ပေါ့ပ်ဂီတရဲ့ပြယုဂ်လို့ ဆိုနိုင်တဲ့ အဆိုတော် မက်ဒေါနားဟာ နယူးယောက်ခ်တိုင်းမ် သတင်းက သူ့ကို စော်ကားသလို ခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီ သတင်းစာမှာ သူ့ကို “မက်ဒေါနားရဲ့ အသက် ၆၀ တန်း နှစ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးခဲ့တာကြောင့် ဒီလို ခံစားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ သူ့အသက်ကို အာရုံစိုက်လွန်းရာကျပြီး စော်ကားသလို ဖြစ်နေတယ်လို့ မက်ဒေါနားက ဆိုပါတယ်။
“ဒီသတင်းကို ရေးတဲ့ သတင်းထောက်က ကျမနဲ့ အချိန်တွေ အတူတူဖြုန်းဖူးရက်နဲ့ ဘာမှ အရေးမကြီးတဲ့ အသက်ကိစ္စကို တကယ် အလေးအနက်ထားပြီး ပြောတာမျိုးက ကျမကို စော်ကားနေသလိုပါပဲ။ ကျမက အမျိုးသမီးဖြစ်နေလို့ ဒီလို မေးရတာ ဖြစ်နိုင်ပါတယ်။ အမျိုးသားသာ ဖြစ်ကြည့်၊ ဒီလို အသက်မေးတာမျိုးတွေ ရှိမှာ မဟုတ်ဘူး”လို့ မက်ဒေါနားက သူ့ရဲ့ Instagram စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
စာရေးခဲ့တဲ့ သတင်းထောက်ကတော့ “အမျိုးသမီးတွေအနေနဲ့ တင်စားပြောဆိုတာမျိုးကို ဘာလို့ မသုံးချင်တာလဲဆိုတာ ကျနော် နားမလည်နိုင်ဘူး။ သိပ်ပြီး ပြန်ရှင်းပြစရာမ လိုပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အဆိုတော် မက်ဒေါနားဟာ မကြာသေးခင်က မိုက်ကယ်ဂျက်ဆင်က ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်တယ်ဆိုတာကို သက်သေ မပြနိုင်သေးသရွေ့ အပြစ်မရှိသူလို့ သတ်မှတ်နိုင်တယ်ဆိုပြီး ကာကွယ်ပေးခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရသူလည်း ဖြစ်ပါတယ်။
Ref: Bangkokpost
You May Also Like These Stories:
လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေကနေ မိုက်ကယ်ဂျက်ဆင်ကို ကာကွယ်ပေးလိုက်တဲ့ မက်ဒေါနား
လွတ်လပ်ခွင့်ကို အနှောင့်အယှက်မပေးကြဖို့ ပရိသတ်ကို Miley Cyrus သတိပေး
The post နယူးယောက်ခ်တိုင်းမ် သတင်းစာကို ရန်တွေ့လိုက်တဲ့ အဆိုတော် မက်ဒေါနား appeared first on ဧရာဝတီ.