Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျက်နှာဖုံးတွေအောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ကြတဲ့ Marvel ဇာတ်ကောင်များ

$
0
0

Marvel ရဲ့ရုပ်ရှင်ဇာတ်ကားတွေ အောင်မြင်တာနဲ့အမျှ ဇာတ်ကားတွေမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အောင်မြင်မှုဟာလည်း အများအပြားပါ။ အခုတခါမှာတော့ ဇာတ်ကောင်စရိုက် ပီပြင်အောင် မျက်နှာဖုံးတွေအောက်ကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ Marvel ဇာတ်ကောင်တချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) Thanos

Marvel ရဲ့ဗီလိန်ဇာတ်ကောင်များစွာထဲမှာ အဓိက ဗီလိန်တဦးဖြစ်တဲ့ Thanos နေရာမှာ မင်းသားကြီး Josh Brolin က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင် ကောင်းမွန်မှုကြောင့်လည်း Thanos ဇာတ်ကောင်ဟာ ပိုမိုပေါ်လွင် ပီပြင်လာတာဖြစ်ပြီး Thanos ဇာတ်ရုပ်အတွက် မိတ်ကပ်ပြင်ဆင်ရာမှာ သရုပ်ဆောင်ရဲ့ မျက်နှာသွင်ပြင်ပေါ် အခြေခံကာ လိမ်းခြယ်ခဲ့တာ ဖြစ်ပါတယ်။

(၂) Gamora

Gamora နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Zoe Saldana ကတော့ အက်ရှင် ဇာတ်ကားတွေ အရိုက်များသူ တဦးပါ။ သူမဟာ Avatar ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပြီး Gamora ဇာတ်ကောင်အတွက် တနေ့ကို ၅ နာရီခန့် အချိန်ယူကာ မိတ်ကပ် ပြင်ဆင်ခဲ့ရပါတယ်။

(၃) Nebula

Nebula အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Karen Gillan ကတော့ စကော့တလန် နိုင်ငံသူ မင်းသမီးချော တဦးပဲ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်တဲ့ Nebula ဇာတ်ကောင်ဟာ မိတ်ကပ်ပြင်ဆင်ရာမှာ အခက်ခဲဆုံး ကာရိုက်တာ တခုဖြစ်ပြီး ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ဆံပင်ရှည်တွေ ညှပ်ပစ်ခဲ့ရတဲ့အပြင် မိတ်ကပ်ပြင်ဆင်ဖို့ အချိန် ၄ နာရီကျော် ယူခဲ့ရပါတယ်။

(၄) Mantis

Guardians of the Galaxy Vol.2 မှာ Mantis အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူကတော့ ပြင်သစ်မင်းသမီးချော Poom Klementieff ပဲ ဖြစ်ပါတယ်။ အင်းဆက်တကောင်ရဲ့ ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ သူမဟာ ချောမောလှပတဲ့ သူမရဲ့ ရုပ်ရည် ပျောက်ကွယ်သွားတဲ့အထိ မိတ်ကပ်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

(၅) Yondu Udona

Guardians of the Galaxy (2014) မှာ Yondu အဖြစ် သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး Michael Rooker ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာအတွက် မင်းသားကြီးဟာ မိတ်ကပ်ကို အလွှာ ၆ လွှာခန့်ထိ လိမ်းခြယ်ခဲ့ရပြီး မျက်ကပ်မှန် အနီတွေ တပ်၊ သက်သောင့်သက်သာ မရှိတဲ့ သွားအတုတွေ တပ်ကာ ဇာတ်ရုပ် ပီပြင်အောင် ပြင်ဆင်ခဲ့ရပါတယ်။

You may also like these stories:

Iron Man ကို ပြန်အသက်သွင်းပေးရန် Marvel ပရိသတ်များ တောင်းဆို

Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”

“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.

အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်

The post မျက်နှာဖုံးတွေအောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ကြတဲ့ Marvel ဇာတ်ကောင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)