Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Myanmar Idol Season 4 အတွက် အကဲဖြတ်ဒိုင်တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ 

$
0
0

ယခုနှစ်အတွက် Myanmar Idol Season 4 ပြိုင်ပွဲကြီးကို မကြာခင် ကျင်းပတော့မှာဖြစ်ပြီး ဒီနှစ်မှာတော့ ပရိသတ်များ အမြင်စွဲနေတဲ့ ဒိုင်တဦးဖြစ်တဲ့ အဆိုတော် မြန်မာပြည်သိန်းတန် ပါဝင်လာခြင်း မရှိတော့ဘဲ အကဲဖြတ်ဒိုင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး Executive Producer ကိုအောင်ဖြိုးဝင်းက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“တကယ်တမ်းကျတော့ ဒိုင်က တယောက်လျော့တယ် ဆိုတာက ဒိုင်ကို ၄ ယောက် ရှိရမယ်၊ ၅ ယောက် ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ American Idol တို့ ဘာတို့မှာဆိုရင်လည်း ဒိုင် ၅ ယောက်ထိ ရှိတာလည်း ရှိပါတယ်။ ၃ ယောက်ထိ ရှိတာလည်း ရှိပါတယ်။ ဒါပေမဲ့ အားလုံးကတော့ မ ဂဏန်းပဲ ဖြစ်ရပါမယ်။ စုံဖြစ်နေရင် Yes ၊ No ပြောရင် အဆင်မပြေတဲ့အတွက် အနည်းဆုံး ၃ ယောက်၊ ၅ ယောက် ဖြစ်ရပါမယ်” လို့ Executive Producer ကိုအောင်ဖြိုးဝင်းက ပြောပါတယ်။

ဒီနှစ်မှာတော့ ဒိုင်လူကြီးများအဖြစ် ဒါရိုက်တာ အောင်ကိုလတ်၊ အဆိုတော် တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့ ၃ ဦးက ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး Myanmar Idol ပြိုင်ပွဲမှာ Season ၂ ခုဆက်တိုက် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ မြန်မာပြည်သိန်းတန် ပါဝင်လာခြင်း မရှိတော့တာကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုများလည်း ရှိနေခဲ့ပါတယ်။

ပြိုင်ပွဲမှာတော့ ဒိုင်လူကြီးများအနေနဲ့ နောက်ဆုံး ဆန်ခါတင် ပြိုင်ပွဲဝင် ၁၀ ဦး ရွေးချယ်တဲ့ နေရာအထိသာ ရွေးချယ်ခွင့်ရှိပြီး အဲဒီနောက်ပိုင်းမှာတော့ ပရိသတ်များရဲ့ မဲပေး ရွေးချယ်မှုနဲ့သာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

“Top 10 ရွေးချယ်မှုအထိက ဒိုင်တွေရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဒိုင်တွေက သူတို့စိတ်ကြိုက် ရွေးချယ်ထားတဲ့ Top 10 သို့မဟုတ် Top 11 ကို Live စတင်ပြီဆိုတာနဲ့ ပရိသတ်တွေရဲ့ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တယောက်က တခုခု ခြေချော်လက်ချော် ဖြစ်သွားတဲ့အချိန်မှာ Save နိုင်တဲ့ အခွင့်အရေး တခုပဲ ရှိပါတယ်။ ဒါဟာလည်း ပြိုင်ပွဲကြီးတခုလုံးမှာ တကြိမ်သာ အသုံးပြုခွင့် ရှိပါတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက် အရေးပါလဲဆိုရင် ပြိုင်ပွဲဝင်တွေကို ရွေးချယ်တဲ့အချိန်မှာ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်ကတော့ ပရိသတ်တွေရဲ့ မဲပေး ရွေးချယ်ခွင့်နဲ့ပါ” လို့ Executive Producer ကိုအောင်ဖြိုးဝင်းက ပြောပါတယ်။

Myanmar Idol Season 4 ပြိုင်ပွဲကြီးရဲ့ အသံစစ်ဆေးမှုများကိုတော့ ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့များမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် Myanmar Idol Seson 4 ရဲ့ Winner ဆုရှင်ကတော့ ငွေကျပ် သိန်း ၅၀၀ ရရှိမှာဖြစ်ပြီး Moon Myanmar Media မှလည်း တကိုယ်တော် အယ်ဘမ် တချပ်ကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

TV Channel မှာတော့ စက်တင်ဘာလမှ စတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး Grand Final ပွဲကြီးကိုတော့ ဒီဇင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ Winner များအဖြစ် စောလားထော်ဝါး၊ သားငယ်၊ ဖြိုးမြတ်အောင်တို့က အသီးသီး ဆုမျာ းရရှိခဲ့ကြပြီး ဂီတလမ်းကြောင်းမှာလည်း အဆိုတော်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

You may also like these stories:

“Myanmar Idol မှာ အန်ကယ် မပါတော့ အန်ကယ့်ကို လွမ်းနေပါတယ်”လို့ တင်ဇာမော် ပြော

Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် ဒါရိုက်တာ အောင်ကိုလတ်

Myanmar Idol အဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို အရင်ထက်ပိုပြီး ကြိုးစားသင်ပေးမယ့် ထရေဇီ

“သီချင်းဆို ပြိုင်ပွဲတွေထဲမှာ Myanmar Idol က ပွဲအဆူဆုံးပြိုင်ပွဲ”လို့ ဖြူဖြူကျော်သိန်း ပြော

The post Myanmar Idol Season 4 အတွက် အကဲဖြတ်ဒိုင်တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ