Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Spice Girls အဖွဲ့ရဲ့ အန်နီမေးရှင်းရုပ်ရှင်ကို မကြာမီ မြင်တွေ့ရမည်

$
0
0

Spice Girls အဖွဲ့က ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Spice World” ရုပ်ရှင်နောက်ပိုင်း ပထမဆုံးအနေနဲ့ အန်နီမေးရှင်းရုပ်ရှင်တခုမှာ ပြန်လည် ပါဝင်လာကြမယ်လို့ သိရပါတယ်။

The Hollywood Reporter မီဒီယာရဲ့ အဆိုအရ Spice Girls ရုပ်ရှင်အသစ်ကို Paramount Animation က ဖန်တီးနေပြီး Emma Bunton ၊ Mel B ၊ Mel C ၊ Geri Halliwell နဲ့ Victoria Adams တို့ အဖွဲ့ဝင် ၅ ဦးလုံး ပါဝင်လာမယ်လို့ ဆိုပါတယ်။ အဲဒီ ရုပ်ရှင်ကို ဦးဆောင်သူ Mireille Soria ရဲ့ အဆိုအရ Spice Girls အဖွဲ့နဲ့ ပတ်သက်တဲ့ အန်နီမေးရှင်းရုပ်ရှင် ထုတ်လုပ်နေတဲ့အပြင် သူတို့ ကိုယ်တိုင်အသံသရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အသေးစိတ်ကိုတော့ မသိရှိရသေးပေမယ့် ၂၀၂၀ ပြည့်နှစ်အလွန် ရောက်မှသာ ရုပ်ရှင်ကို ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒါပေမဲ့ Soria ရဲ့အဆိုအရ ရုပ်ရှင်ထဲမှာ အဖွဲ့ရဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Classics သီချင်းတွေနဲ့အတူ သီချင်းအသစ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒါဟာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်တုန်းက တော်တော်လေး နာမည်ကြီးခဲ့တဲ့ “Spice World” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အဆိုတော် အဖွဲ့ဝင်တွေရဲ့ တကျော့ပြန် ဆုံစည်းမှု ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်မှာတုန်းကတော့ အဖွဲ့ရဲ့ နာမည်ကျော်ကြားမှု၊ အဖွဲ့ဝင်တွေရဲ့ ချစ်ကြည်ရင်းနှီးမှုကြားက နိမ့်မြင့်တက်ကျ အခြေအနေတွေကို ဖော်ပြထားပါတယ်။ အဲဒီအချိန်တုန်းက အဖွဲ့ရဲ့ မန်နေဂျာဖြစ်တဲ့ Simon Fuller ကတော့ အခု အန်နီမေးရှင်းရုပ်ရှင်ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရုပ်ရှင်ကို Karen McCullah နဲ့ Kiwi Smith တို့က ရေးသားပေးကြမှာ ဖြစ်ပါတယ်။

Spice Girls အဖွဲ့ဟာ “Spice World – 2019 Tour” အဖြစ် ပြုလုပ်မယ့် ဖျော်ဖြေပွဲ ၁၃ ပွဲထဲက ၃ ပွဲကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ကျရင် လန်ဒန်မှာရှိတဲ့ Wembley Stadium မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Ref: aceshowbiz

You may also like these stories:

Spice Girls အဖွဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ကလေးတွေကိုခေါ်သွားမယ့် Victoria Beckham

ဗစ်တိုးရီးယားဘက်ခမ်း မပါတော့တဲ့ Spice Girls အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်

Spice Girls အဖွဲ့ကို အမှန်တကယ် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း အဖွဲ့ဝင် Mel B ပြော

The post Spice Girls အဖွဲ့ရဲ့ အန်နီမေးရှင်းရုပ်ရှင်ကို မကြာမီ မြင်တွေ့ရမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ