ဘူး။ အခုသီချင်းပြန်ဆိုမယ်။ One Man Show တွေ ပြန်စထွက်မယ်လို့ အားလုံး တိုင်ပင်ကြတဲ့အခါ နယ်မြို့တွေဘက်ကို သွားမယ်ဆိုပြီး ဒီ Rock Tour ပေါ်ပေါက်လာခဲ့တာပါ။ အစကတော့ ရ မြို့၊ ၈ မြို့လောက်ရှိတယ်။ ဒါပေမယ့် ပထမဆုံးလည်း စီစဉ်တယ်။ စီစဉ်တဲ့အပိုင်းမှာလည်း လိုအပ်တာလေးတွေ ရှိမှာမို့ ပထမဆုံး ဒီမြို့ငါးမြို့ကိုပဲ ထည့်ထားတာပါ။ မန္တလေး၊ မကွေး၊ မုံရွာ၊ တောင်ကြီး ကနေ ရန်ကုန်ပြန်လာပြီး လုပ်မယ် ဆိုပြီး စဉ်းစားထားပါတယ်။ ကျန်တဲ့မြို့တွေကို ကျနော်နောက်နှစ် Rock Tour တွေ သွားတဲ့အခါ ထည့်သွင်း သွားပါမယ်။ နောက်တခုက Rock Tour တွေ အကုန်လုံးမှာ ရိုက်ကူးရေးတွေ ပါပါမယ်။ ပြီးရင် အခွေ ပြန်ထွက်ပါမယ်” လို့ ခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြခဲ့ပါတယ်။

ဖျော်ဖြေပွဲလုပ်တဲ့အခါ စတိတ်စင်ကိုလည်း တမူထူးခြားစွာ စီစဉ်ပြီး ဖျော်ဖြေတင်ဆက်သွားမယ့်အပြင် သီချင်း ဖျော်ဖြေတင်ဆက်မှုကိုလည်း တမြို့နဲ့တမြို့ မတူအောင် သီဆိုသွားမယ်လို့လည်း သိရပါတယ်။

ပထမဆုံးစတင်ဖျော်ဖြေပေးမယ့် မန္တလေးမြို့တွင် အောက်တိုဘာ ၂ ရက်နေ့၌ မင်္ဂလာမန္တလေး အပေါ်ထပ်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်စျေးနှုန်းများကို ရ၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်နဲ့ ၃၀၀၀၀ ကျပ်ဆိုပြီး သတ်မှတ် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The post အဆိုတော်လင်းလင်းရဲ့ Rock Tour ဂီတဖျော်ဖြေပွဲပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ