Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇဝန”ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်

$
0
0

ဇာတ်ကားတွေ ရိုက်ကူးနေသလို တဖက်ကလည်း သက်ကြီးလူရွှင်တော်များကို တလတခါ မဲနှိုက်ရွေးချယ် လှူဒါန်းပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်က “ဇဝန” ဖောင်ဒေးရှင်းကနေ ဆင်းရဲ၊ ချမ်းသာ မခွဲခြားပဲ ကံကောင်းလို့ မဲပေါက်သူကိုသာ လှူဒါန်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ဇဝန ဖောင်ဒေရှင်းကနေ ၁ ရက်နေ့ဆို မဲနှိုက်ပြီး အလှူငွေ ပေးနေကြပါ။ အခုတော့ ၄ ယောက်မြောက် ပေးပြီးပြီ။ တလ တယောက်၊ တယောက်ကို ၁၂ သိန်း၊ ၁၃ သိန်းလောက်တော့ လှူနိုင်တယ်။ ကျနော်က မတည်ငွေ ၂ သိန်းနဲ့ ကျန်တဲ့ မိတ်ဆွေတွေနဲ့ ၁၂သိန်း၊ ၁၃ သိန်းကတော့ ပြည့်သွားတာပါပဲ”

“ကျနော်လည်း လူရွှင်တော် တယောက်ပဲ။ လူရွှင်တော်တွေ အသက်ကြီးလာတာနဲ့အမျှ အနားယူတဲ့အချိန်ကျတော့ ချို့တဲ့သူတွေ များတယ်။ ချမ်းသာတဲ့သူတွေလည်း ရှိပါတယ်။ ဖောင်ဒေးရှင်း လုပ်တဲ့အခါကျတော့ မခွဲထားဘူး။ ချို့တဲ့သူ၊ ချမ်းသာသူထဲမှာ ကံကောင်းတဲ့သူ မဲ ပေါက်ရင် ရမှာပေါ့”လို့ သရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ကတော့ သဘင်အလုပ်ကို တာဝန်ကျေကျေနဲ့ လုပ်ခဲ့ကြတဲ့ ပညာရှင်တွေအတွက် ဘဝအာမခံချက် လိုအပ်တယ်လို့ ဆိုပါတယ်။

“တချို့ လူရွှင်တော်ကြီးတွေက သဘင်အစည်းအရုံး ဝင်ထားကြတဲ့သူတွေလည်း ရှိသလို သဘင်အစည်းအရုံး မဝင်ထားတဲ့ သူတွေလည်း ရှိတယ်။ တချို့ သက်ကြီး လူရွှင်တော်တွေကလည်း သဘင်အစည်းအရုံးက ထောက်ပံ့နေတာ တွေ့ရသလို တချို့ သဘင်အစည်းအရုံးနဲ့ လက်လှမ်းဝေးပြီး အကူအညီ မရတဲ့သူတွေလည်း ရှိတယ်”

“သဘင်အလုပ်ကို တာဝန်ကျေကျေနဲ့ လုပ်ခဲ့ကြတဲ့ ပညာရှင်တွေ အသက်ကြီးလာတဲ့အခါ ပင်စင်ဆိုပြီး ရှိသင့်တယ်။ မိုးတွင်းကျရင် ဘာလုပ်ရမှန်း မသိ၊ ပွဲလေး ကရရင်တော့ အူစိုပေါ့။ မိုးတွင်းကျ စပေါ်လေး ယူထား၊ နွေကျ အကြွေးပြန်ဆပ်သလို ဖြစ်နေတာပေါ့။ သူတို့တွေအတွက် ဘဝ အာမခံချက်ဆိုတာ လိုတယ်”လို့ ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းဟာ အနှစ် ၂၀ ကျော် ရောက်ရှိ နေပါပြီ။ သူ့ကိုတော့ ဟာသ သရုပ်ဆောင် တယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ခင်လှိုင်ဟာ အခုလက်ရှိ အချိန်အထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ လူရွှင်တော်၊ သရုပ်ဆောင် တယောက် ဆိုရင်လည်း မမှားပါဘူး။

You may also like these stories:

မြင့်မြတ်ရဲ့ သားဦးလေးအတွက် ခင်လှိုင်ရဲ့ဆုတောင်းစကား

ပရိသတ်ရဲ့ယုံကြည်မှုရဖို့က အဓိကကျတယ်လို့ သရုပ်ဆောင်ခင်လှိုင် ပြော

သရုပ်ဆောင် မိုးဒီ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီဟု ဆို

The post “ဇဝန” ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)