Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင် မိုးဒီ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီဟု ဆို

$
0
0

ဟာသ သရုပ်ဆောင်၊ လူရွှင်တော် မိုးဒီဟာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ရုတ်တရက် အသက်ရှုကြပ် အမောဖောက်လာတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရပေမယ့် လက်ရှိမှာတော့ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ သိရပါတယ်။

“ဇွန် ၆ ရက်နေ့က ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း အသက်ရှုကြပ်၊ အမောဖောက်ပြီး ရှော့ခ်ဖြစ်လို့ နီးစပ်ရာ ဆေးရုံမှာ အောက်စီဂျင်တွေ ရှုလိုက်ပြီး နည်းနည်းသက်သာတော့ ပြန်ခဲ့တာ။ ရန်ကုန် ပြန်ရောက်နေပါပြီ။ ဆရာဝန်ကြီးတွေနဲ့လည်း ထပ်ပြရမှာပါ။ ခုလောလောဆယ်တော့ သက်သာသွားတယ်။ ဇာတ်ကား ရိုက်တာက လူပြောင်း ရိုက်ရမှာပေါ့။ လူ ချိန်းလိုက်ရတာပေါ့။ အဲ့ကားမှာ ပါတာ ဘုန်းကြီး အခန်းပေါ့။ ဘုန်းကြီး အခန်းကလည်း လူချိန်းမှ အဆင်ပြေမှာမို့ လူချိန်းလိုက်ရတယ်”လို့ သရုပ်ဆောင် မိုးဒီက ပြောပါတယ်။

သရုပ်ဆောင် မိုးဒီဟာ ပုပ္ပါးမှာ ဒါရိုက်တာ ဇော်မြင့်ဦးရိုက်ကူးတဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

“ဒါရိုက်တာကတော့ ရန်ကုန်မှာ ရိုက်တဲ့ ရက်ကျမှပဲ တခြားနေရာကနေ ပါနိုင်ရင် ပြန်ပါမယ်ပေါ့။ ရန်ကုန်က နည်းနည်း သက်သာသေးတယ်။ ဟိုမှာ အရမ်းပူတာ။ ပုပ္ပါး ဟိုဘက်မိုင် ၂၀ လောက် ဝေးသေးတယ်။ အခုတော့ နည်းနည်း သက်သာနေတယ်။ ကျနော့်ကို စိတ်ပူပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် မိုးဒီက ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် မိုးဒီကိုတော့ လူရွှင်တော် တယောက်အဖြစ် အငြိမ့်၊ ပြဇာတ်တွေကနေ ပရိသတ်တွေ စတင်သိရှိ အားပေးခဲ့ကြတာပါ။ အဲဒီနောက် မိုးဒီဟာ မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ မိုးဒီဟာ တီဗီကြော်ငြာများစွာမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင် မိုးဒီရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော် ရှိနေပါပြီ။ မိုးဒီဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပါတယ်။

You may also like these stories:

ဆေးရုံ အချိန်မီရောက်ခဲ့လို့ အသက်အန္တရာယ် မစိုးရိမ်ရတော့တဲ့ သရုပ်ဆောင် မေတ္တာ

“Lady Boy” ရုပ်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ကျော်ကျော်ဗို

“စီနီယာ သရုပ်ဆောင်တွေဆီက အတွေ့အကြုံတွေ အများကြီးရတယ်” လို့ ဆိုလာတဲ့ မေမြင့်မိုရ်

အသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့ သွင်းထားခဲ့တာလို့ သင်းသင်းပြော

The post သရုပ်ဆောင် မိုးဒီ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီဟု ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)